အောက်တိုဘာ​လ​မှာ အာ​ရှ​စီးပွား​ရေး​ထိပ်​တန်း​နိုင်ငံ​ဖြစ်​တဲ့​ဂျပန်​ပြည်​ကို သွား​ရောက်​လေ့​လာ​ခွင့်​ရ​တော့​မည် ဖြစ်​၍ ကျွန်မ​သိတ်ပျှော်​နေ​ခဲ့​ပါ​တယ်။ ရာသီ​ဥတု​ကောင်း​တယ်​လို့​ဂူ​ဂဲလ်​က ဆို​ထား​လေ​တော့ ပါ​ရီ​က ဝယ်​လာ​တဲ့ Zara ဂါဝန်​တို⁠တို​လှ⁠လှ​လေး​တွေ​လည်း မ​မေ့​မ​လျှော့ ထည့်​ခဲ့​ပြန်​သေး​တယ်။

ဂျပန် ANA လေ​ကြောင်း​လိုင်း​ကို​ပထမ​ဦး​ဆုံး​စီး​ဖြစ်​ခဲ့​တယ်။ ည​ဖက်​စီး​ရ​တဲ့​အပြင် ခရီး​သွားဖော်​မြန်မာ​အေး​ဂျင့်​မှ​မိတ်ဆွေ​များ​နဲ့​စကား​ဖောင်​ဖွဲ့​နေ​ရ​၍ လေ​ယာဉ်​မယ်​လေး​များဖော်​ရွေ​သည်​ဟု အနည်းငယ်​မှတ်သား​မိ​သည်​မှ​လွှဲ​၍ ထူး​ထူးခြား​ခြား​သိတ်​မ​ရှိ​ခဲ့​ပါ။

လေ​ဆိပ်​ရောက်သော် ကား​အဆင်သင့်၊ဒ​ရိုင်​ဘာ​က​လည်း​ကျွန်မ​တို့​အိတ်​တွေ အကုန်​လုံး​ကြုံး​သယ်​ပေး​တော့ ဟန်ကျ​နေ​ခဲ့​ပါ​တယ်။
ဂျပန်​လူ​မျိုး​များ​နှင့်​နှစ်​ပေါင်း​များ​စွာ​အလုပ်​လုပ်​နေ​သော သူငယ်ချင်း​က​လည်း ခရီး​လမ်း​တစ်​လျှောက် ဂျပန်​နိုင်ငံ​နှင့်​လူ​မျိုး​အလေ့​အထ​များ​ကို​တစ်ဖက်​က​ကွန်​ပြူ​တာ​နှင့် အလုပ်​လည်း​လုပ်​ရင်း ကျွန်မ​တို့​အား​လည်း ရှင်း​ပြ​ပါ​သေး​တယ်။ သူ​အလုပ်​လုပ်​တာ​ကို​ကြည့်​နေ​ရင်း​မှ အလုပ်​အလွန်​လုပ်​သူ​ဟု နံ​မည်​ကြီး​သော ဂျပန်​များ ကျွန်မ​လောက်​အလုပ်​လုပ်​သလား​ဆို​တာ​ကို​သိ​ချင်​စိတ်​ပျင်း​ပျ​မိ​သည်။ ကျွန်မ​အလုပ်​လုပ်​ချိန်​က (ဖေ့​ဘွတ်​ကင်း အချိန်​ပါ​ထည့်​ပေါင်း​တာ​ပေါ့နော်)စနေနေ့​အပါအဝင် တစ်​နေ့​ကို အနည်း​ဆုံး ၁​၀ နာရီ​ရှိ​တာ​ကိုး။

