မြို့​အသစ်​တစ်​ခု​ကို အကြောင်း​အမျိုး​မျိုး​ကြောင်း ပြောင်းရွှေ့​လိုက်​ရ​တယ်​ဆို​ပါ​စို့။ ကိုယ်​နဲ့​တွဲ​သွား​တွဲ​လာ၊ တိုင်​ပင်ဖော် တိုင်ပင်​ဖက် အဲ့​ဒီ​မြို့​လေး​က သူငယ်ချင်း​သစ်​တွေ လို​လာ​ပြီ​ပေါ့။ ဒီ​တော့ သူငယ်ချင်း​သစ်​ရ​နိုင်​တဲ့ နည်း​တစ်​ချို့​ကို အကြံပေး​လိုက်​ပါ​ရ​စေ။

၁။ကိုယ်​နှစ်သက်​တဲ့ ကစား​ပွဲ၊ ပြိုင်​ပွဲ​မှာ မြို့​နယ်​အသင်း၊ ကိုယ့်​ကျာင်း​အသင်း​ကို အားပေး​ပါ။

ကိုယ်​က ဘော​လုံး​ပွဲ​နှစ်ခြိုက်​သူ​လား၊ ဘော်​လီ​ဘော​ပွဲ ကြည့်​လေ့​ရှိ​သူ​လား၊ ဒါ​မှ​မဟုတ် တစ်​ခြား ကြက်တောင်​ရိုက်​အား​ကစား​ပွဲ​တွေ​ကို လက်လွတ်​မ​ခံ​တတ်​သူ​လား။ ဘယ်​လို​ပဲ​ဖြစ်​ဖြစ် သင်​ပြောင်းရွှေ့​လာ​တဲ့ မြို့​ကိုယ်စား​ပြု ဝင်​ပြိုင်​တဲ့ အသင်း​တစ်​ခု⁠ခု​ကို အားပေး​ဖို့ အား​ကစား​ရုံ​ကို သွား​လိုက်​ပါ။ ကိုယ်​က​ကျောင်း​တက်​နေ​သူ​ဆို​ရင်​လည်း ကိုယ့်​ကျောင်း​ကိုယ်စား​ပြု အသင်း​ကို အားပေး​လိုက်​ပါ။ ဒီ​လို​အချိန်​မှာ ကိုယ့်​ဘေး​က ကိုယ်​နဲ့​အတူ စိတ်​တူ​ကိုယ်​တူ ကိုယ့်​မြို့​နယ်​ကို အားပေး​နေ​တဲ့၊ ကိုယ့်​ကျောင်း​အတွက် အားပေး​နေ​တဲ့ သူငယ်ချင်း​မျိုး ရ​ဖို့​လွယ်​ပါ​တယ်။ နောက်​ပိုင်း အား​ကစား​ပွဲ​တွေ မဟုတ်​တော့​ပဲ အပြင်​မှာ​ပါ ရင်းနှီး​လာ​မယ်​ဆို​တာ မ​ယုံ​မ​ရှိ​ပါ​နဲ့။

၂။ပါ​တီ​ပွဲ၊ ဒင်​နာ​ပွဲ စ​တဲ့ အဖိတ်​ခံထား​ရ​တဲ့ ပွဲ​မျိုး​တွေ သွား​ပါ။

ကိုယ်​က အေး​ဆေး​နေ​တတ်​သူ​ပဲ​ဖြစ်​ဖြစ် တစ်​ခါ​တစ်​လေ​တော့ ည​လုံး​ပေါက် သောင်းကျန်း​တတ်​တဲ့ သူငယ်ချင်း​မျိုး​ကတော့ လို​တာ​ပါ​ပဲ။ ဒီ​လို​သူငယ်ချင်း​မျိုး​ကို ရှာ​ချင်​တယ်​ဆို​ရင်​တော့ ဒင်​နာ​ပါ​တီ​ပွဲ​တွေ​မှာ၊ မွေး​နေ့​ပွဲ​တွေ​မှာ​ပဲ ရှိ​လို့​တွေ့​မှာ​ပါ။ ဒီ​လို​ပွဲ​မျိုး​မှာ မိတ်ဖွဲ့​ဖို့​လည်း လွယ်ကူ​ပါ​တယ်။ ဘယ်​ကျောင်း​က​လဲ၊ ဘယ်​မှာ​နေ​တာ​လဲ စ​တာ​လေး​တွေ မေး​ပြီး သူငယ်ချင်း​ဖြစ်​နိုင်​ပါ​တယ်။

