မြန်မာ​နိုင်ငံ​တွင် အကြီး စား​သွား​တိုက်​ဆေး ထုတ်​လုပ်​ရေး လုပ်​ငန်း​တစ်​ခု​ဖြစ်လာ​ရန် အမေ​ရိ ကန် လူ​သုံး​ကုန်​ကုမ္ပဏီ​တစ်​ခု​ဖြစ် သော ကိုးလ်​ဂိတ်​နှင့် ပါလ်​မို​လစ် ကုမ္ပဏီ​က မြန်မာ​နိုင်ငံ​ရှိ သွား​တိုက် ဆေး​ကုမ္ပဏီ​တစ်​ခု​ကို ဝယ်​ယူ​လိုက် ကြောင်း အဆို​ပါ​ကုမ္ပဏီ​နှင့် နီးစပ် သူ​များ​က ပြော​သည်။

ကိုးလ်​ဂိတ်​သည် လေ​ဆာ သွား​တိုက်​ဆေး​ကို ကန်ဒေါ်​လာ သန်း တစ်​ရာ​ခန့်​ဖြင့် ဝယ်​ယူခဲ့​သည်​ဟု နီးစပ်​သူ​များ​က ဆို​သည်။ ယခုကဲ့သို့ ဝယ်​ယူ​လိုက်​ခြင်း​သည် ၂​၀​၁​၂ ခု​နှစ် အရေးယူ​ပိတ်​ဆို့​မှု​များ​ရုပ်သိမ်း​ပြီး နောက် အမေ​ရိ​ကန်​ကုမ္ပဏီ​တစ်​ခု​က မြန်မာ​နိုင်ငံ​တွင် ပမာဏ​အများ​ဆုံး ရင်းနှီး​မြှုပ်​နှံ​မှု​ဖြစ်​သည်။

ကိုးလ်​ဂိတ်​သည် လွန်ခဲ့သော ၂ နှစ်​က လုပ်​ငန်း​များ​စတင်​လည် ပတ်​နေ​သော အမေ​ရိ​ကန်​ကုမ္ပဏီ များ​ဖြစ်​သည့် ဂျင်​န​ရယ်​အီ​လက် ထ​ရွန်​နစ်၊ ကို​ကာ​ကို​လာ​နှင့်

GAP အထည်​လုပ်​ငန်း​များ​နောက် မြန်မာ​နိုင်ငံ​သို့ ဝင်​ရောက်လာ သည့်​လုပ်​ငန်း​တစ်​ခု​ဖြစ်​သည်။ ကို​ကာ​ကို​လာ​သည် လာ​မည့်​ငါး နှစ်​အတွင်း မြန်မာ​နိုင်ငံ​၌ ဒေါ်လာ သန်း ၂​၀​၀ အထက် ရင်းနှီး​မြှုပ်​နှံ သွား​မည်​ဟု ကတိ​ပြု​ထား​၏။

ကိုးလ်​ဂိတ်​၏ ကြေညာ​ချက် ထဲ​တွင် ၎င်း​တို့​က လေ​ဆာ​သွား တိုက်​ဆေး​နှင့် ရွှေ​ဧရာ​န​ဒီ​ကုမ္ပဏီ လီ​မိ​တက်​မှ လူ​သုံး​ကုန်​များ​ကို ဝယ်​ယူ​သည်​ဟု အတည်ပြု​ထား သည်။ သို့သော် အသေး​စိတ် အချက်အလက်​ကို​မူ ဖော်​ပြ​ထား ခြင်း​မ​ရှိ​ပေ။

ယခု ရင်းနှီး​မြှုပ်​နှံ​မှု​သည် မြန်မာ​တွင် ၎င်း​၏ လုပ်​ငန်း​များ တိုးတက်​လာ​မှု​အကောင်အထည် ပေါ်​ရေး​အတွက် အရေးကြီး​သော ဆောင်ရွက်​ချက်​ဟု ကိုးလ်​ဂိတ်​က ဆို​သည်။ ကိုးလ်​ဂိတ်​က​လေ​ဆာ ၏ ထုတ်​လုပ်​မှု​စက်​ရုံ​များ​ကို​ဝယ် ယူ​ကာ လေ​ဆာ​သွား​တိုက်​ဆေး ကို ထုတ်​လုပ်​မည်​ဖြစ်​ပြီး ကိုးလ် ဂိတ်​သွား​တိုက်​ဆေး​များ​ကို​လည်း ထိုင်း​နိုင်ငံ​မှ တင်​သွင်း​မည်​ဖြစ် သည်။

