ဗုဒ္ဓဟူးနေ့​က က​နေ​ဒါ​နိုင်ငံ​မှာ တာဝန်​ကျ စစ်​သားတစ်​ဦး​ကို ပစ်​သတ်​ပြီး​တော့ လွှတ်တော်​တွင်း ဝင်​ပြေး​သွား​ခဲ့​တဲ့ သေ​နတ်​သမား​ဟာ တစ်​ဦး​တည်း လှုပ်ရှား​ခဲ့ တာ​ဖြစ်​တယ်​လို့ က​နေ​ဒါ အာဏာပိုင်​တွေ​က ပြောဆို​ပါ​တယ်။ အဲ့​ဒီ့​သေ​နတ်​သမား ကို ပါလီမန် အတွင်း​မှာ ရဲ​က ပစ်​သတ်​လိုက်​ပါ​တယ်။

အဲ့​ဒီ့ အသက် ၃​၂​နှစ်​အရွယ် Michael Zehaf-Bibeau ဆို​သူ​ဟာ က​နေ​ဒါ မှာ မွေး​ဖွား​သူ နိုင်ငံသား ဖြစ်​ပြီး​တော့ လစ်​ဗျား​နိုင်ငံသား​အဖြစ်​လည်း ခံယူ​ထား​ဖွယ် ရှိ​တယ်​လို့ ကြာသပတေးနေ့​မှာ ပြုလုပ်​တဲ့ သတင်းစာ ရှင်းလင်း​ပွဲ​မှာ ပြော​ပါ​တယ်။ Michael Zehaf-Bibeau ဟာ မ​ကြာ​ခင် က​နေ​ဒါ​နိုင်ငံသား နိုင်ငံ​ကူး လက်မှတ်​ကို လျှောက်ထား​ခဲ့​ပြီး ဆီး​ရီး​ယား​နိုင်ငံ​ကို သွား​ဖို့ ပြင်ဆင်​နေ တယ်​လို့ မျှော်လင့်​ရ​တဲ့ အကြောင်း အာဏာပိုင်​တွေ​က ပြော​ပါ​တယ်။

နိုင်ငံ​ကူး လက်မှတ်​ကိစ္စ​နဲ့ ပတ်သက်​ပြီး သူ​ဟာ Ottawa မြို့​မှာ ရောက်​ရှိ​နေ​တာ​လို့ ဆို​ပါ​တယ်။ ကြာသပတေးနေ့ မှာ က​နေ​ဒါ​နိုင်ငံ​ရဲ့ လွှတ်တော်​မှာ ဥပဒေ​ပြု လွှတ်တော် အမတ်​တွေ​က ဗုဒ္ဓဟူးနေ့​က ပစ်ခတ်​သတ်​ဖြတ်​ခံ​ခဲ့​ရ​တဲ့ တပ်​ကြပ်​ကြီး Kevin Vickers ကို မတ်​တပ်​ရပ်​ပြီး ဂုဏ်​ပြု​ခဲ့​ကြ​ပါ​တယ်။ သူ​ဟာ လွှတ်တော်​အနီး​မှာ ရှိ​တဲ့ စစ်​ပွဲ အထိမ်းအမှတ် ရင်ပြင် ကို ဂုဏ်​ပြု စောင့်ရှောက်​မှု တာဝန်​ကျ​စဉ်​မှာ ပစ်​သတ်​ခံ​ခဲ့​ရ​တာ​ဖြစ်​ပါ​တယ်။

Credit to VOA