လက်​ထဲ​က Passport အနီ​ေ​ရောင်​လေး​ကို ဆုပ်​ကိုင်​ရင်း အင်္ဂလန် သံ​ရုံး​ရှေ့​မှာ မတ်​တပ်​လေး​ရပ်​ပြီး အင်္ဂလန်​ဗီဇာ​ကို ကြည့်​ပြီး ကျွန်မ ကောင်းကင်​ကြီး​ကို မော့ကြည့်​လိုက်​တယ်

“ငါ​လိုချင်​တာ .. ငါ​ဖြစ်​ချင်​တာ ရ​ပြီ​ဟေ့” ….. လို့ အသံ​မ​ထွက်​ဘဲ အော်​လိုက်​မိ​တယ်။

အင်္ဂလန်​ဗီဇာ ရ​တာ​နဲ့ ကျွန်မ​ကို ပါ⁠ပါ​နဲ့​မေမေ​က မြန်မာ​ပြည်​မှာ (၂)ပတ်​ပဲ​ထား​တယ်။

“တိုင်းရေးပြည်ရေး​က မ​ငြိမ်​သက်​ဘူး … သွား​သွား .. မြန်⁠မြန်​ထွက်” ဆို​ပြီး လေ​ယာဉ်​ပျံ​လက်မှတ် ချက်ချင်း​ဝယ်​ပြီး လို​အပ်​တဲ့ ပစ္စည်း​တွေ ဝယ်​ပေး​တော့​တာ​ပဲ …

အဲ​ဒီ​မှာ ပြဿနာ​က​စ​ပြီ …

Luggage တွေ​ထည့်​ရင်း သားအမိ သားအဖ (၃)ယောက် စကား​တွေ များ​ကြ​ပါ​လေ​ရော…

ကမ္ဘာ​ပတ်​လာ​တဲ့ ပါ⁠ပါ​က ပြော​တယ် … အဝတ်​အစား​တွေ အသုံးအဆောင်​တွေ အများ​ကြီး မ​ယူသွား​နဲ့ …

မေမေ​ကတော့ ကျွန်မ စိတ်​တိုင်း​ကျ လိုချင်​တာ ဝယ်​ချင်​တာ သယ်​ချင်​တာ အကုန် လိုက်​ဝယ်​ပေး​တယ်။ ကျွန်မ​က​လည်း ဘယ်လောက်​ဆိုး​သလဲ​ဆို​ရင် …. လန်ဒန်​ရောက်​ရင် ဘယ်​နား​သွား​ဝယ်​ရ​မှန်း မ​သိ​ဘူး​မေမေ ဆို​ပြီး Pad for Period က​အစ ရန်ကုန်​က​နေ သယ်​တယ် .. စာအုပ်​တွေ မ​ရှိ​ရင် ကျွန်မ မ​နေ​တတ်​ဘူး​ဆို​ပြီး ဖတ်​နေကျ စာအုပ်​တွေ​သယ်​တယ်။ မေမြို့​က စစ်​အင်​ဂျင်​နီ​ယာ အပတ်​စဉ် (၅) မှာ ဗိုလ်​လောင်း​တက်​နေ​တဲ့ ဒ​ဂုံ(၁)က ငယ်​သူငယ်ချင်း​တွေ​ကို မန်း​လေး မေမြို့ သွား​လည်​ရင်း ဝင်​နှုတ်ဆက်​တော့ . မေမြို့​က ဆွယ်တာ​လေး​တွေ ဝယ်​ခဲ့​တယ်။ (လန်ဒန်​ဆောင်းတွင်း​မှာ ဝတ်​မယ်​ပေါ့) တစ်​ကယ်​တမ်း London Winter လည်း​ရောက်​ရော . မေမြို့ က ဆွယ်တာ​တွေ​ဟာ အပြင်​ထွက်​ရင်း ဝတ်​ဖို့ မ​ပြော​နဲ့ .. အိမ်​နေ​ရင်းတောင် မ​ဝတ်​ချင်​ဘူး … (ဒီ​ဇိုင်း​တွေ​က အောက်​နေ​လို့) အကုန် အသစ် ပြန်​ဝယ်​ဝတ်​ရ​တယ်။ (ဒါ​ကြောင့် ဘယ်​နိုင်ငံ​ကို သွား​သွား ရောက်​တဲ့​နိုင်ငံ​မှာ သူ​တို့​ဝတ်​တဲ့ ဖက်​ရှင်​ဒီ​ဇိုင်း​အတိုင်း​သာ လိုက်​ဝတ်​ပါ) မြန်မာ​ပြည်​က အဝတ်​အစား ဒီ​ဇိုင်း​တွေ​ကို စွန့်​လွှတ်​ပါ။ မဟုတ်​ရင်​တော့ နိုင်ငံ​ခြား​မှာ ဘယ်နှစ်​နှစ်​နေ​နေ ရွာ​ပုံ​ပဲ ထွက်​နေ​ပါ​လိမ့်​မယ်။

