ကာ​တာ​အသင်း​ကို အ ချိန်​ပို​သွင်း​ဂိုး​ဖြင့် ရှုံး​နိမ့်​ခဲ့သော် လည်း မြန်မာ​ကစားသမား​များ​၏ စွမ်း​ဆောင်​ရည်​ကို ဂုဏ်​ယူ​မိ ကြောင်း မြန်မာ ယူ-၁​၉ အသင်း နည်း​ပြ​ချုပ် ဂတ်​ဖ​ရိုင်း​ဒ​ရစ်​က ပြော​သည်။

IMG_8021 aaafw

‘‘မြန်မာ​အသင်း​ရဲ့ ဒီ​နေ့ စွမ်း ဆောင်​ရည်​ကို အရမ်း​ကျေနပ်​ပါ တယ်။ ဒီ​လောက် စွမ်း​ဆောင်​ရည် ကို တွေ့​ပြီး​တဲ့​နောက်​မှာ​တော့ မြန်မာ​အသင်း​ရဲ့ နည်း​ပြ​ဖြစ်​ရ​တာ ဂုဏ်​ယူ​တယ်​လို့ ပြော​ရဲ​သွား​ပါ​ပြီ’’

ဟု အောက်တိုဘာ ၂​၀ ရက်​က သု​ဝဏ္ဏ​ကွင်း​၌ ယှဉ်​ပြိုင်​ကစား​ခဲ့ သည့် အာ​ရှ ယူ-၁​၉ ပြိုင်​ပွဲ အကြို ဗိုလ်​လု​ပွဲ​စဉ်​တွင် ကာ​တာ​အသင်း ကို အချိန်​ပို​သွင်း​ဂိုး ၂-၃ ဂိုး​ဖြင့် ရှုံး​နိမ့်​ခဲ့သော်​လည်း မစ္စတာ​ဂတ် က မြန်မာ​အသင်း​အတွက် ဂုဏ် ယူ​စွာ​ပြော​သည်။

အာ​ရှ​ထိပ်​သီး ကာ​တာ​အ သင်း​သည် ပထမ​ပိုင်း​တွင် မြန်မာ အသင်း​ကို ဖိ​အားပေး​ကစား​ကာ​ပွဲ​ချိန် ၄​၅ မိ​နစ်​တွင် ဦးဆောင်​ဂိုး သွင်း​ယူခဲ့​သည်။ မြန်မာ​အသင်း တိုက်​စစ်​ပို​မြှင့်​လာ​သည့် ဒုတိယ ပိုင်း​၌ အခွင့်အရေး ပို​ရ​လာ​ပြီး ပွဲ​ချိန် ၆​၁ မိ​နစ်​တွင် အောင်သူ​က ဂိုး​ဧ​ရိ​ယာ​ထိပ်​မှ လှပ​စွာ​ကန်​သွင်း​ကာ ချေပ​ဂိုး​ရ​ယူ​ပေး​ခဲ့​သည်။ နှစ်​မိ​နစ် အကြာ ပွဲ​ချိန် ၆​၃ မိ​နစ်​တွင် ပြစ် ဒဏ်​ဘော​မှ​တစ်​ဆင့် ငြိမ်း​ချမ်း အောင်​က ခေါင်း​တိုက်​သွင်း​ယူ ကာ ဦးဆောင်​ဂိုး​ရ​ယူ​နိုင်​ခဲ့​သည်။

ပွဲ​ချိန် ၇​၄ မိ​နစ်​တွင် ကာ​တာ အသင်း​အတွက် အဖိုးတန်​ချေပ​ဂိုး​ကို ပြစ်​ဒဏ်​ဘော​မှ​တစ်​ဆင့် တိုက်ရိုက် ကန်​သွင်း​ယူခဲ့​ခြင်း​ဖြစ်​သည်။ ပွဲ​ချိန် မိ​နစ် ၉​၀ တွင် နှစ်​ဂိုး​စီ သရေ​ကျနေ​သည့်​အတွက် အချိန် ပို ဆက်လက်​ယှဉ်​ပြိုင်​ခဲ့​ရာ ၉​၁ မိ​နစ်​တွင် ကာ​တာ​အသင်း​က အ နိုင်​ဂိုး​သွင်း​ယူခဲ့​သည်။ မြန်မာ​အ သင်း​သည် အိမ်​ကွင်းပ​ရိ​သတ် သုံး​သောင်း​ဝန်းကျင်​ရှေ့​၌ ပွဲ​ပြီး​ခါ​နီး​၌ ဖိ​ကစား​ကာ ဂိုး​ရ​နိုင်​သည့် အခွင့်အရေး ရ​ရှိ​ခဲ့သော်​လည်း လွဲ ချော်​ခဲ့​ရ​သည်။

