ကွန်​ဖူး​ဘုရင်​လို့ခေါ်​တွင်​ခဲ့​ကြ​သော​ဂျက်​ကီ​ချန်း​သည်​က​မ​႓ာ​သိ​သရုပ်ဆောင်​တစ်​ဦး​ဖြစ်​ပါ​သည်။၁​၉​၈​၀​နှစ်​တွေ​က​နေ​ယနေ့​ထက်​တိုင် အောင်မြင်​မှု​တွေ​ရ​နေ​ဆဲ​အာ​ရှ​သရုပ်ဆောင်​တစ်​ဦး​လည်း​ဖြစ်​ပါ​သည်။ဂျက်​ကီ​ချန်း​၏​ငယ်​ဘဝ​သည်​ဆင်းရဲ​ခက်ထန်​ခဲ့​ပါ​သည်။
ဒါပေမဲ့​အမေ​ရိ​ကား​အထိ​ထိုး​ဖောက်​နိုင်​ဖို့​အတွက်​သူ့​သူငယ်ချင်း​မိတ်ဆွေ​တွေ​ကို​ပါ​အနိုင်​ရအောင်​မျက်စိ​မှိတ်​ကြိုးစား​ခဲ့​ပါ​သည်။သူ့​အိမ်ထောင် ဖက်​သည်​ထိုင်​ဝမ်​နာ​မည်ကျော်​သရုပ်ဆောင်​တစ်​ဦး​ဖြစ်​ပါ​သည်။အိမ်ထောင်​ရေး​မြဲမြံ​ခဲ့သော်​လည်း​မိသား​စု​နဲ့​သိပ်​တော့​နွေး⁠နွေး​ထွေး​ထွေး မ​ရှိ​ခဲ့​ပါ​ဘူး။
သား​ဖြစ်​သူ​ဂျေ​စီ​ချန်း​သည်​အမေ​ရိ​ကား​တွင်​ကြီးပြင်း​ခဲ့​ပြီး၊ဖ​ခင်​ဖြစ်​သူ​နှင့်​အနေ​ဝေး​ခဲ့​ပါ​သည်။သား​ဖြစ်​သူ​သည်​ဇန်နဝါရီ​လ​တွင်​မူး​ယစ်​ဆေးဝါး​လက်​ဝယ်​ကိုင်​ဆိုင်​မှု၊သုံးစွဲ​ခြင်း​တို့​ကြောင့်​ထောင်​သုံး​လ​ကျ​ခံ​ခဲ့​ရ​ပါ​သည်။
သား​ဖြစ်​သူ​နှင့်​ပတ်​သတ်​လို့​မေးမြန်း​တဲ့​အခါ​မှာ​တော့“ကျွန်တော်​ဖ​ခင်​မ​ကွယ်​လွန်​ခင်​ဖ​ခင်​ကို​ကျွန်တော်​ပြော​ခဲ့​တယ်။အဖေ….အဖေ​ကွယ်​လွန်​ခဲ့​ရင်​ကျွန်တော်​လာ​မ​ကန့်​တော့​ဘူး​လို့။အဖေ့​ကို​ကန်တော့​လိုက်​တဲ့​အချိန်​တွေ​က​လိုက်​ရင်ကား​ပြိုင်​လိုက် လို့​ဖြုန်းတီး​လိုက်​တဲ့​အချိန် တွေ​လို၊အဖေ​အတွက်​လည်း​မီးရှို့​မ​ပေး​ဘူး​လို့၊မီးရှို့​လိုက်​တဲ့​စက္ကူ​တွေ​အတွက်​ပိုက်ဆံ​တွေ​ဖြုန်းတီး​ရာ​ကျ​သ​လို၊ပတ်ဝန်းကျင်​အတွက်​လည်း​ညစ်ညမ်း​မှု တွေ​ဖြစ်​တယ်​လို့​ကျွန်တော်​ပြော​ခဲ့​တယ်။ကျွန်တော်​ဖ​ခင်​က​လည်း​ကျွန်တော်​ကို​လာ​ကန်တော့​စရာ​မ​လို​ပါ​ဘူး​တဲ့“မင်း​ငါ့​အပေါ်​မှ​ဒီ​လောက် တာဝန်​ကျေ​ခဲ့​တာ။သေ​မှာ​တော့​လာ​ကန်တော့​စရာ​မ​လို​တော့​ပါ​ဘူး​တဲ့။”