သည်လို​နဲ့ လမ်း​တစ်​လျှောက်​ကြည့်​လာ​ရင်း​ရုံးတက်​ဖို့​သွား​နေ​တဲ့​သူ​တွေ​ကို တွေ့​ရ​ပါ​တော့​တယ်။ အဆို​ပါ မြင်​ကွင်း​က ကျွန်မ​ကို ပါး​စပ်​အဟောင်း​သား​ဖြစ်​သွား​တော့​တာ​ပါ​ပဲ။ဂျပန်​အမျိုးသမီး​တွေ​က အကျီၤ​လက်ရှည် ဂါဝန်​ရှည်​ကြီး​တွေ​နဲ့ ၁​၈ ရာ​စု​က အဝတ်​အစား​တွေ ပုံစံ​မျိး​ဝတ်စား​ထား​တာ​ကိုး။ ဘယ်​နှယ့်​လုပ်​ပြီး ဒီ​မို​က​ရေ​စီ​တိုင်း​ပြည်​က အမျိုးသမီး​တွေ ဒီ​လောက်​ပုံစံ​တွေ​ဖြစ်​နေ​ရသ​လဲ​လို့​စိတ်​ထဲ​က​တွေး​ပြီး အံ့ဩ​မိ​နေ​ပါ​ရဲ့။
ဥ​ရော​ပ​မှာ​ဆို အမျိုးသမီး​တွေ​က​နေရောင်​လေး​ထွက်​တာ​ကို​ပဲ စောင့်မျှော်​နေ​ကြ​တာ​လေ။ နေရောင်​စမြင်​ပြီး​ဆို​တာ​နဲ့ ရှိ​သ​မျှ​အပေါ်​အင်္ကျီ​ထူ​တွေ​ချွတ်​ပြီး​ခန္တာ​ကိုယ်​အလှ​ကို​ပြ​ကြ​တာ​မ​လား။ ဥ​ရော​ပ အတွေး​အမြင်​မှာ အမျိုးသမီး​ပီ​သ​တဲ့ ရင်သား၊တင်သား​ရှိ​တဲ့​ခန္တာ​ကိုယ်​အချိုးအစား​ကို ဖော်​ပြ​ထား​တာ​ကို သ​ဘာ​ဝ​အလှ​တစ်ပါး​လို့ သတ်​မှတ်​တာ​ကိုး။

ဒီ​လို​နဲ့​ပဲ ကျွန်မ​တို့​အားလုံး​ဟိုတယ်​ရောက်​ပါ​လေ​ရော။
ဧည့်​ကြို​ကောင်​တာ​မှာ စာ​ရွက်​ဖြည့်​နေ​တုံး​တူညီ​ဝတ်​စုံ​ဝတ်​ထား​တဲ့ ဝန်​ထမ်း​သုံး​ဦး​ဘေး​နား​က ဖြတ်​သွား​တယ်။ အို​ကေ​လေ…ဖြတ်​ပေါ့..
အဲ့​ဒီ့​အချိန်​မှာ ရုတ်​တရက်​ကြီး( ဝါ​တာ​ရှိ​၀…ဝမ်း⁠ဝမ်း​၀…ဘာ​ဝ​ညာ​၀…) ဆို​ပြီး သုံး​ယောက်​သား ခါး​ကုန်းအော်​ပါ​လေ​ရော….ကျွန်မ​လန့်​သွား​တာ​မှလိ်ပ်​ပြာ​တောင်​လွင့်​မ​တက်​ဖြစ်​သွား​တယ်။ အိပ်​ရေး​က​လည်း​ပျက်​နေ​သေး​တယ်​လေ..
နောက်မှ​သူငယ်ချင်း​က​ပြော​တယ်…ဧည့်သည်​တွေ​ကို​ကြိုဆို​တာ​တဲ့………
ဟူး..တော်​ပါ​သေး​ရဲ့။

နေ့​လည်​ပိုင်း​ကျ​တော့ ကျွန်မ​တို့​တစ်​အုပ်စု​လုံး​ကို ခေါင်းဆောင်​ဖြစ်​သူ သူငယ်ချင်း​က မြို့​ပတ်​ပြီး​လိုက်​ပြ​ပါ​တယ်။ ရထား​ဂိတ်​ပေါက်ရောက်​တော့​ဂိတ်​လက်ရမ်း​တွေ ပြောင်လက်​ပြီး​ဖုန်​တစ်​စက်​မှ မ​ရှိ​တာ​တွေ့​ရ​တယ်။ ဘေး​မှာ​လည်း ယူ​နီ​ဖောင်းဝတ်​အလုပ်​သမား​တစ်​ဦး​ကလက်​ရမ်း​တွေ အပူ​ထွက်​မ​တက် တိုက်​နေ​လေ​ရဲ့။
မြင်​ကွင်း​က​ရိုး⁠ရိုး​လေး​ပါ……။
ဒါပေမဲ့ ထူးဆန်း​တာ​က အဆို​ပါ​အလုပ်​သမား​က​သူ့​အဝတ်​နဲ့ လက်ရမ်း​နဲ့​ထိ​ပြီး ပွတ်တိုက်​နေ​ပုံ​က လေ့ကျင့်​နေ​တဲ့ စစ်​သားတစ်​ဦး​နဲ့ ပို​တူ​နေ​ပြန်​ရော…..။
ကျွန်မ​ရောက်​နေ​တာ အာ​ရှ​ထိပ်​တန်း ဂျပန်​ပြည်​လေ… အကုန်​လုံး​က Perfect ပေါ့…ဟုတ်​တယ်​မ​လား။