ထွက်​ရ​ဖို့ ရက်​နီး​လာ​လေ​လေ … ကျွန်မ မေမေ​နဲ့ မ​ခွဲ​နိုင်​မှန်း သိ​လာ​လေ​လေ …

ကျွန်မ နိုင်ငံ​ခြား မ​သွား​ချင်​တော့​ဘူး … ထွက်​ရ​မယ့် ရက်​တွေ​ကို လက်ချိုး​ရေ​ရင်း မုန်း​လာ​တယ်။

မင်္ဂလာဒုံ​လေ​ဆိပ်​ကို ကျွန်မ​ရောက်လာ​ပြီ …

ကျွန်မ လေ​ဆိပ်​ထဲ ဝင်​တာ​နဲ့ မျက်ရည်​တွေ အလိုလို ကျ​လာ​တယ်။ ပစ္စည်း​ချိန်​တော့ ပေါင်ချိန်​တွေ ပို​နေ​တယ်။ ပြန်​လျော့​ဖို့​ပြော​တော့ ကျွန်မ မ​လျော့​နိုင်​တဲ့ အရာ​တွေ​က အားလုံး​နီးပါး​ဖြစ်​နေ​တော့ မ​လျော့​ချင်​ဘူး .. အစားအသောက်​တွေ​ပဲ လျော့​မယ် .. မ​စား​ရ​လည်း နေ​နိုင်​တယ် … စာအုပ်​တွေ​နဲ့ ကျွန်မ​ချစ်​တဲ့ အရုပ်​တွေ အသုံးအဆောင်​တွေ​တော့ မ​လျော့​ဘူး​လို့ ငိုယို​ပြီး ပြော​တော့ .. မေမေ့ ညီမ အဒေါ် အပျိုကြီး​က .. ပ်ို​က​ဆံ​အိတ်​ပိုက်​ပြီး .. “ငါ့​တူမ​လေး မ​ငို​နဲ့ … ဘယ်လောက်​ပေး​ရ​မ​လဲ ပေါင်ချိန်​အပို​ကြေး .. အန်​တီ​ပေး​မယ် . စိတ်​ချမ်းသာ​စွာ သွား​ဖို့ အဓိက” လို့ ပြော​ပြီး လိုက်​ရှင်း​ပေး​တယ်။

အဲ​ဒီ​အချိန်​မှာ ပါ​ပါ ဘယ်​ရောက်​နေ​တယ်​ထင်​သလဲ …

လေ​ဆိပ်​အပေါ်ထပ်​က Bar မှာ ဘီ​ယာ​သောက်​ရင်း ငို​နေ​တယ် ..

သူ့​သမီး​လေး အဝေး​ကြီး​ကို ခွဲ​ပြီး​ထွက်​သွား​မှာ သူမ​ကြည့်​ရက်​ဘူး​တဲ့ .. (အသဲ​နု​တယ်)

မေမေ​က ဒီ​မှာ ပေါင်ချိန်​တွေ ပို​နေ​လို့ စိတ်​တွေ​ပူ​ပြီး ပါ​ပါ့​ကို မ​တွေ့​လို့ ဒေါသ​တွေ​ထွက် ၊ ပါ⁠ပါ​က အပေါ်ထပ်​က​နေ ဆင်း​လာ​တော့​မှ လင်မယား​နှစ်​ယောက် လေ​ဆိပ်​မှာ​တင် တိုးတိုး​ကြိတ်⁠ကြိတ်​နဲ့ စကား​တွေ​များ​ကြ​သေး​တယ်။ ကျွန်မ​က​လည်း Immigration Counter ဖြတ်​ရ​မှာ​ကို မ​သွား​ချင်​တော့​လို့ နံရံ​ကို ခြေ​ကန်​ပြီး အင်္ဂလန် မ​သွား​တော့​ဘူး​ဆို​ပြီး ငိုယို​ပြီး အကြောက်​အကန်​တွေ ငြင်း​တယ်။

ကျွန်မ​ကို မေမေ​တို့ ချော့မော့ ထားခဲ့​ပြီး ကျွန်မ မျက်လုံး​လေး က​လယ်​က​လယ်​နဲ့ မင်္ဂလာဒုံ​လေ​ဆိပ် အတွင်း​ခန်း ထိုင်​ခုံ​မှာ ငုတ်တုတ်​လေး ထိုင်​ပြီး မေမေ နဲ့ ပါ​ပါ့​ကို လွမ်း​လို့ ငို​နေ​ခဲ့​မိ​တယ်။