ဒါ​ကြောင့်​ကျွန်တော့်​သား​ကို​ကျွန်တော်​ပြော​ခဲ့​တယ်“မင်း​လည်း​ငါ​အသက်​ရှင်​တုန်း​လေး​မှာ​ငါ့​အတွက်​နည်း⁠နည်း​လေး​လောက်​ကောင်း​ပေး​နိုင်​ရင်​လုံလောက်​ပြီး​လို့။ငါ​မင်း​အဘိုးပေါ်​မှာ​ဘယ်​လို​ဆက်ဆံ​သလဲ။မင်း​လည်း​ငါ့ကို​အဲ​ဒီ​လို​ပဲ​ဆက်ဆံ​လို့​ပြော​ခဲ့​တယ်။”
ဂျက်​ကီး​ချန်း​သည်​သား​ဖြစ်​သူ​နဲ့​ပတ်​သတ်​ပြီး​သူ့​ခံစား​ချက်​တွေ​ပြော​ပြ​ပြီး​တဲ့​နောက်​မှာ​တော့၊သူ့​သရုပ်ဆောင်​ဘ၀​နဲ့​ပတ်​သတ်​တဲ့​ခံစား​မှု​တစ်​ချို့​ကို​ပြော​ပြ​ခဲ့​ပါ​သည်။
“ကျွန်တော်​ငယ်ရွယ်​စဉ်​တုန်း​ကတော့​အမေ​ရိ​ကား​ကို​ထိုး​ဖောက်​နိုင်​ဖို့​အတွက်​သူငယ်ချင်း​တွေ​ကို​တောင်​အနိုင် တိုက်​ခဲ့​တယ်။အခု​တော့​လက်မှတ်​ရောင်း​အား​ကောင်း​တာ​တွေ​ကို​တော့​စိတ်​မ​ဝင်စား​တော့​ဘူး။ဇာတ်​လမ်း​ကောင်း​ရင်​ပြီး​တာ​ပဲ။ကျွန်တော်​ပါဝင်​သရုပ်ဆောင်​ထား​တဲ့​ဇာတ်​ကား​တွေ​ဇာတ်​ကား​ကောင်း​လေး​တွေ​အဖြစ်​ပြီး​ထင်​ကျန်​ရစ်​နေ​ဖို့​ပဲ​လို​တော့​တယ်။
တစ်​ချို့​ဇာတ်​ကား​တွေ​က​ရုံ​မ​ပြည်​မှာ​ကို​သိ​ပေ​မဲ့​ဇာတ်​လေး​ကောင်း​ရင်​သရုပ်ဆောင်​လိုက်​တယ်။ကျွန်တော်​အတွက်​တော့​ကောင်း​တယ်​လေ။ကျွန်တော်​အခု​အသက် ၆​၂​နှစ်​ရှိ​နေ​ပြီ။ဒါပေမဲ့​ကျွန်တော်​ပါဝင်​သရုပ်ဆောင်​ထား​တဲ့​ဇာတ်​ကား​တွေ​ကို​တော့​လူ​တွေ​က​အားပေး​နေ​တုန်း​ပဲ​လေ။အံ့ဩ​စရာ​ကောင်း​မ​နေ​ဘူး​လား။အခု​ချိန်​မှာ​ကား​တိုက်​လို့​ပဲ​ဖြစ်​ဖြစ်၊လေ​ယဉ်​ပျက်​ကျ​လို့​ပဲ​ဖြစ်⁠ဖြစ်​နောက်​ဆံ​တင်း​နေ​စရာ​အဖြစ်​မျိုး​တောင်​မ​ရှိ​တော​ဘူး။”
ဂျက်​ကီ​ချန်း​အနေ​နဲ့​ကတော့​နောက်ထပ်​ငါး​နှစ်​တောင်​သူ့​အနု​ပညာ​ဘဝ​က​နေ​အနား​ယူ​ဖြစ်​မှာ​မဟုတ်​သေး​ဘူး​တဲ့။
“ကျွန်တော်​တစ်​ခါ​တစ်​လေ​ကျွန် တော်​ရိုက်​ကွင်း​မှာ​ကျွန်တော်​သရုပ်ဆောင်​ရ​တဲ့​ပုံ​ရိပ်​တွေ​ကို​ကျွန်တော်​ဇနီး​ဆီ​ဓာတ်​ပုံ​ရိုက်​ပြီး​ပို့​လိုက်​တယ်။ပြီး​ရင်​ကျွန်တော်​က​ပြော​လိုက်​သေး​တယ်“ငါ​ဘယ်လောက်​ပင်း​ပန်း​နေ​သလဲ​ဆို​တာ​ကို​မြင်​တယ်​မ​လား​လို့။”ကျွန်တော့်​ဇနီး​ပြန်ပြော​လိုက်​တာ​ကတော့“ရှင့်​ရဲ့ပျော်​ရွှင်​ခြင်း​ဒုက္ခ​တွေ တဲ့။”

Credit to FB