ပရဟိတ​ကာ​ချုပ်​ကြီး​အဖြစ် လူ​မှု​ရေး​လုပ်​ငန်း​တွေ​ကြား​က ၈​နှစ်​ကြာ​ဝေးကွာ​ခဲ့​ရ​တဲ့ ရုပ်​ရှင်​မင်းသား​ဘဝ အကယ်​ဒ​မီကျော်​သူ ဘာ့​ကြောင့် ပြန်​ရောက်လာ​တာ​လဲ။ အနု​ပညာ​နဲ့ ပြည်​သူ​ကို​ကျေးဇူးဆပ်​ချင်​တဲ့ ရည်​ရွယ်​ချက်​နဲ့ ပရော်​ဖက်​ဆာ ဒေါက်​တာ​ဆိတ်ဖွား​ဇာတ်​ရုပ်​နဲ့ ရုပ်​ရှင်​လောက​ကို ပြန်​ခြေ​ချ​တဲ့ မင်း​သားကျော်​သူ ဆိတ်ဖွား​နဲ့​ပြည်​သူ​ကြား နီးစပ်​အောင် လုပ်​ပေး​မှာ​လား။

၂​ဝ⁠ဝ​၇ ရွှေ​ဝါ​ရောင်​လှုပ်ရှား​မှု​က​စ​လို့ အနု​ပညာ​လုပ်ကိုင်​ခွင့် ပိတ်​ပင်​ခံ​ခဲ့​ရ​တဲ့ အကယ်​ဒ​မီကျော်​သူ​ဟာ ထုတ်​လုပ်​သူ​အများ​စု​ရဲ့ ကမ်းလှမ်း​မှု​တွေ​ကို ငြင်းပယ်​ခဲ့​ပေ​မယ့် ပရော်​ဖက်​ဆာ ဒေါက်​တာ​ဆိတ်ဖွား​ဇာတ်​လမ်း ရိုက်​ကူး​ရေး​အတွက် ကမ်းလှမ်း​လာ​ချိန်​မှာ​တော့ ဆရာ​ကြီး​ဦး​သုခ​လို့ ပရဟိတ​လုပ်​ရင်း အနု​ပညာ​နဲ့​ပြည်​သူ​ကို ကျေးဇူးဆပ်​ဖို့ ပြန်လည်​ခြေ​ချ​တာ​ပါ​လို့ ကမာ​ရွတ်​မီ​ဒီ​ယာ​ကို သီး​သန့်​ပြော​ပြ​ပါ​တယ်။

မင်း​သိင်္ခ​ရဲ့ ပရော်​ဖက်​ဆာ ဒေါက်​တာ​ဆိတ်ဖွား​ဟာ ကို​လို​နီ​ခေတ်​နောက်​ခံ​ဇာတ်​လမ်း​ဖြစ်​ပေ​မယ့် ဒီ​က​နေ့​အထိ ဒေါက်​တာ​ဆိတ်ဖွား​ရဲ့​စကား​နဲ့ ဒ​ဿ​နာ​တွေ​က အံ​ဝင်​ခွင်​ကျ​ရှိ​သ​လို တွဲ​ဖက်​သရုပ်ဆောင်​ရ​မယ့်​သူ​တွေ​က​လည်း အရင်​က​အတွဲ​ညီ​ခဲ့​တဲ့ ညီ​အစ်ကို​တွေ​မို့ အနု​ပညာ​ကို​ပြ​ခွင့်​ရ​မယ့်​ဇာတ်​ကား​ပါ​လို့ ဆို​ပါ​တယ်။

ပရော်​ဖက်​ဆာ​ဒေါက်​တာ​ဆိတ်ဖွား​ကို လွန်​ခဲ့​တဲ့ ၁​၅​နှစ်​က ဗီ​ဒီ​ယို​အဖြစ်​ရိုက်​ကူး​ခဲ့​ဖူး​ပေ​မယ့် အခု​ခေတ်​နဲ့ အံ​ဝင်​အောင် သရုပ်ဆောင်​တွေ​ကို​လည်း သေသေချာချာ​ရွေးချယ်​ထား​သ​လို ရိုက်​ကူး​ရေး​အပိုင်း​မှာ​လည်း အချိန်​တစ်​လ​ယူ​မယ်​လို့ ဒါ​ရိုက်​တာ​ခင်​စော​မျိုး​က ပြော​ပါ​တယ်။ ဒီ​နှစ် နိုဝင်ဘာ​နဲ့ ဒီဇင်ဘာ​မှာ ရုံ​တင်ပြ​နိုင်​အောင် ကြိုးစား​သွား​မယ်​လို့​လည်း ဆို​ပါ​တယ်။

ဒေါက်​တာ​ဆိတ်ဖွား​ဇာတ်​ကား​မှာ ကျော်​သူ၊ ရန်​အောင်၊ ရဲ​အောင်။ မင်း​ဦး​နဲ့​အတူ မေ​မြတ်နိုး။ မေ​ပန်းချီ​နဲ့ စံ​ရ​တီ​မိုး​မြင့်​တို့ ပါဝင်​သရုပ်ဆောင်​ထား​ကြ​ပါ​တယ်။ မင်း​သိင်္ခ​ရဲ့​ဝတ္ထု​ကို ပြန်လည်​ပုံဖော်​ရ​တဲ့​အကြောင်း​က အဓိက​ဇာတ်​ကောင်​ဖြစ်​တဲ့ ဒေါက်​တာ​ဆိတ်ဖွား​နေရာ​မှာ ကျော်​သူ​ကိုယ်တိုင် သရုပ်ဆောင်​ဖို့​လက်ခံ​လိုက်​တာ​ကြောင့်​ဖြစ်​တယ်​လို့ လပ်​ကီး​ဆဲ​ဗင်း​ထုတ်​လုပ်​ရေး​က ကို​အုန်း​ဝင်း​က ပြော​ပါ​တယ်။ ဒီ​က​နေ့​ခေတ်​ကား​တွေ​ထက် ပို​ပြီး​ကုန်ကျ​စား​ရိတ်​များ​မယ်​လို့ ဆို​ပါ​တယ်။

အနု​ပညာ​နယ်ပယ်​မှာ ၈​နှစ်​လောက်​ပျောက်​နေ​ပြီး ပရဟိတ​လုပ်​ငန်း​တွေ​ထဲ အချိန်​ပြည့်​ပေး​ထား​တဲ့ ကိုကျော်​သူ​နဲ့ ပြန်လည်​တွဲ​ဖက်​ခွင့်​ရ​တာ​မို့ ဝမ်းသာ​တယ်​လို့ ဆို​သူ​က အကယ်​ဒ​မီ​များ​ရှင် ရန်​အောင်​ပါ။

Credit to Kamayut Media