ဘူ​တာ​ရောက်​တဲ့​အခါ ရထား​စောင့်​ရင်း​မြေပုံ​ကို​တစ်​ချက်​လေ့​လာ​ကြည့်​လိုက်​တယ်။
အားပါး​ပါး…..ရထား​လိုင်း​တွေ​အများ​ကြီး​ပါ​လား..ရေးထား​သ​မျှ​က​လည်း​ဂျပန်​စာ​ကို အင်္ဂလိပ်​လို​မွေးစားထား​တာ​တွေ…(ငါ​ဘယ်​လို​မှတ်သား​ရ​မ​လဲ..တစ်​ယောက်​တည်း​သွား​ရင် မြေပုံ​နဲ့​တင်​လယ်​နေ​မှာ​လို့ ဘာသာ​တွေး​လိုက်​မိ​တယ်)
ဘူ​တာ​ထဲ​မှာ​စောင့်​နေ​တဲ့​သူ​တွေ​အများ​သား….ခန့်​မှန်းခြေ လူ​တစ်​ရာ​လောက်​ရှိ​မယ်​ထင်​တယ်..။
ကြည့်​နေ​တုံး ရထား​ကြီး​ဆိုက်ရောက်​လာ​ပါပ​ကော….
ဒီ​အချိန်​မှာ ရထား​မ​ဆိုက်​မီ​က​သပ်သပ်​ဆီ​ရှိ​နေ​တဲ့ ဂျပန်​တွေ​တော့ ဥ​ရော​ပ​မှာ​လို ဝင်​ပေါက်​နား​မှာ ချဉ်းကပ်​မှာ​ပဲ​လို့ ကျွန်မ​က​ထင်​ထား​တာ​ပေါ့။
သို့​ပေ့​မယ် သူငယ်ချင်း​က​နောက်​ဘက်​ကိုခေါ်​သွား​တယ်………အို​ကေ ကိုယ်​က​နောက်​လိုက်​ပဲ…လိုက်​မှာ​ပေါ့နော့်။ ရထား​ပေါက်​ပွင့်​ချိန်​မှာ​ဂျပန်​တွေ​အေး​ဆေး​ဆင်း​လာ​တယ်။ စိတ်​မ​ရှည်​ချင်​စရာ..။ သို့သော်​သူ​တို့​အားလုံး​ဆင်း​ပြီး​မှ​သာ​ခု​န​က ရထား​စောင့်​နေ​တဲ့ ဂျပန်​တွေ​အားလုံး​ဟာ သား⁠သား​တို့​ကျောင်း​က​လို​ပဲ line up လေး​လုပ်​ပြီး​တန်း​စီ​ညီ⁠ညီ​လေး ရ​ထားပေါ်​ဝင်​သွား​ကြ​ပါ​တော့​တယ်…ကိုယ်​လည်း​နောက်​က​နေ အသာ​လိုက်​တာ​ပေါ့နော်…
(စိတ်​ထဲ​က​တွေး​ခြင်း၊ ဟယ်…စည်းကမ်းရှိ​လိုက်​ကြ​တာ…တို့​မြန်မာ​တွေ​နဲ့​များ တစ်​ခြား​ဆီ​ပဲ)။

ရထား​က​အကြာ​ကြီး​စီး​ရ​မှာ​ဆို​တော့​ကျွန်မ​ဖုံး​လေး​ထုတ်​ပြီး ဂျပန်​မှာ​နေ​တဲ့ သူငယ်ချင်း​ကို ဖုန်း​ဆက်​မယ်​လုပ်​တာ​ပေါ့။
ရ​ထားပေါ်​မှာ ဖုန်း​မ​ပြော​ရ​ဘူးနော်​တဲ့​သူငယ်ချင်း​က သတိပေး​လာ​တယ်………….(အွန့်)
ဖုံး​ပြော​ချင်​ရင် ဘူတာရုံ​ဆင်း​ပြော​ရ​တယ်​တဲ့….(ဪ…ဟုတ်ကဲ့..ဟုတ်​ကဲ့နော်)

