ကို​ရီ​ယား​ဇာတ်​လမ်း​တွဲ​ထဲ​က မင်းသား​တွေ​လောက် အစွမ်း​မ​ရှိ​ကြောင်း အမြဲ​ပြော​နေ​တာ​ကြောင့် ဇနီး​ဖြစ်​သူ​နဲ့ ကွာရှင်း​ပေး​ရန် ယောက်ျား​ဖြစ်​သူ​က တရားရုံး​ကို လျှောက်ထား​တဲ့​အမှု​တစ်​ခု တရုတ်​နိုင်ငံ​မှာ ဖြစ်ပွား​ခဲ့​ပါ​တယ်။

China Daily ရဲ့ဖော်​ပြ​ချက်​အရ Zhejiang ပြည်နယ် Ningbo မြို့​က တရားရုံး​မှာ ဖြစ်ပွား​ခဲ့​တာ​ဖြစ်​ပါ​တယ်။
ယောက်ျား​ဖြစ်​သူ​ရဲ့ ပြော​ကြား​ချက်​မှာ သူ့​မိန်းမ​ဟာ ကို​ရီး​ယား​ဇာတ်​လမ်း​တွဲ​တွေ​နဲ့ ဒီ​အထဲ​က ရို​မန်​တစ်​ဆန်​တဲ့ ဇာတ်​လမ်း​ပုံစံ​တွေ​ကို စွဲလမ်း​နေ​တယ်​လို့​ဆို​ပါ​တယ်။

My love from the star ဆို​တဲ့ ဇာတ်​လမ်း​တွဲ​ကို ကြည့်​ချင်​တာ​ကြောင့် လွန်​ခဲ့​တဲ့​နှစ်​လောက်​က​စ​ပြီး သားသမီး​တွေ​ကို ဂရု​မ​စိုက်​ဘဲ အိမ်​အလုပ်​တွေ​ကို​လည်း ပစ်ထား​တယ်​လို့​ဆို​ပါ​တယ်။

ဇာတ်​လမ်း​တွဲ​ထဲ​က ဟီ​ရိုး​တွေ​လောက် မ​ခန့်ညား​ဘူး၊ မ​ချမ်းသာ​ဘူး၊ မ​ကြင်နာ​တတ်​ဘူး​လို့ ပြော​နေ​တာ​ကြောင့် အမျိုးသား​ဖြစ်​သူ​ဟာ ဒေါသ​ထွက်​သွား​ခဲ့​တာ​ဖြစ်​ပါ​တယ်။
တရားသူကြီး​ရဲ့ ကြား​ဝင်​စေ့စပ်​ပေး​မှု အပြီး​မှာ​တော့ အမှု​ကို ပြန်လည်​ရုတ်​သိမ်း​သွား​ခဲ့​တယ်​လို့ ဆို​ပါ​တယ်။

Credit to Phothutaw