‘‘မြန်မာ​အသင်း​က တောင့်တင်း​တဲ့ အသင်း​ဆို​တာ သိ​ပါ​တယ်။ မြန်မာ​အသင်း​ကို ချီး​ကျူး​လို​တာ​က တိုက်​စစ်​ကို လျှော့​မ​သွား​တဲ့ စိတ်​ဓာတ်​ကို​ပါ။ မြန်မာ​အသင်း​ဟာ ထိုက်ထိုက်​တန်⁠တန်​ခြေ​စစ်​ပွဲ​အောင်​တဲ့ အသင်း​ဖြစ်​ပါ​တယ်’’ ဟု ကာ​တာ​အသင်း​နည်း​ပြFelix SanChez က မြန်မာ​အသင်း

အပေါ် ချီး​ကျူး​ပြော​ကြား​သည်။ကာ​တာ​အသင်း​ကို အချိန်​ပို​သွင်း​ဂိုး​ဖြင့် ရှုံး​နိမ့်​ခဲ့သော်​လည်း​မြန်မာ​အသင်း​၏ စိတ်​ဓာတ်​နှင့်​ခြေ​စွမ်းအား မြန်မာ​ပရိသတ်​များ​အထူး​ကျေနပ်​ခဲ့​ကြ​ပြီး ပွဲ​အပြီး​တွင်​လည်း ကွင်း​အပြည့်​လက်​ခုပ်​များ​တီး အားပေး​ခဲ့​ကြ​သည်။

‘‘ကျွန်တော့်​သက်​တမ်း​တစ်​လျှောက် မြန်မာ​ဘော​လုံး​အသင်း​ရှုံး​ပေ​မယ့် ကျေနပ်​ခဲ့​ရ​တာ ဒီ​တစ်​ပွဲ​ပဲ​ရှိ​သေး​တယ်’’ဟု အသက် ၃​၀ အရွယ် ပရိသတ်​တစ်​ဦး​က သု​ဝဏ္ဏ​ကွင်း​မှ​အပြန်​တွင် ၎င်း​၏​ခံစား​ချက်​ကို ပြော​ပြ​ခဲ့​သည်။

အခြား အကြို​ဗိုလ်​လု​ပွဲ​စဉ်​တွင် မြောက်​ကို​ရီး​ယား​က ဥ​ဇ​ဘက်​ကစ္စ​တန်​အသင်း​ကို (၅-၀)ဂိုး​ဖြင့် အနိုင်​ယူခဲ့​သည်။ ထို့​ကြောင့် ဗိုလ်​လု​ပွဲ​တွင် မြောက်​ကို​ရီး​ယား​နှင့် ကာ​တာ အသင်း​တို့​သည် အောက်တိုဘာ ၂​၃ ရက်​တွင် ယှဉ်​ပြိုင်​ကစား​မည် ဖြစ်​သည်။ တတိယ​လု​ပွဲ​ကို​မူ မက​စား​တော့​ပေ။ မြန်မာ​အသင်း​သည် ဗိုလ်​လု​ပွဲ​နှင့် လွဲချော်​ခဲ့သော်​လည်း လာ​မည့် ၂​၀​၁​၅ ယူ ၂​၀ ကမ္ဘာ့​ဖလား​ပြိုင်​ပွဲ​သို့ ဝင်​ရောက်​ယှဉ်​ပြိုင်​ခွင့်​ရ​ရှိ​ထား​ပြီ​ဖြစ်​သည်။

Credit to 7Day Daily