ကေ​ပေါ့ပ်​ဘုရင်​မ​ဘို​အာ သည် ၂​၀​၁​၅ အတွင်း ကို​ရီး​ယား တေး​အယ်လ်​ဘမ်​သစ်​ထွက်​ရှိ မည်​ဖြစ်​ကြောင်း ဘို​အာ​၏ အေ ဂျင်​စီ SM Entertainment က ကြေညာ​သည်။

အသက် (၂​၈)နှစ်​အရွယ်​ရှိ ကေ​ပေါ့ပ်​စ​တား ဘို​အာ​သည် ၂​၀⁠၀​၀ ပြည့်​နှစ် ဩဂုတ်​တွင် ID Peace B အယ်လ်​ဘမ်​ဖြင့် တေး ဂီ​တ​လောက​ကို စတင်​ခြေ​ချခဲ့​ပြီး ဂျပန်​နှင့် ကို​ရီး​ယား​နိုင်ငံ​တို့​၌ တေး အယ်လ်​ဘမ်​များ​စွာ ထွက်​ရှိ​ခဲ့​သည်။ ဘို​အာ​၏ နောက်ဆုံး​ထွက် ရှိ​သော ကို​ရီး​ယား​တေး​အယ်လ် ဘမ်​မှာ Only One ဖြစ်​သည်။ ယင်း​အယ်လ်​ဘမ်​သည် ၂​၀​၁​၂ တွင် ထွက်​ရှိ​ခဲ့​သည့် ဘို​အာ​၏ သတ္တမ​မြောက်​ကို​ရီး​ယား​တေး​အယ်လ် ဘမ်​ဖြစ်​သည်။

ဘို​အာ​သည် တောင်​ကို​ရီး ယား​နိုင်ငံ​အပြင် ဂျပန်​နှင့် အမေ​ရိ ကန်​နိုင်ငံ​တို့​၌​လည်း တေး​အယ်လ် ဘမ်​များ​ထွက်​ရှိ​ထား​သူ​ဖြစ်​သည်။ ဘို​အာ​သည် ၂​၀​၁​၄ စက်တင်ဘာ တွင် Who’s Back? အမည်​ရှိ ဂျပန်​တေး​အယ်လ်​ဘမ်​ထွက်​ရှိ ထား​ပြီး ၂​၀​၁​၅ တွင် ကို​ရီး​ယား တေး​အယ်လ်​ဘမ်​ထွက်​ရှိ​မည် ဖြစ်​သည်။ ‘‘ဘို​အာ​ရဲ့ ကို​ရီး​ယား တေး​အယ်လ်​ဘမ်​သစ် ဘယ်​နေ့ မှာ ထွက်​ရှိ​မယ်​ဆို​ပြီး အတိ​အကျ မ​ပြော​နိုင်​သေး​ပေ​မယ့် ၂​၀​၁​၅ ထဲ မှာ ထွက်​ရှိ​မှာ​တော့ သေချာ​ပါ တယ်’’ဟု SM Entertainment က ပြော​ကြား​သည်။

Credit to 7Day Daily