အိမ်ထောင်​ရှိ အမျိုးသား​နဲ့ ဖေါက်​ပြန်​တဲ့ အမျိုးသမီး​တစ်​ဦး​ကို နေ​ခင်း​ကြောင်တောင် ဖြတ်​သွား​ဖြတ်​လာ လူ​တွေ​ရှေ့​မှာ​ပဲ မြင်သာ​အောင် ရိုင်းစိုင်း​စွာ ရိုက်​နှက်​နေ​ကြ​တဲ့ မြင်​ကွင်း​မှာ အံ့​အား​မှင်​သက်​ဖြစ်​ရ​တဲ့ အခိုက်အတန့်​ပါ​ပဲ။

ဒါ​တရုတ်​ပြည်​မ​မှာ ဖြစ်ပွား​ခဲ့​တဲ့ တိုင်​ခိုက်​မှု​နောက်ဆုံး​ဖြစ်​ရပ်​တစ်​ခု​ပဲ ဖြစ်​ပါ​တယ်။ ဒါ့​အပြင် ပြီး​ခဲ့​တဲ့​တစ်​လ​က ကိုယ်​တစ်​ပိုင်း​လောက်​သာ အဝတ်​အစား ဝတ်ဆင်​ယင်​ထား​တဲ့ အမျိုးသမီး​တစ်​ဦး​ကို​လည်း ခု​လို​ပဲ ဝိုင်းဝန်း​ရိုက်​နှက်​ချခဲ့​ကြ​တယ်​ဆို​တဲ့ သ​တင်း​ထွက်ပေါ်​ခဲ့​ပါ​သေး​တယ်။

“ဒီ​လို​အသေး​ဖွဲ​ဖြစ်​ရပ်​တွေ​ကို လျစ်လျူရှု​ထား​ရ​တယ်။ ဘာ​ကြောင့်​လဲဆို​တော့ ချစ်​သူ​တွေ​ကြား လိမ်လည်​လှည့်​ဖျား​ကြ​ရင် ခု​လို​အိမ်ထောင်​ရှိ​ပြီး​သား​သူ​နဲ့ ဖောက်​ပြန်​သူ ရိုက်​နှက်​ခံ​ရ​တာ ဖြစ်​သင့်​ပါ​တယ်​ဆို​တဲ့ အယူ​အဆ​ကို လက်ခံ​ထား​မှု​တစ်​ခု​ဖြစ်​တာ​ကြောင့်​ပါ” လို့ ဒေသ​ခံ​တွေ​က ပြော​ပါ​တယ်။

လတ်​တ​လော အဖြစ်​အများ​ဆုံး ဒီ​ကိစ္စ​ရပ်​မှာ စွပ်စွဲ​ခံ​ရ​သူ အသက် ၃​၈ နှစ် လင်​ကျောက်​လီ​ဟာ သူ အရှေ့​တရုတ်​ပြည်​မ​ရဲ့ ဟင်​နန်​ခ​ရိုင် ပို​ရန် ဈေးဆိုင်​က​နေ လမ်း​လျောက်​အပြန်​မှာ အမျိုးသမီး​လေး​ယောက်​ရဲ့ ချုံ​ခို​တိုက်ခိုက်​ခံ​ခဲ့​ရ​တာ​ပါ။

မြေ​ပြင်ပေါ်​ကို​လဲကျ​အောင် လက်သီး​နဲ့ ထိုး​ကြိတ်​ကန်​ကျောက်​ပြီး နာကျင်​မှု​အပြင်း​အထန်​ခံ​နေ​ရ​စဉ် တိုက်ခိုက်​သူ​တို့​က သူမ​ကိုယ်ပေါ်​က အဝတ်​အစား​တွေ​ကို​ဆွဲ​ဖြဲ​ကာ ဆံပင်​ကို​ဆွဲ ရင်သား​နှစ်​စုံ​နဲ့ ဆီး​ခုံ​ကို နင်း​ချေ​ကန်​ခဲ့​ကြ​ပါ​တယ်။

ဒီ​စက်​ဆုတ်​ရွံရှာ​ဖွယ်​ကောင်း​တဲ့ တိုက်ခိုက်​မှု​ကို လင်​ကျောက်​လီ နဲ့ ဖေါက်​ပြန်​ခဲ့​တဲ့​ယောက်ျား​ရဲ့ ဇနီး​နဲ့ သူမ​ရဲ့ သူငယ်ချင်း​သုံး​ယောက်​က လုပ်​ခဲ့​တာ​လို့ ပြည်​တွင်း​သ​တင်း​တွေ​က ဖော်​ပြ​ထား​ပါ​တယ်။

ဒီ​လို​ဖြစ်​ရပ်​တွေ​ဟာ ပုံ​မှန်​ဖြစ်​နေကျ​ကိစ္စ​တစ်​ခု​လို ဖြစ်လာ​တာ​ကြောင့် လူ​တွေ​က နိုင်​ထက်​စီးနင်း​ပြု​သူ​ဖြစ်​စေ၊ အကာ​ကွယ်​မဲ့ တရားခံ​ဖြစ်​စေ ကူညီ​ဖို့ စိတ်ကူး​ထဲ​တောင် မ​ထည့်​ကြ​ပါ​ဘူး။

သူမ မြေ​ကြီးပေါ်​လဲကျ​နေ​တာ​တွေ့​ရှိ​ပြီး​တဲ့​နောက် အဲ​ဒီ​အမျိုးသမီး​ကို ကူညီ​ခဲ့​တဲ့ ဒေသ​ခံ​တစ်​ဦး​ဖြစ်​သူ ဇွန်​ဖန်းဂ် အသက် (၃​၀) က ပြည်​တွင်း​ရုပ်​မြင်​သံ​ကြား​ဌာန​ကို … ဒီ​လို​ကိစ္စ​မျိုး​က အတော်​လေး​ကို ဖြစ်​ရိုး​ဖြစ်​စဉ်​လို​ဖြစ်လာ​ပါ​တယ်​လို့ ပြော​ပြ​ပါ​တယ်။

ဒေါသ​တွေ​ထန်​နေ​တဲ့ ဇနီး​သည်​နဲ့ အပေါင်း​အပါ​တွေ​က သူ​တို့​ကို လိမ်​လည့်​ဖြား​နေ​တဲ့ အမျိုးသား​တွေ​ကို ခု​လို​သူ​တို့​နဲ့ ဖောက်​ပြန်​ကြ​တဲ့ တခြား​အမျိုးသမီး​တွေ​အား တိုက်ခိုက်​ခြင်း​မျိုး​နဲ့ လက်စားချေ​ကြ​တယ်။

ဒါ​ကို နှလုံးသား​ရေး​တစ်​ခု​အနေ​နဲ့ မြင်​ထား​ကြ​တဲ့​အတွက် ဒီ​လို​ကိစ္စ​မျိုး​မှာ လူ​တွေ ဝင်​ပါ​လေ့​မ​ရှိ​ကြ​ဘူး။ နောက်​ပိုင်း​မှာ​တော့ ရ​ရှိ​ထား​တဲ့ ထိခိုက်​ဒဏ်ရာ​နဲ့ ပွန်း​ပဲ့​မှု​တွေ​ကို ကု​သ​ဖို့ အဲ့​ဒီ​အမျိုးသမီး​ကို ဆေး​ရုံ​တင်​လိုက်​ပါ​တယ်။

Credit Trend Myanmar