“ကမ္ဘာ့​တန်​ကြေး​အမြင့်​ဆုံး ဂီ​တ​ပညာ​ရှင်​များ” နှစ်စဉ်​စာရင်း​တစ်​ရပ်​ကို Forbes မဂ္ဂဇင်း​က ထုတ်​ပြန်​လိုက်​ပါ​ပြီ။ အဲ့​ဒီ့ နှစ်စဉ်​စာရင်း​မှာ နံပါတ် တစ် ရပ်​တည်​နေ​သူ​ကတော့ ဟစ်ပ်​ဟော့ပ်​ဂီ​တ​ပညာ​ရှင် Dr. Dre ပဲ​ဖြစ်​ပါ​တယ်။ အဓိက အကြောင်းရင်း​ကတော့ Dr. Dreရဲ့ Beat Electronics နဲ့ Apple တို့​အကြား​က မဟာ​သဘောတူ​ညီ​ချက်​ကြီး ကြောင့်​ပါ​ပဲ။ Beat Electronics ကို Apple က ကန်ဒေါ်​လာ ၃ သန်း​ပေး​၍ ဝယ်​ယူခဲ့​မှု​က Dr. Dre ကို နံပါတ် တစ် အဖြစ်​ရပ်​တည်​စေ​နိုင်​ခဲ့​တာ​ပါ။ ယခု​နှစ်​အတွက် Dr. Dreဟာ အခွန်​မ​ဆောင်​ခင် ရလဒ်​ငွေ​ပမာဏ​အနေ​ဖြင့် ကန်ဒေါ်​လာ သန်း​၆​၂​၀ ရ​ရှိ​ခဲ့​ပြီး ဒါ​ဟာ ဧရာ​မ​ကိန်း​ဂဏန်း​တစ်​ခု​ဖြစ်​ခဲ့​ပါ​တယ်။ ၁⁠၁​၅​သန်း​မှ သန်း ၅​၀​၀ အတွင်း​ရှာဖွေ​နိုင်​သူ စာရင်း​တွင် Beyonce’ ပါရှိ​ခဲ့​ပြီး သူမ​ဟာ ဒုတိယ​နေရာ​မှာ ရပ်​တည်​နိုင်​ခဲ့​ပါ​တယ်။

စင်​တင်​ရှိုးဖျော်​ဖြေ​ခြင်း၊ အသံ​သွင်း​ဓာတ်​ပြား ထုတ်​လုပ်​ခြင်း၊ ပုံနှိပ်​ထုတ်​ဝေ​ခြင်း၊ ကုန်​ပစ္စည်း​ထုတ်​လုပ်​ရောင်းချ​ခြင်း နှင့် အခြား​သော စီးပွား​ရေး​လုပ်​ငန်း​များ က​နေ ရ​ရှိ​တဲ့ ဝင်​ငွေပေါ်​အခြေ​ခံ စဉ်းစား​ပြီး အဆင့်​ပေး​သတ်​မှတ်ချက် ပြုလုပ်​ခဲ့​တာ ဖြစ်​ပါ​တယ်။ ၂​၀​၁​၃​ခု​နှစ် ဇွန်​လ​က​စ​လို့ ၂​၀​၁​၄​ခု​နှစ် ဇွန်​လ​အတွင်း​ရ​တဲ့ ဝင်ငွေ​တွေ​ကို တွက်ချက်​ခဲ့​ကြ​တာ​ပါ။

ယခု​နှစ်​အစော​ပိုင်း​ကာလ​က​လည်း Dr. Dre ဟာ “ဟစ်ပ်​ဟော့ပ်​လောက​၏ ပထမ​ဦး​ဆုံး​သော သန်း​ထောင်​ချီ​ချမ်းသာ​သူ”ဟု ထုတ်ဖော်​ကြေညာ​ခြင်း ခံ​ခဲ့​ရ​ပါ​တယ်။ Puffy Daddy နှင့် Jay Z တို့​က ဒေါ်လာ​သန်း​ခြောက်​ဆယ် ကိုယ်စီ​ဖြင့် နံပါတ် ၁​၂ နေရာ​တွင်​လည်းကောင်း၊ Rihanna က ဒေါ်လာ ၄​၈​သန်း​ဖြင့် နံပါတ် ၁​၈​နေရာ​တွင်​လည်းကောင်း၊ Drake က ဒေါ်လာ ၃⁠၃​ဖြင့် နံပါတ် ၃​၃ နေရာ​တွင်​လည်းကောင်း အသီး​သီး ရပ်​တည်​နိုင်​ခဲ့​ကြ​တယ်​လို့ သိ​ရ​ပါ​တယ်။

Credit to Trend Myanmar