ည (၉) နာရီ​ကျ​တော့ ကြေငြာ​တယ်။ ကျွန်မ​သွား​မယ့် လေ​ယာဉ်​ခရီး​စဉ် ပျက်​တယ်။ (ပန်​ကာ​ထဲ ဌက်​အုပ်စု​ဝင်​သွား​လို့​တဲ့) လေ​ဆိပ်​အနား​က ဟိုတယ်​မှာ လေ​ယာဉ်​လိုင်း​က စီစဉ်​ပေး​လို့ .. ကျွန်မ မေမေ့​ဆီ ဖုန်း​ဆက်ခေါ်​ပြီး “ဟိုတယ်​မှာ သမီး​နဲ့ တစ်​ည​အတူတူ ထပ်​အိပ်​လို့ ရ​သေး​တယ် မေမေ .. အခု​ချက်ချင်း ကား​နဲ့ ထွက်​လာ​ခဲ့​ပါ” လို့ လှမ်းခေါ်​တော့ မေမေ​ရောက်လာ​တယ်။

နောက်​နေ့​တစ်​ရက်​မှ အင်္ဂလန်​ကို တကယ်​ထွက်​ခွာ​ခဲ့​ရ​တယ်။

ပြည်​တွင်း လေ​ယာဉ် ခရီး​စဉ် အတို​လေး စီး​ရင်တောင် အော့​အန်​နေ​တဲ့ ကျွန်မ .. (၁​၈)နာရီ​ကြာ​တဲ့ လန်ဒန်​ခရီး​စဉ်​ကို လေ​ယာဉ်ပေါ်​မှာ ဘာ​မှ မ​စား​နိုင်၊ မ​သောက်​နိုင်​ဘဲ .. အိမ်သာ ဘို​ထိုင်​ခွက်​နဲ့ မျက်နှာ​အပ်​ပြီး တစ်​လမ်း​လုံး အန်​လာ​ခဲ့​ရ​တာ .. Heathrow Airport တောင် ကျွန်မ​ရောက်​ပါ့​မ​လား​လို့ တွေး​မိ​တယ်။

ငါ​တော့ လေ​ယာဉ်ပေါ်​မှာ​တင် သေ​ပြီ​နဲ့​တူ​တယ်​လို့ … ငို​မိ​တယ် ဝမ်းနည်း​မိ​တယ်။

Air Sick လို့ခေါ်​တဲ့ လေ​ယာဉ်​မူး​တဲ့ ဒဏ်​ကို ကျွန်မ အလူး​အလဲ အံ​ကြိတ်​ခံ​ပြီး လန်ဒန်​လေ​ဆိပ်​ကို လေ​ယာဉ်​ကြီး ဆင်းသက်​သွာ​တယ်။

လေ​ယာဉ်ပေါ်​က​ဆင်း​တော့ Student Visa သမား​တွေ​ကို သပ်သပ်​စု​ပြီး X-Ray ရိုက်​တယ်။ Clear ဖြစ်​တယ်​ဆို​မှ Pass ပေး​လုပ်​တယ်။ ကျွန်မ အပြင်​ဘက်​ထွက်​လာ​တဲ့ အချိန်​မှာ လာ​ကြို​မယ့် ကျွန်မ ငယ်​သူငယ်ချင်း ဒ​ဂုံ(၁) က ကျောင်း​နေ​ဘက် ကောင်​လေး​ကို အပြေးအလွှား​ရှာ​မိ​တယ်။ သူ​က လက်လှမ်း​ပြတာ​လည်း မြင်​ရော .. ကျွန်မ သူ့​ကို​ဖက်⁠ဖက်​ပြီး ရှိုက်ကြီးတငင်​ငင် ငို​ချ​လိုက်​တယ်။

တစ်​ကယ်​တမ်း​တော့ ကျွန်မ တစ်​လမ်း​လုံး တင်း​ခံ​လာ​တဲ့ စိတ်​တွေ​ကို သူငယ်ချင်း​ကို မြင်​တော့​မှ လျော့​ချ​လိုက်​တာ …

ကျွန်မ London Heathrow Airport ကို ကျွန်မ ကျောခိုင်း​ထွက်​လာ​ခဲ့​ပြီ ~~~

လန်ဒန်​မြေ​ကို ကျွန်မ စ​နင်း​ရ​ပြီ ~~

Credit to “သမီး​ဆိုး”