အမေ​ရိ​ကန် သရုပ်ဆောင်​မင်းသား လီ​ယို​နာ​ဒို ဒီ​ကပ်​ပ​ရီ​ယို​သည် The Crowded Room ရုပ်​ရှင်​ဇာတ်​ကား​တွင် ကိုယ် ရည်​ကိုယ်​သွေး ၂​၄ မျိုးရှိ သူ​အဖြစ် သရုပ်ဆောင်​မည်​ဖြစ် သည်။

လီ​ယို​နာ​ဒို​၏ ရုပ်​ရှင်​ထုတ် လုပ်​ရေး​ကုမ္ပဏီ Appian Way နှင့် လော့စ်​အန်​ဂျ​လိစ်​မြို့ အခြေ စိုက် New Regency ရုပ်​ရှင်​ထုတ် လုပ်​ရေး​ကုမ္ပဏီ​တို့​ပူးပေါင်း​၍ ယင်း​ဇာတ်​ကား​ကို ထုတ်​လုပ် မည်​ဖြစ်​သည်။

The Crowded Room ရုပ် ရှင်​ဇာတ်​ကား​သည် စာရေး​ဆရာ ဒန်​နီ​ယယ်​ကီးစ်​ရေးသား​သော The Minds of Billy Milligan စာအုပ်​ကို​အခြေ​ခံ​ရိုက်​ကူး​မည် ဖြစ်​သည်။

အမေ​ရိ​ကန်​နိုင်ငံသား ဘီ​လီ မီ​လီ​ဂန်​သည် ၁​၉​၇​၀ ပြည့်​နှစ်​ဝန်း ကျင်​တွင် မုဒိမ်း​မှု​သုံး​ကြိမ်​ကျူး လွန်​ခဲ့​၍ အမှု​ရင်ဆိုင်​ရ​သူ​ဖြစ်​သည်။ ဘီ​လီ​မီ​လီ​ဂန်​သည် ကိုယ်​ရည်​ကိုယ်​သွေး​အမျိုး​မျိုး​ပြောင်း လဲ​တတ်​သော စိတ်ဝေ​ဒ​နာ​ကို တရား​ရင်ဆိုင်​ရာ​တွင် ထုချေ ချက်​တစ်​ခု​အဖြစ် အောင်မြင်​စွာ အသုံးပြု​နိုင်​သည့် ပထမ​ဆုံး​ပုဂ္ဂိုလ်​ဖြစ်​သည်။

The Crowded Room ဇာတ်​ကား​တွင် လီ​ယို​နာ​ဒို​က ကိုယ်​ရည်​ကိုယ်​သွေး​အမျိုး​မျိုး ပြောင်းလဲ​တတ်​သော စိတ်ဝေ ဒ​နာခံ​စား​နေ​ရ​သူ ဘီ​လီ​မီ​လီ​ဂန် အဖြစ် သရုပ်ဆောင်​မည်​ဖြစ် သည်။

Credit to 7Day Daily