ဂျပန်​ပြည်​တစ်​နေ့​တာ​အချိန်​က​သာသာ​ယာ⁠ယာ​ပြီး​ဆုံး​ခဲ့​ပေ​မယ့် ကျွန်မ​စိတ်​ထဲ​မှာ တစ်​ခု⁠ခု​လို​နေ​ပါ​တယ်။ ဘာ​လို​နေ​မှန်း​ကို မ​သိ​ပါ​ဘူး……။

နောက်​တစ်​နေ့​မနက်……..
မနက်​စာ စား​နေ​ခန်း​တွင်​ဖြစ်​ပါ​တယ်။ခရီးသွား​ပြ​ပွဲ​ကို တန်း​သွား​ရ​မှာ​ဆို​တော့ ကျွန်မ​ကိုယ်ပေါ်​မှာ မြန်မာ​ဝတ်​စုံ လှ⁠လှ​လေး​လည်း​ဆင်​မြန်း​ထား​ပါ​တယ်။ ဒါပေမဲ့​လည်း ည​က ည​နက်​ထိ​အလုပ်​လုပ်​ထား​တာ​ရယ် စံတော်​ချိန်​မ​တူညီ​တာ​ရယ်​ကြောင့်​အိပ်​ချင်​မူး​တူး​ဖြစ်​နေ​ပါ​တယ်။
ကော်​ဖီ​သွား​ယူ​ဖို့​နေရာ​မှ​အထ​မှာ​စား​သောက်​ဆိုင်​က စားပွဲ​ထိုး​ကို မ​မြင်​ပဲ​နည်း⁠နည်း​တိုက်မိ​သွား​တယ်။ ကျွန်မ​ကတိုက်​မိ​တာ​ဆို​တော့​သူမ​ကို​ဆောရီး​လို့ လှည့်​ပြီး​တောင်းပန်​လိုက်​ပါ​တယ်။ သူမ​ကတော့ ကျွန်မ​ကို တောင်းပန်​တဲ့ အမူအရာ​နဲ့​ခါး​လေးကိုင်း​ပြီး နှစ်​ခါ​တိတိ​ပြုလုပ်​ပါ​တယ်။ စားပွဲ​ထိုး​တစ်​ယောက် ဒီ​လောက်​ထိ ယဉ်ကျေး​တာ​ကျွန်မ​ဘဝ​မှာ ပထမ​ဦး​ဆုံး​တွေ့​ဘူး​လို့ သိတ်​အထူး​အဆန်း​ဖြစ်​ရ​ပါ​တယ်။ ကျွန်မ​လည်း တက်​သ​လောက်​ကိုယ်​ဟန်​အမူအရာ(မ​ကိုင်း​တက်​ကိုင်း​တက်​နဲ့​ပေါ့နော်)နဲ့ ပြန်​တောင်းပန်​လိုက်​ပါ​တယ်။ ကျွန်မ​တစ်​ခါ​ကိုင်း​တိုင်း​သူမ​က ထပ်​ကိုင်း​မယ့်​သဘော​မျိုး​မြင်​နေ​ရ​တော့ ကျွန်မ​က တစ်​ခါ​ပဲ​ကိုင်း​လိုက်​ပါ​တော့​တယ်။