၃။ကိုယ်​လက်​လေ့ကျင့်​ခန်း​လုပ်​နိုင်​တဲ့ သင်​တန်း​မျိုး၊ GYM စ​တဲ့​နေရာ​တွေ သွား​ပါ။

အိမ်​မှာ​ပဲ ကိုယ်​လက်​လေ့ကျင့်​ခန်း​လုပ်​မယ့်​အစား သင်​တန်း​တစ်​ခု⁠ခု​သွား​တာ​မျိုး၊ GYM သွား​ဆော့​တာ​မျိုး​က သင့်​အတွက် မိတ်ဆွေ​တိုး​စေ​မှာ သေချာ​စေ​တဲ့​အရာ​ပေါ့။ သင်​တန်း​ပြီး​သွား​ရင်​လည်း သူငယ်ချင်း​နဲ့ အပြင်​သွား​ပြီး ကျန်းမာ​ရေး​နဲ့ ညီညွတ်​တဲ့ smoothie လေး​သောက်၊ သူငယ်ချင်း​လည်း​ရ၊ အဆီ​လည်း​ကျ ဘယ်လောက်​မိုက်​သလဲ။

၄။ကိုယ်​ကြိုက်​တဲ့ ရှိုး​ပွဲ၊ ဖျော်ဖြေ​ပွဲ​တစ်​ခု⁠ခု​သွား​ပါ။

ကိုယ်​နှစ်သက်​တဲ့ ဂီ​တ​အမျိုး​အစား​တစ်​ခု​ခု၊ ဒါ​မှ​မဟုတ် ကိုယ်​ကြိုက်​တဲ့ band တစ်​ခု⁠ခု​ရဲ့ ဖျော်ဖြေ​ပွဲ​သွား​တဲ့​အခါ သင့်​ဘေး​နား​က လူ​တွေ​အားလုံး​က​လည်း ဒီ​အဖွဲ့၊ ဒီ​အဆိုတော်​ကို ကြိုက်​လို့​ပဲ ရောက်လာ​ကြ​တယ်​ဆို​တာ စဉ်းစား​ကြည့်​စရာ​တောင် မ​လို​ပါ​ဘူး။ ကိုယ်​နဲ့ အကြိုက်​တူ​တဲ့ လူ​တွေ​နဲ့ သူငယ်ချင်း​ဖြစ်​ရ​တာ​လောက် ကောင်း​တဲ့​အရာရှိ​နိုင်​ဦး​မ​လား။

၅။လုပ်​ငန်း​ခွင်​က သူငယ်ချင်း​တွေ​နဲ့ အပြင်​ထွက်​ဖို့ မ​တွန့်​ဆုတ်​ပါ​နဲ့။

လုပ်​ငန်း​ခွင်​ဘဝ​နဲ့ အပြင် လူ​မှု​ဆက်ဆံ​ရေး​ဘဝ​ကို ပေါင်း​စပ်​လိုက်​ဖို့ ကြောက်​ရွံ​စရာ​မ​လို​ပါ​ဘူး။ ကိုယ့်​လုပ်​ငန်း​ခွင်​က လူ​တွေ​နဲ့ အပြင်​မှာ​ပါ သူငယ်ချင်း​ဖြစ်​ပြီ၊ မိတ်ဆွေ​ဖြစ်​ပြီ​ဆို​ရင် လုပ်​ငန်း​ခွင်​မှာ​လည်း အရင်​ထက် ပို​မိုပျော်​ရွှင်​လာ​ပါ​လိမ့် မယ်။ ရုံး​ချိန်​အတွင်း ရုံး​အလုပ်​လုပ်​ရ​တယ်​ဆို​ပေ​မယ့် ရုံး​ချိန်ကျော်​လွန်သွား​တဲ့​အခါ တစ်​နေရာ​ရာ​သွား​ကြ၊ စား​ကြ၊ သောက်​ကြ​နဲ့ ပျော်​စရာ ဘယ်လောက်​ကောင်း​သလဲ။

Credit to Trend Myanmar