ဂျပန်​အမျိုးသမီး​မဂ္ဂဇင်း AneCan က အမျိုးသမီး စာ​ဖတ်​သူ​တွေ​ကြား စိတ်ဝင်စား​မှု​များပြား​တဲ့ “ပိုက်ဆံ​ရှိ​ပြီး ရုပ်​ဆိုး​တဲ့ အမျိုးသား” သို့မဟုတ် “ရုပ်​ချော​ပြီး အလုပ်​လက်​မဲ့​အမျိုးသား” ဘယ်​သူ့​ကို ချိန်း​တွေ့​မ​လဲဆို​တဲ့ အချက်​ကို စစ်တမ်း​ကောက်ယူ​မှု​တစ်​ခု ပြုလုပ်​ခဲ့​ပါ​တယ်။

Buzzhand အရ အဆို​ပါ “ugly” man လို့ခေါ်​တဲ့ အမျိုးသား​မှာ တစ်​နှစ် ဒေါ်လာ ၆​၆ မီ​လီ​ယံ ဝင်ငွေ​ရှိ​ပြီး ရုပ်​ချော​တဲ့ ကောင်​လေး​မှာ ငွေ​ဆို​လို့ တစ်​ပြား​တစ်​ချပ်​မှ မ​ရှိ​ဘဲ အလုပ်​လက်​မဲ့​သူ ဖြစ်​ပါ​တယ်။

အမျိုးသမီး အယောက် ၁,၀⁠၀​၀ အပေါ် မေးမြန်း​ခဲ့​တဲ့ အဖြေ​ကို အံ့ဩ​သင့်​သွား​ပါ​လိမ့်​မယ်။ ၇​၅.၅% က လူပျို​သဌေး​ကို ရွေးချယ်​ကြ​ပါ​တယ်။

၎င်း​အမျိုးသမီး​တွေ​က သူ​တို့​အကြောင်းပြ​ချက်​တွေ​ကို ဒီ​လို​မျှဝေ​ခဲ့​ကြ​ပါ​တယ်။

“ဝတ်​ကောင်းစား​လှ​ဝတ်ဆင်​ပါ​က ကြည့်​လို့ ကောင်း​နိုင်​ပါ​တယ်။”

“သူ​ဘယ်လောက်​ဘဲ ရုပ်​ဆိုး​ဆိုး နေ​သား ကျ​သွား​မှာ​ပါ။ ပိုက်ဆံ​ကို ပို​မြင်​လေ​လေ၊ ပို​ကြိုက်​လေ​ဖြစ်​မှာ​ပါ​ပဲ”

“ရုပ်​ချော​တဲ့ ယောင်္ကျား​လေး​က သမီးရည်းစား ချိန်း​တွေ့​ဖို့​အတွက်၊ ရုပ်​ဆိုး​တဲ့​အမျိုးသား​က အိမ်ထောင်​ပြု​ဖို့” စ​တဲ့ အကြောင်းပြ​ချက်​တွေ ပေး​ခဲ့​ကြ​ပါ​တယ်။

Credit to Trend Myanmar