ဒုတိယ​နေ့ ဂျပန်​ပြည်​မှာပျှော်​ရွှင်​စွာ​ဖြတ်​သန်း​ခဲ့​လေ​တယ်။

တတိယ​နေ့…
ဧည့်​ကြို​ကို လို​အပ်​တဲ့​အကူအညီ​တစ်​ခု​သွား​တောင်း​တယ်။ ဧည့်​ကြို​ကောင်​မ​လေး​က အင်္ဂလိပ်​လို​မ​ပြော​တက်​လေ​တော့ အမူအရာ​နဲ့ ကောင်​လေး​တစ်​ယောက်​ကို လွှဲ​ပေး​တယ်။ သူ​ပြော​တဲ့​အင်္ဂလိပ်​စာမ​ပီ​သ​လို့ ကျွန်မ​နား​မ​လည်​ပါ​ဘူး။ ဒီ​နေရာ​မှာ ဥ​ရော​ပ​သား​တွေ​လို​ပဲ (ဂျာမန်​မှ​လွဲ​၍) အင်္ဂလိပ်​စာ​ကို​သေသေချာချာ​မ​သင်​တော့​တဲ့​အတွက် နိုင်ငံ​တစ်​ကာ ယဉ်ကျေး​မှု့​နဲ့ အဆက်​အသွယ်​ပြတ်​နေ​မှု့​ကို တွေ့​မြင်​ရ​ပါ​တယ်။

တိုင်း​ပြည်​တစ်​ခု တိုးတက်​လာ​ရင်​မိမိ​ဘာသာ​စကား​တစ်​ခု​တည်း​ကို ပြောဆို​တက်​ပြီး အခြား​ဘာသာ​စကား​ကို သင်​ယူ​မှု့​မ​ရှိ​ခြင်း​ဟာ ခေတ်​စနစ်​ကောင်း​လို့​တိုင်း​ပြည်​တိုးတက်​ပေ​မယ့် ပြည်​သူ​တွေ​လိုက်​မ​မှီ​နိုင်​တော့​ပါ။ ကမ္ဘာ​သုံး​စကား​က အင်္ဂလိပ်​စာ​ပဲ​လေ…မိ​ခင်​ဘာသာ​မှ​မဟုတ်​တာ​ကိုး..

လေး​ရက်​မြောက်​နေ့​မှာ ချစ်​လှ​စွာ​သော​ငယ်​သူငယ်ချင်း​က တို​ကျို​ရဲ့ အထင်​ကရ​နေရာ​တွေ​ကို လိုက်ပို့​ရင်း ဂျပန်​တွေ​ရဲ့ ယဉ်ကျေး​မှု့၊ဓလေ့​ထုံးစံ​တွေ​ကို ရှင်း​ပြ​ပါ​တယ်…။ မ​လာ​ခင်​တည်း​က ကြို​လေ့​လာ​ထား​တဲ့​အတွက် ဂျပန်​ဘာသာ​စကား​ရဲ့​ရှေး​ဟောင်း​ကျ​မှု့၊ ယဉ်ကျေး​မှု့​မြင့်​မား​မှု့​တွေ​ကို ထင်​ဟပ်​တဲ့​နေရာ​တွေ​ကို လည်ပတ်​ခွင့်​ရ​တဲ့​အခါ​ဖတ်​ထား​တွေ​နဲ့ မျက်စိ​နဲ့​မြင်​တာ​တွေ​ကို ဆက်​ဟပ်​တွေးတော​နိုင်​လာ​ပါ​တယ်။
သူငယ်ချင်း​မိသား​စု​က ည​ဖက်​မှာ​လည်း​မြို့​လက်​ခေါင်​က ဘား​ကလပ်​တစ်​ခု​ကို​လိုက်ပို့​ပါ​တယ်။ သေ​သပ်​လှပ​သော အဆို​ပါ​ဘား​ထဲ​မှာ ဂျပန်​စုံ​တွဲ​အများ​အပြား​နေရာ​ယူထား​ပါ​တယ်။
တီး​လုံး​တစ်​ခု​ပြောင်း​သွား​တိုင်း​စုံ​တွဲ​တွေ​က​ကြ​လေ​သ​တည်းပေါ့်နော်…ဒါ​ပေ​မယ့်​သူ​တို့ က​ပုံ​က​နည်း​က အလွန်​ကို ကွာ​ခြား​ပါ​တယ်။ ကျွန်မ​တို့​တိုင်း​ပြည်​က ကလပ်​တွေ​မှာ​က​တဲ့ ပုံစံ​တွေ​နဲ့​တောင်​မ​တူ​ပဲ အလွန်​ကို ထိမ်း​သိမ်းထား​တဲ့ ကိုယ်​ဟန်​အမှုအရာ​တွေ​ပါ……………..(မော​ပြီး​ငွေ​ကုန်​လိုက်​တာနော်….)
ယဉ်ကျေး​မှု့ ထိန်းသိမ်း​တယ်​လို့​ပဲ​ဆို​ရ​မှာ​ပေါ့​လေ။