မြန်မာ​နိုင်ငံ တံခါး​ဖွင့် ပွင့် လင်း​လာ​ခြင်း​က လူ​ဦးရေ သန်း ၅​၀ အတွက် ဝင်ငွေ​တိုး​လာ​နိုင် သည့်​အတွက် လူ​သုံး​ကုန်​ပစ္စည်း များ​ထုတ်​လုပ်​သော နိုင်ငံ​တကာ ကုမ္ပဏီ​များ​အတွက် မက်​လောက် စရာ​ဖြစ်လာ​သည်။

မြန်မာ​နိုင်ငံ​တွင် အလှ​ကုန်​နှင့် ပစ္စည်း​များ​က​ဈေး​ကွက်​တန်ဖိုး ဒေါ်လာ ၃​၁​၈ သန်း​အထိ ပြီး​ခဲ့ သည့်​နှစ်​က​ရှိ​ခဲ့​သည်​ဟု ယူ​ရိုမော် နီ​တာခေါ် သု​တေ​သန​လုပ်​ငန်း​၏ သု​တေ​သန​များ​အရ သိ​ရ​သည်။ ထို​ပမာဏ​သည် ၂​၀⁠၀​၉ ခု​နှစ် ထက် ၁​၄ ရာ​ခိုင်​နှုန်း​မြင့်​တက်​လာ ခြင်း​ဖြစ်​သည်။

ထို​သု​တေ​သန​အဖွဲ့​က မြန်မာ​နိုင်ငံ​သည် လူ​သုံး​ကုန်​ပစ္စည်း​ထုတ်​လုပ်​သော ကုမ္ပဏီ​များ အတွက် အခွင့်အရေး အများ​ဆုံး​ကမ်းလှမ်း​နေ​သည့် ဈေး​ကွက် နှစ်​ဆယ်​ထဲ​က တစ်​ခု​ဖြစ်​သည်​ဟု ဆို​သည်။

မြန်မာ​နိုင်ငံ​၏ ဈေး​ကွက် သည် ယခု​ထက်​ပို​၍​တိုးတက်​လာ မည်​ဟု မျှော်​မှန်း​ထား​ကြ​သည်။ နိုင်ငံ​တကာ ငွေ​ကြေး​ရန်​ပုံငွေ အဖွဲ့ (IMF) ၏ ယခု​လ​ခန့်​မှန်း​ချက်​အရ မြန်မာ​၏ စီးပွား​ရေး​သည် လာ​မည့်​နှစ်​တွင် ၈ ရာ​ခိုင်​နှုန်း​တိုးတက်​လာ​မည်​ဟု ခန့်​မှန်း​ထား​သည်။

ယခုကဲ့သို့ ကိုးလ်​ဂိတ်​က လေ ဆာ​ကို ဝယ်​ယူ​လိုက်​ခြင်း​သည် ပေါ်​ထွန်း​ခါ​စ မြန်မာ ဈေး​ကွက် သစ်​တွင် ပမာဏ​အကြီး​ဆုံး ဖြစ် သည်။ ပြီး​ခဲ့​သည့်​နှစ်​က ဒီ​လော​ဂျ စိ​သု​တေ​သန လုပ်​ငန်း​တစ်​ခု​၏ ပြော​ကြား​ချက်​အရ ဖက်​စပ်​ပူး ပေါင်း​မှု​နှင့် ကုမ္ပဏီ​များ​ဝယ်​ယူ​မှု မှာ အမေ​ရိ​ကန်ဒေါ်​လာ သန်း ၅​၀ ခန့် ရှိ​သည်​ဟု သိ​ရ​သည်။ ယင်း​တို့​အနက် ကလေး​နှင့် အမျိုး သမီး​သန့်စင်​ရေး​ပစ္စည်း​များ​ထုတ် လုပ်​သော Myanmar Care ထုတ် ကုန်​လုပ်​ငန်း​ကို ဝယ်​ယူ​သော ဂျပန်​ယူ​နီ​ချန် ကော်​ပို​ရေး​ရှင်း လည်း ပါဝင်​သည်။

