အိမ်မက်​ဆုံ​ရာSeason5 မှာ (8th runner up)ဆု​ရ​ရှိ​သူ တစ်​ဦး​ဖြစ်​ပြီး တစ်​ကိုယ်တော်​အခွေ​လည်း စီစဉ်​နေ​ပြီ​ဖြစ်​တဲ့ ပိုး​အိ⁠အိ​ခန့်​ဟာ ဂီ​တ​အပြင် သရုပ်ဆောင်​တာ​ကို​လည်း ဝါသနာ​ပါ​သူ​ဖြစ်​လို့ ဗီ​ဒီ​ယို ဇာတ်​ကား​ရိုက်​ကူး​တွေ​မှာ​လည်း သရုပ်ဆောင်​ထား​တာ​ကို တွေ့​မြင်​ရ​ဦး​မှာ​ပဲ​ဖြစ်​ပါ​တယ်။ သူ့​ရဲ့ ရှေ့​ဆက်​လျှောက်​လှမ်း​သွား​မယ့် အနု​ပညာ​ခရီး​လမ်း​နဲ့ ပတ်သက်​ပြီး မေး​ဖြစ်​ခဲ့​တာ​ကတော့ “စ​လုပ်​ကတည်းက ပြီး⁠ပြီး​ရော လုပ်​တာ​မဟုတ်​ဘူး။ ကိုယ်​တကယ် ဝါသနာ​ပါ​လို့ စိတ်​နှစ်​ပြီး​တော့ လုပ်​ခဲ့​တာ​ပါ။ အသစ်​တစ်​ယောက်​အနေ​နဲ့​တော့ လို​အပ်​ချက်​တွေ အများ​ကြီး​ရှိ​ပါ​သေး​တယ်။ အများ​ကြီး ကြိုးစား​နေ​ပါ​တယ်။ အခွေ​က​လည်း​လုပ်​နေ​ပါ​တယ်။ နောက်​နှစ်​ထဲ​မှာ​ပဲ ထွက်​ဖြစ်​ဖို့ များ​ပါ​တယ်။ MTV ပါ တစ်ခါတည်း ထုတ်​ဖြစ်​ဖို့ များ​ပါ​တယ်။ သီချင်း​ကိုး​ပုဒ်​လောက်​တော့ ပြီး​နေ​ပါ​ပြီ။ pop၊ R&B၊ Country တို့ သီချင်း​လေး​တွေ များ​ပါ​တယ်။ အမြူး​လေး​တွေ​လည်း ပါ​တယ်။ rock သီချင်း​တစ်​ပုဒ်၊ နှစ်​ပုဒ်​လောက်​ပါ​မယ်။ ပြီး​တော့ အသံ​တွေ​ရဲ့​နောက် ဆို​တဲ့ သရဲ​ကား​တစ်​ကား ထွက်​နေ​ပြီ။ အဲ​ဒီ့​ထဲ​မှာ ညီမ​သရဲ​မ နေရာ​က ပါဝင်​သရုပ်ဆောင်​ထား​တယ်။ ညီမ​ကို ပရိသတ်​တွေ သတိ​မ​ထား​မိ​ဘူး​လို့ ထင်​ပါ​တယ်။ ဘာ​ဖြစ်​လို့​လဲဆို​တော့ ညီမ​ရိုက်​တာ​တော့ ရိုက်​ဖြစ်​တယ်။ မ​ထွက်​သေး​တာ​တွေ​လည်း​ရှိ​တယ်​လေ။ ပရိသတ်​လက်​ထဲ​မ​ရောက်​သေး​တော့ မ​သိ​ကြ​သေး​ဘူး​လို့ ထင်​ပါ​တယ်။”လို့ သူမ​က ပြော​ပြ​သွား​ပါ​တယ်။

အိမ်မက်​ဆုံ​ရာ​ပြီး​မှ အနု​ပညာ​အလုပ်​တွေ​ပို​လုပ်​ဖြစ်လာ​သလား​ဆို​တာ​ကို​တော့ သူမ​က “လုပ်​တော့ လုပ်​နေ​ရ​တယ်။ ဒါ​ပေ​မယ့် ပရိသတ် မ​သိ​ဘူး​ပေါ့။ နယ်​တွေ​မှာ ရှိုး​ဆို​ဖြစ်​ပါ​တယ်။ ညီမ အနု​ပညာ​လောက​ထဲ စ​ရောက်လာ​တာ​ကတော့ အိမ်မက်​ဆုံ​ရာ​မှာ ဂီ​တ​နဲ့​စ​ခဲ့​တာ ဆို​ပေ​မယ့် ညီမ သရုပ်ဆောင်​တာ ပို​ပြီး ဝါသနာ​ပါ⁠ပါ​တယ်။ ပို​ရူး​သွပ်​တာ​က​လည်း သရုပ်ဆောင်​တာ​လို့ ပြော​လို့ ရ​ပါ​တယ်။ ရှေ့​ဆက်​မယ့် အနု​ပညာ​ခရီး​မှာ​လည်း ဂီ​တ​နဲ့​သရုပ်ဆောင် နှစ်​ခု​လုံး​မှာ ညီမ လုပ်​နိုင်​သ​လောက် လုပ်​နိုင်​သ​ရွေ့ အမြဲ​တမ်း လုပ်​နေ​မှာ​ပါ​ပဲ။ သရုပ်ဆောင်​ပညာ​နဲ့ ပတ်သက်​ပြီး​က ညီမ​အခု မ​ကြည်ဖြူ​သျှင်​နဲ့​ပဲ ကား​တွေ ဆက်တိုက်​ရိုက်​ဖြစ်​နေ​တာ​ဆို​တော့ သူ​တို့​က​လည်း သင်ပေး​ပါ​တယ်။ ရုပ်​ရှင်​တွေ​ကြည့်​ပြီး လေ့​လာ​တယ်။ သရုပ်ဆောင်​ကြည့်​တယ်။ ဒါ​ရိုက်​တာ​တွေ သင်ပေး​တဲ့​အတိုင်း နားထောင်​တယ်။ လုပ်​ကြည့်​တယ်။ ညီမ​ရိုက်​ရ​ရင်​ပြီး​ရော ဆို​ပြီး​တော့ မ​ရိုက်​ပါ​ဘူး။ ဇာတ်​လမ်း​ကို သေချာ​ဖတ်​ပြီး​ရွေး​တယ်။ ကိုယ့်​အတွက်​နေရာ​နဲ့​လုပ်​ကွက် ရ​မယ့် ဇာတ်​မျိုး​ပေါ့။ ညီမ အခု​ချိန်​မှာ လို​အပ်​ချက်​တွေ အများ​ကြီး​ရှိ​ပါ​သေး​တယ်။ အဲ​ဒီ့​အတွက် အကောင်း​ဆုံး​ဖြစ်​အောင်​လို့ ကြိုးစား​နေ​ပါ​တယ်။ ပရိသတ်​ကြီး​က အားပေး ချစ်ခင်​ပေး​ကြ​ပါ​လို့ ပြော​ချင်​ပါ​တယ်”တဲ့။

Credit to Trend Myanmar