ခရီးသွား​ပြ​ပွဲ​အပြီး​မှာ​မိတ်ဆွေ​များ​နဲ့​လည်ပတ်​ကြ​ပါ​တယ်။
လမ်း​မှာ​တွေ့​တဲ့ ဂျပန်​တစ်​ယောက်​က​လည်ပင်း​ကျယ်​ကျယ် ဂါဝန်​တို​လေး ဝတ်​ထား​တဲ့ ကျွန်မ​ကို လှည့်​ကြည့်ပါ​တယ်။
ကြည့်​လေ…ကြည့်​ပေါ့..ဘာ​ဆန်း​လဲ..ကျွန်မ​လည်း​စိတ်ဝင်စား​စရာ​ပုံစံ​ရှိ​တဲ့ ယောင်္ကျား​ဆို​ရင် မ​သိ​မသာ​ကြည့်​မိ​တာ​ပဲ။
အယ်…ထူးဆန်း​တာ​တစ်​ခု​က​အဲ့​ဒီ့​ဂျပန်​က ကျွန်မ​ရော ဘေး​နား​က​သူ​တွေ​ရော မ​သိ​အောင် ခေါင်း​မ​စောင်း​ပဲ မျက်လုံး​ထောင့်​ပဲ​စောင်း​ပြီး​ကြည့်​တာ​ပါ​ရှင်….။
အံ့ဩ​ပါ​ရဲ့….သူ့​အစား​မော​လိုက်​တာ​လေ…။(သနား​စရာ​ပုံစံ​လေး​ကို မြင်​ယောင်​သာ​ကြည့်ပါ​တော့)

ဘူ​တာ​တစ်​ခေါက် ထပ်​ရောက်​ပြန်​ပြီ။
ဒီ​တစ်​ခါ​ဖြတ်​ရ​တဲ့ ဘူတာရုံ​ကတော့​လူ​ဦးရေ​တစ်​ထောင်​လောက် ရထား​စောင့်​နေ​တဲ့​နေရာ​ပါ။ ဒီ​ပုံစံ​တိုင်း​ဆို နေရာ​လည်း​မ​ရှိ​တော့ တိုး​ဝေ့​တက်​ရ​မယ့်​ပုံစံ​ပဲ​လို့​ကျွန်မ​တွေး​မိ​ပြီး​အသင့်​အနေအထား​ရှိ​နေ​ပါ​တယ်။
ရထား​ဆိုက်​လည်း​ဆိုက်​ရော​အစော​ပိုင်း​က လူ​တစ်​ထောင်​လောက်​က အသီး​သီး line up လုပ်​ပြီး စည်းကမ်းရှိ​ရှိ​တန်း​စီ​နေ​ပုံ​များ​ကို​မြင်​လိုက်​ရ​သော​မြင်​ကွင်း​က ကျွန်မ​အတွက်​တော့ culture shock ဖြစ်​ပြီး ကမ္ဘာ​သစ်​တစ်​ခု​ကို​ရောက်​နေ​သ​လို​ပင်….။

အဲ့​ဒီ့​အချိန်​ဟာ ကျွန်မ​တစ်​ခု⁠ခု​လို​နေ​တာ​ကို ရှာဖွေ​တွေ့​ရှိ​တဲ့ အချိန်​ပါ​ပဲ။

ဘာ​တိုင်း​ပြည်​လို့ ကျွန်မ​ထင်​နေ​တယ်​လို့​စာ​ဖတ်​သူ​ယူဆ​ပါ​သလဲ………….။
ကျွန်မ​ရောက်​နေ​သော တိုင်း​ပြည်​မှာ တကယ်​တော့ စက်​ရုပ်​တိုင်း​ပြည်​ဖြစ်​နေ​ခြင်း​ပါ။

