သင်္ကြန်​ကို တောင်ငူ​မှာ ဖြတ်​သန်း​ခဲ့​တဲ့ ရွှေမှုန်​ရ​တီ​ဟာ သင်္ကြန် အပြီး​မှာ​တော့ ကား​ကြီး​တွေ ဆက်တိုက်​ရိုက်​ဖို့ ရှိ​တယ်​လို့ ဆို​လာ​ပါ​တယ်။ “သင်္ကြန်​အပြီး​မှာ​တော့ ညီမ ကို​ဟိန်း​ဝေ​ယံ​နဲ့ ကား​ကြီး​ရိုက်​မယ်။ လူ​ရွှင်တော် ၅​၂ ယောက်​ပါ​မယ်။ ဒါ​ရိုက်​တာ​ကတော့ ကို​ပြည်​ဟိန်း​သီ​ဟ​နဲ့​ပါ။ ၂​၀​၁​၅ ထဲ​မှာ ကား​ကြီး လက်ခံ​ထား​တာ​က များ​တဲ့​အတွက် ညီမ​အရေအတွက်​ကို​တော့ မ​ပြော​ပြ​တော့​ပါ​ဘူး။ တောက်​လျှောက်​ကတော့ ကား​ကြီး​တွေ လက်ခံ​ထား​ပါ​တယ်”တဲ့။

အနု​ပညာ​လောက​မှာ နေရာ​တစ်​ခု ရ​လာ​ပြီ​ဖြစ်​တဲ့ သူမ​က သူမ​ဖြတ်​သန်း​ခဲ့​တဲ့ အနု​ပညာ အခက်​အခဲ​ပိုင်း​နဲ့​ပတ်သက်​ပြီး​တော့​လဲ “ဒီ​အလုပ်​မှ မဟုတ်​ဘူး။ ဘယ်​အလုပ်​မှ မလွယ်​ကူ​ဘူး။ တချို့​အရာ​တွေ​က ပရိသတ်​တွေ​ကို ပါး​စပ်​နဲ့​ပြော​ပြ​လို့​မ​ရ​တဲ့ ခက်ခဲ​မှု၊ ပင်ပန်း​မှု​တွေ ရှိ​တယ်။ လိုချင်​တဲ့​အရာ တစ်​ခု​ကို​ဖြစ်​အောင် လုပ်​ချင်​တယ်​ဆို​ရင် စိတ်​ကတော့ အရေးကြီး​ဆုံး​ပါ​ပဲ။ ကြိုးစား​ချင်​စိတ်ရှိ​ရင် ကိုယ်​ဖြစ်​ချင်​တာ​တွေ ဖြစ်လာ​မှာ​ပါ။ ရွှေမှုန်​တို့​လဲ ဒီ​နေရာ​ကို လွယ်​လွယ်ကူ​ကူ ရ​ခဲ့​တာ​မဟုတ်​ဘူး။ လွယ်⁠လွယ်​နဲ့​ရ​လာ​တဲ့ နေရာ​တစ်​ခု​က​လဲ ဘယ်​တော့​မှ တည်​မြဲ​မှာ​မဟုတ်​ဘူး။ လူ​မ​ပင်ပန်း​ခဲ့​ရင်တောင် စိတ်​အရမ်း​ပင်ပန်း​ရ​တယ်။ မင်းသား မင်းသမီး​တွေ ကြည့်​လိုက်​ရင် ကော့⁠ကော့​ကျော့⁠ကျော့​လေး။ ဒါပေမဲ့ သူ​တို့​အရမ်း​ပင်ပန်း​ပါ​တယ်။ ဇာတ်​ကား တစ်​ကား ရိုက်​တော့​မယ်​ဆို ဝိတ်​ချ​ရ​တာ​နဲ့​ဘာ​နဲ့ ခု ရွှေမှုန်​လဲ ဝိတ်​ချထား​တယ်။ ပြီး​တော့ ဟာ​သ​ကား ရိုက်​ဖို့​အတွက် ဆံပင်​အနက်​တွေ ဆိုး​ထား​ရ​တယ်။”လို့ သူမ​က ပြော​ပြ​သွား​ပါ​တယ်။

Credit to Trend Myanmar