ကမ္ဘာကျော်​အမေ​ရိ​ကန် အဆိုတော်​စုံ​တွဲ ဘီ​ယွန်​စေး​နှင့် ဂျေး​ဇီး​တို့​သည် ကိုယ်​ပိုင်​လေ​ယာဉ် ဖြင့် ပုဂံ​သို့ နေ့ချင်း​ပြန်​ခရီး​အဖြစ် ဒီဇင်ဘာ ၃​၀ ရက်​က လာ ရောက်​လည်ပတ်​ခဲ့​သည်။

ညောင်​ဦး​လေ​ဆိပ်​သို့ နေ့ လယ် ၁ နာရီ​ခွဲ​တွင် ရောက်​ရှိ​ခဲ့​ပြီး ၎င်း​တို့​နှင့်​အတူ အမျိုးသမီး​လေး ဦး​နှင့် အမျိုးသား​တစ်​ဦး​ပါဝင်​ကာ ICS ခရီးသွား​ကုမ္ပဏီ​အစီ​အစဉ် ဖြင့် လာ​ရောက်​လည်ပတ်​ခြင်း ဖြစ်​သည်။ ညောင်​ဦး​လေ​ဆိပ်​မှ​တစ် ဆင့် အပယ်​ရတနာ​ဘုရား​သို့ သွား​ရောက်​လည်ပတ်​ခဲ့​ပြီး ထို​မှ တစ်​ဆင့် စက်ဘီး​များ​စီး​၍ မြင်းက ပါ​ရွာ​ကို​ဖြတ်​ကာ ရွှေ​ဆံတော်​ဘုရား​သို့ သွား​ရောက်​လေ့​လာ​ခဲ့​သည်။

ထို့နောက် စက်ဘီး​များ​စီး ကာ ဓမ္မ​ရံ​ကြီး​ဘုရား​နှင့် အာနန္ဒာ ဘုရား​များ​သို့ သွား​ရောက်​ခဲ့​ပြီး အာနန္ဒာ​ဘုရား​မှ​တစ်​ဆင့် ထီး​လို မင်း​လို​ဘုရား​သို့ ကား​ဖြင့်​သွား ရောက်​လည်ပတ်​ခဲ့​ကြောင်း အတူ လိုက်​ပါ​ကူညီ​ခဲ့​သော ကမ္ဘာ​လှည့်​ခရီးသွား​ရဲ​တစ်​ဦး​က ပြော​သည်။

‘‘သူ​တို့​ကို ထီး​လို​မင်း​လို​ဘု ရား​မှာ​တွေ့​လိုက်​တယ်။ အစ်​ကို့ ဧည့်သည်​က အမေ​ရိ​ကန်​တွေ​ဆို တော့ သူ​တို့​ကို ဓာတ်​ပုံ​လှမ်း​ရိုက် တော့ သူ​တို့​က မ​ရိုက်​ဖို့​တား တယ်။ သူ​တို့​လာ​တာ​ကို မ​သိ​စေ ချင်​ဘူး​ထင်​တယ်’’ဟု ပုဂံ​ဒေသ​၏ ဝါ​ရင့်​ဧည့်​လမ်း​ညွှန် ဦးဇော်​ဝင်း​ချို က ပြော​သည်။

ညနေ ၅ နာရီ​တွင် ညောင်​ဦး လေ​ဆိပ်​မှ ထိုင်း​နိုင်ငံ ဖူး​ခက်​သို့ တိုက်ရိုက်​ပြန်သွား​ကြောင်း ယင်း ခရီး​စဉ်​တွင် လိုက်​ပါ​ခဲ့​သူ​တစ်​ဦး က ပြော​သည်။

‘‘၁​၀ နာရီ​လောက်​က​ဖြစ် မယ်​ထင်​တယ်။ Special Flight နဲ့ လာ​တာ​ထင်​တယ်။ သူ​တို့​က လေ​ယာဉ်ပေါ်​ကတောင် မ​ဆင်း​ဘူး။ လက်​တော့​ပြ​သွား​တယ်။ ပုဂံ​ကို ဆက်​သွား​မယ်​ဆို​တာ​ကို​ပဲ သိ တယ်’’ဟု မြန်​မာ့​လေ​ကြောင်း လိုင်း​ခရီးသည်​ဝန်​ဆောင်​မှု​ဌာန​မှ ဝန်​ထမ်း​တစ်​ဦး​က ပြော​သည်။

ကမ္ဘာကျော် ရက်ပ်​အဆို တော် ဂျေး​ဇီး နှင့် ပေါ့ပ်​အဆိုတော်​ဘီ​ယွန်​စေး တို့​သည် ခ​ရစ္စ​မတ်​နေ့ မ​တိုင်​မီ​ကတည်းက ထိုင်း​နိုင်ငံ​ဖူး ခက်​သို့ အလည်​အပတ်​ခရီး ရောက်​ရှိ နေ​ခဲ့​ပြီး ထို​မှ​တစ်​ဆင့် မြန်မာ​နိုင်ငံ သို့ လာ​ရောက်​ခဲ့​ခြင်း ဖြစ်​သည်။

၎င်း​တို့​သည် ထိုင်း​နိုင်ငံ​နှင့် အာ​ရှ​နိုင်ငံ​များ​တွင် ဇန်နဝါရီ ၄ အထိ​ရှိ​နေ​နိုင်​ကြောင်း ဘန်​ကောက်​ပို့စ်​သ​တင်း​တစ်​ပုဒ်​တွင် ဖော်​ပြ​ထား​သည်။

ကမ္ဘာကျော် ပေါ့ပ်​အဆိုတော် ဘီ​ယွန်​စေး​၏ Singlr Ladies,Halo, Crazy In Love သီချင်း​များ သည် ၎င်း​၏ အောင်မြင်​သော သီ ချင်း​များ​ဖြစ်​ပြီး မြန်မာ​ပရိသတ် များ​လည်း အကြိုက်​တွေ့​ခဲ့​သည်။

၂​၀⁠၀​၁ မှ ၂​၀​၁​၄ အထိ ဂ​ရမ်​မီ​ဆု​တံဆိပ်​ပေါင်း ၁​၇ ဆု​ရ​ရှိ​ခဲ့​သူ ဖြစ်​သည်။ ၎င်း​တို့​နှစ်​ဦး​သည် ၂​၀⁠၀​၈ တွင် လက်ထပ်​ပြီး BlueIvy Carter အမည်​ရှိ သမီး တစ်​ဦး​ကို ၂​၀​၁​၂ က မွေး​ဖွား​ခဲ့​သည်။ ကမ္ဘာကျော် ရက်ပ်​အဆိုတော် ဂျေး​ဇီး​သည် Can I Get A, Wishing On A Star, The City Is Mine အစ​ရှိ​သော သီချင်း​များ​ဖြင့် အောင်မြင်​ခဲ့​ပြီး ၁​၉⁠၉​၉ မှ ၂​၀​၁​၄ အထိ ဂ​ရမ်​မီ ဆု​တံဆိပ်​ပေါင်း ၁​၉ ဆု​အထိ ရ​ရှိ ထား​သူ ဖြစ်​သည်။

Credit to 7Day Daily