ကျွန်မ​တို့ ပြင်​သစ်​အနု​စာပေ​နှင့် သမိုင်း​ကို သင်ကြား​တဲ့​အခါ​မှာ အလေး​နက်​ဆုံး​မှတ်သား​ပြီး ကြိုက်​နှစ်သက်​ရ​တဲ့ စာ​ပိုဒ်​တစ်​ခု​က Liberté-Egalité-Fraternité ဖြစ်​ပါ​တယ်။အဓိပ္ပါယ်​ကတော့​လွတ်လပ်​ခြင်း-တရား​မျှတ​ခြင်း-ညီညွတ်​စွာ​ပေါင်းသင်း​နေထိုင်​ခြင်း တို့​ဖြစ်​ပါ​တယ်။ ပြင်​သစ်​ယဉ်ကျေး​မှု့​အနု​စာပေ​ကို လေ့​လာ​လိုက်စား​သူ​တစ်​ဦး​အနေ​ဖြင့် ၎င်း​စာ​ပိုဒ်​သည်​လူ​သား​ကို တန်ဖိုး​ထား​သော လူ​သား​ဆန်​သော ဒီ​မို​က​ရေ​စီ​၏ အနှစ်သာရ​များ​လို့ သိရှိ​ထား​ပါ​တယ်။

တိုင်း​ပြည်​တစ်​ခု​မှာ လူ​သား​တွေ​ကို​စည်းကမ်းရှိ​ဖို့၊ ယဉ်ကျေး​ဖို့ အစ​ရှိ​တဲ့ လူဘောင်​အဖွဲ့​အစည်း​စည်းကမ်း​တွေ​ရှိ​နေ​တာ သ​ဘာ​ဝ​ကျ​ပါ​တယ်။
သို့သော်​လည်း ဒီ​လူဘောင်​စည်းကမ်း​တွေ​ကို​တိတိ​ကျ⁠ကျ​လိုက်နာ​ခိုင်း​တယ်၊ အကုန်​လုံး​လိုက်နာ​ရ​မယ်​ဆို​ရင် လူ​သား​မ​ဆန်​တော့​ဘူး​ပေါ့………
လူ​သား​သည် အမုန်း၊အချစ်၊မ​နာလို၊ဝန်တို​အစ​ရှိ​သည်​တို့ ဖုံးလွှမ်း​နေ​သော သတ္တဝါ​တစ်​ဦး​သာ​လျှင်​ဖြစ်​ပါ​တယ်။ မိမိ​မှာ​ရှိ​နေ​တဲ့ အတ္တ၊မာန်​မာန​နဲ့​အခြား​အတွင်း​စိတ်​အားလုံး​ကို ပုံ​မှန်​ထက်​ပိုမို​ဖုံးကွယ်​ခြင်း​သည် လူ​သား​မ​ဆန်​ခြင်း​သာ​ဖြစ်​ပါ​တယ်။

လူ​သား​မ​ဆန်​ခြင်း​နဲ့ ပတ်သက်​လို့​ပေး​ရ​မယ့် ဥပမာ​တွေ​က အများ​ကြီး​ပါ…
ဂျပန်​ပညာ​ရေး​စနစ်​မှာ ကလေး​တွေ​ကို​စာ​အရင်​မ​သင်​ပဲ manner နဲ့ attitude ကို အရင်​သင်ပေး​တယ်​လို့ သိ​ထား​ပါ​တယ်။ သိသိ​ချင်း​မှာ​တော့​ဒီ​မို​က​ရေ​စီ အုပ်ချုပ်​သူ​အစိုးရ​၏ အတွေး​အခေါ်​ကို ချီး​ကျုး​မိ​ပါ​တယ်။

ဂျပန်​မှာ​နေ​စဉ် ည​ပိုင်း​မှာ သမိုင်း​ကြောင်း​တွေ​ကို ဂူ​ဂယ်​က ဖတ်​မိ​ပါ​တယ်။

ကျွန်မ​ရှာဖွေ​တွေ့​ရှိ​သွား​တဲ့​အချက်​ကတော့ စစ်​ရူး လူ​သား​မျိုး​ဆက်​ဟောင်း​တွေ​က နောင်​မျိုး​ဆက်​သစ်​တွေ​ကို သွေးသစ်လောင်း​ခဲ့​တာ​ပဲ​ဆို​တာ​ကို သဘောပေါက်​နားလည်​သွား​ခဲ့​ခြင်း​ဖြစ်​ပါ​တယ်။ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း​မှာ အကြီး​အကျယ်​ရက်စက်​သတ်​ဖြတ်​မိုက်​ရှူး​ရဲ​ပြုလုပ်​ခဲ့​တဲ့ ဂျပန်​မျိုး​ဆက်​ဟောင်း​တွေ​ဟာ ၎င်း​တို့​လုပ်​ခဲ့​တဲ့ သမိုင်း​အမဲ​စက်​တွေ​ကို နောင်​မျိုး​ဆက်​တွေ​မှာ မ​ရှိ​စေ​လို​တဲ့ စေတနာ သို့​တည်း​မဟုတ် ( မျိုး​ဆက်​ခြုံ​လွှမ်းမိုး​မှု့)နဲ့ Perfect person / Perfect situation ဆို​တဲ့ လူ​မျိုး​နွယ်​တစ်​စု၊ အခြေအနေ​တစ်​ရပ်​ကို​ဖန်တီး​ပေးလိုက်​တာ​ပါ​ပဲ။