ယခုကဲ့သို့ ကိုးလ်​ဂိတ်​က ဝယ်​ယူ​မှု​သည် လက်​ရှိ​မြန်မာ​နိုင်ငံ ၌ အမေ​ရိ​ကန်​နိုင်ငံ​၏ အကြီး​ဆုံး ရင်းနှီး​မြှုပ်​နှံ​မှု​လည်း ဖြစ်​၏။ ယခု​အချိန်​ထိ တရုတ်​နိုင်ငံ​သည် မြန်မာ​၏ အကြီး​ဆုံး​နိုင်ငံ​ခြား​ရင်း နှီး​မြှုပ်​နှံ​သူ​ဖြစ်​ပြီး အမေ​ရိ​ကန်​က တရုတ်​နိုင်ငံ​နောက် အလှမ်း​ဝေး ဝေး​မှာ ရှိ​နေ​သည်။ နောက်ဆုံး​စာရင်း​များ​အရ ကန်​ကုမ္ပဏီ​များ ၏ မြန်မာ​၌ ရင်းနှီး​မြှုပ်​နှံ​မှုဒေါ်​လာ ၂​၄​၃ ဒသမ ၆ သန်း​သာ​ရှိ​ပြီး တရုတ်​က ဒေါ်လာ ၁​၄ ဘီ​လီ​ယံ ရှိ​၏။ ထိုင်း​နိုင်ငံ​က ဒေါ်လာ ၁​၀ ဘီ​လီ​ယံ​နှင့် စင်​ကာ​ပူ​ကဒေါ်​လာ ၄ ဒသမ ၇ ဘီ​လီ​ယံ​ရှိ​သည်။ ကိုးလ်​ဂိတ်​၏ ဝယ်​ယူ​မှု​က အမေ​ရိ​ကန်​၏​ရင်းနှီး​မြှုပ်​နှံ​မှု​ကို တိုး​မြင့် စေ​ပြီး သမ္မတ​အို​ဘား​မား​အစိုးရ အဖွဲ့​၏ မြန်မာ​အစိုးရ​အပေါ် ကူညီ​ပေး​မည့် ကတိ​ပေး​ချက်​များ ကို အထောက်​အကူ​ပေး​ရာ​လည်း ရောက်​သည်။

ထို့​အပြင် အခြား​အနောက် တိုင်း​လူ​သုံး​ကုန် ကုမ္ပဏီ​များ​က လည်း မြန်မာ​နိုင်ငံ​တွင် ရင်းနှီး​မြှုပ်​နှံ​မှု​များ စတင်​နေ​ပြီ​ဖြစ်​သည်။ ဒိန်း​မတ်​ဘီ​ယာ​ကုမ္ပဏီ​ကြီး ကားလ်စ်​ဘတ်​က ၂​၀​၁​၃ ၌​ပြည်​တွင်း​ကုမ္ပဏီ​နှင့်​ဖက်​စပ် တည်ထောင်​ခဲ့​ပြီး လာ မည့်​နှစ်​တွင် ဘီ​ယာ​များ​ပြည်​တွင်း ၌ ထုတ်​လုပ်​သွား​မည်​ဖြစ်​သည်။

အခြား ကုမ္ပဏီ​များ​လို​ပင် ကိုးလ်​ဂိတ်​က​လည်း ကိုးလ်​ဂိတ် သွား​တိုက်​ဆေး ထုတ်​လုပ်​မှု​ကို ထိုင်း​နိုင်ငံ​မှ မြန်မာ​သို့​ပြောင်းရွှေ့ ထုတ်​လုပ်​သွား​မည်​ဟု ဆို​သည်။ သို့သော်​လည်း ရက်​အတိ​အကျ ပြော​ကြား​ခြင်း မ​ရှိ​ပေ။

မြန်မာ​နိုင်ငံ​ရှိ အခြား အနောက်​တိုင်း ကုမ္ပဏီ​များ​ကဲ့သို့ ရင်းနှီး​မြှုပ်​နှံ​မှု​များ မ​လုပ်​မီ လူ​မှု ရေး​ဆောင်ရွက်​မှု လှုပ်ရှား​မှု​များ ကို​လည်း ကိုးလ်​ဂိတ်​က ပြုလုပ်​ခဲ့ သည်။ ကျန်းမာ​ရေး​ပညာ​ပေး​ပို စ​တာ​များ​ကို သွား​တိုက်​ဆေးဘူး များ​ထဲ​တွင် ထည့်​ခဲ့​ပြီး ဈေးဆိုင် ပိုင်​ရှင်​များ​နှင့် ဆေး​ခန်း​များ​ကို လည်း ၎င်း​တို့​၏ ကျန်းမာ​ရေး​ပို စ​တာ​များ​ကပ်​ရန် အားပေး​တိုက် တွန်း​ခဲ့​သည်။ ထို​လှုပ်ရှား​မှု​သည် ကိုးလ်​ဂိတ်​ပါလ်​မို​လစ်ကြော်​ငြာ ဆု​ကို ဆွတ်​ခူး​ခဲ့​ပြီး မြန်မာ​တွင် ပထမ​ဆုံး​ခွင့်​ပြု​ချက်​ရ​ခဲ့​သော စီမံ ကိန်း​ဖြစ်​သည်။

(ဝေါ​စ​ထ​ရိ စာစောင်​ပါ ဆောင်း ပါး​ရှင် P.R.Ven နှင့် Shilani Mahtani တို့​၏ Colgate Buys Myanmar Toothpaste Brand သ​တင်း​ဆောင်းပါး​ကို ထား​ထား မြင့် ဘာသာ​ပြန်ဆို​သည်။)
Credit to 7Day Daily