ဩစတြေးလျ​နိုင်ငံ​က ခရစ်​ကက် အား​ကစားသမား Phil Hughes ဟာ ဒီ​တ​ပတ်​ထဲ ကျင်းပ​တဲ့ ပြိုင်​ပွဲ​အတွင်း သူ့​ဦးခေါင်း​ကို ခရစ်​ကက် ဘော​လုံး ထိ​မှန်​ခဲ့​ပြီး ဒီ​က​နေ့​မှာ သေ​ဆုံး​သွား​ပါ​ပြီ ။ South Australia အသင်း​နဲ့ New South Wales အသင်း​တို့ ဆစ်​ဒ​နီ​မြို့​မှာ ယှဉ်​ပြိုင် ကစား​ကြ​တုန်း ဘက်​တန်​က စင်​ထွက်​လာ​တဲ့ ဘော​လုံး​က Phil Hughes ရဲ့​ဘယ်​ဖက်​နား အနောက်​ဖက်​ကို ထိ​မှန်​ခဲ့​တာ​ပါ။

အသက် ၂​၅​နှစ်​အရွယ် Phil Hughes ဒီ​နေ့ သေ​ဆုံး​သွား​ကြောင်း အား​ကစား အသင်း​ရဲ့ ဆရာဝန် Peter Brukner က ပြော​ပါ​တယ်။ အင်္ဂါနေ့​က ခရစ်​ကက်​ဘော​လုံး ထိ​မှန်​ခဲ့​တဲ့ Phil Hughes ဟာ သတိလစ်​သွား​ခဲ့​ပြီး အရေးပေါ်​ဆောင်​မှာ ခွဲစိတ်​ကု​သ​မှု ခံယူ​ခဲ့​ပါ​တယ်။ သူမ​ကွယ်​လွန်​ခင် ဝေဒနာ ခံစား​ရ​တာ​မျိုး မ​တွေ့​ရ​ပေ​မယ့် သတိ​ပြန်လည်​လာ​တာ​မျုး​ိ​တော့ မ​ရှိ​ဘူး​လို့ ဒေါက်​တာ Brukner က​ပြော​ပါ​တယ်။

ခရစ်​ကက် အား​ကစား​လောက​မှာ အခု​လို ဘော​လုံး​ထိ​မှန်​ပြီး သေ​ဆုံး​ရ သူ​တွေ​ထဲ​မှာ Phil Hughes က ဒုတိယ​မြောက်​ဖြစ်​ပြီး ပထမ​တ​ဦး ကတော့ တောင်​အာ​ဖ​ရိ​က ခရစ်​ကက်​အသင်း​က Darryin Randall ဖြစ်​ပါ​တယ်။

Phil Hughes သေ​ဆုံး​သွား​ပြီ​ဆို​တဲ့ သတင်းထွက်​လာ​ပြီး​နောက် ဩစတြေးလျ ဝန်ကြီး​ချုပ် Tony Abbott အပါအဝင် လူ​အများ​က ဝမ်းနည်း​ကြောင်း ထုတ်ဖေါ်​ပြောဆို​ကြ​ပါ​တယ်။

Credit to ဗွီ​အို​အေ (မြန်မာ​ပိုင်း)