Bethlehem Vengthlang FC နဲ့ Chanmari West FC တို့​ပွဲ​ယှဉ်​ပြိုင်​ကစား​တဲ့ ပွဲ​ချိန် ၆​၂ မိ​နစ်​မှာ Bethlehem Vengthlang FC အတွက် Peter Biaksangzuala ဂိုး​သွင်း​အပြီး Miroslav Klose အောင်ပွဲ​ခံ​သ​လို ကျွမ်းထိုး​အောင်ပွဲ​ခံ​ဖို့ ကြိုးစား​လုပ်ဆောင်​ခဲ့​တာ​ပါ။

အသက် ၂​၃ နှစ်​ရှိ​တဲ့​သူ​ဟာ ကျွမ်းထိုး​ပြီး​အကျ မြေပြင်​ကို ခေါင်း​နဲ့​ကျ​ခဲ့​တာ​ကြောင့် ကွင်း​အလယ်​မှာ ပြန်​မ​ထ​နိုင်​ဖြစ်​ခဲ့​တယ်။

Biakzangzuala ဟာ လည်ပင်း​ရိုး ကျိုး​ပျက်​သွား​ပြီး ဆေး​ရုံ​တင်​ခဲ့​ပေ​မယ့် တနင်္ဂနွေနေ့​မနက်​ပိုင်း ဆး​ရုံ​မှာ ဝမ်းနည်း​ကြေကွဲ​စွာ သေ​ဆုံး​သွား​ခဲ့​ပါ​တယ်။

သူ​ဟာ Germany နိုင်ငံ ဘော​လုံး​သမား Klose နောက်​ကျွမ်း​ပစ်​ဂိုး​ရအောင်​ပွဲခံ​သ​လို လိုက်​လုပ်​ဖို့ ကြိုးစား​ခဲ့​ပေ​မဲ့ ကံ​မ​ကောင်း​ဘဲ ရွယ်​ရည်​ထား​သ​လို​ဖြစ်​မ​လာ​ခဲ့​တာ​လို့ သ​တင်း​အရင်းအမြစ်​တစ်​ခု​က ပြောဆို​ခဲ့​ပါ​တယ်။

Credit to Trend Myanmar