ဒီ​လို​ဖန်တီး​လိုက်​တဲ့​အတွက်​ကောင်းမွန်​သော အကျိုး​ဆက်​တွေ​ရှိ​သ​လို ဆိုးရွား​တဲ့​အကျိုး​ဆက်​တွေ​လည်း ရှိ​ပါ​လိမ့်​မယ်။
အကျိုး​ဆက်​အကောင်း​ကတော့​စူ​နာ​မီ​အလွန် နူ​က​လီး​ယား​စက်​ရုံ​တွေ​ပျက်စီး၊ရေ​မီး​မ​ရ​တဲ့​အချိန်​မှာ​တောင် ဂျပန်​လူ​မျိုး​တွေ​ရဲ့​စည်းကမ်းရှိ​မှု့​နဲ့ တည်​ငြိမ်​မှု့​ကို တ​ကမ္ဘာ​လုံး​က ချီး​ကျုး​ခဲ့​ရ​ပါ​တယ်။
ဆိုး​ကျိုး​အကျိုး​ဆက်​ကတော့(ကျွန်မ​အမြင်​သပ်သပ်​ပါ) အစော​က​ပြော​သွား​တဲ့​နောင်​မျိုး​ဆက်​သစ်​တွေ​ဟာ လူ​သား​မ​ဆန်​တဲ့ Perfect person တွေ အသွင်​သ​ဏန်​များ​ဖန်တီး​ထားခဲ့​ခြင်း​ပါ။

လူ​သား​သည်​လူ​သား​ဆန်​စွာ ကွယ်​ရာ​မှာ​မဟုတ်​တာ​လုပ်​တက်​ကျ​သည်မ​ဟုတ်​ပါ​လား။
လူ​ဦးရေ​၁​၃​သန်းကျော်​ရှိ​သော တို​ကျို​မြို့​လယ်​ခေါင်​က​ဘူတာရုံ​မှာ​ကျန်​ခဲ့​တဲ့​အိုင်​ပတ်​ကို Lost and found ဌာန​မှာ​ပြန်​တွေ့​ရ​နိုင်​တယ်​ဆို​တဲ့​အချက်​တစ်​ချက်​နဲ့​တင်​နိုင်ငံ​တစ်​ကာ​အမြင်​နဲ့​ကြည့်​ရ​မယ်​ဆို​ရင်​ချီး​ကျုး​စရာ​ထက်​ထူးဆန်း​စရာ​ဟု​ပဲ​သတ်​မှတ်​ရ​ပါ​လိမ့်​မယ်။

အနှစ်​ခြုံ​လိုက်​မယ်​ဆို​ရင်​တော့ စစ်​အာဏာ​ရှူး​မျိုး​ဆက်​တစ်​ခု​ကြောင့် အခြား​မျိုး​ဆက်​တစ်​ခု သို့မဟုတ်​တစ်​ခု​ထက်​ပိုမို​သော မျိုး​ဆက်​၏ ဘ၀​နေထိုင်​မှု့​ပုံစံ​ကို ထိန်း​ချုပ်​ခံ​လိုက်​ရ​တဲ့​သဘော​ပါ​ပဲ။

အရေးကြီး​ဆုံး​အချက်​တစ်​ချက်​ကတော့ ဂျပန်​မှာ အမျိုးသမီး​လွှတ်တော်​အမတ်​မ​ရှိ​ပါ။
မည်​သည့်​အတွက်​ကြောင့်​နည်း​ဆို​သည့် ကျွန်မ​၏ မေးခွန်း​ကို ဧည့်​လမ်း​ညွှန်​အမျိုးသား​မှ အဖြေ​မ​ပေး​ပဲ မျက်လုံး​ကြီး​သာ​ပြူး​ပြ​ပါ​တယ်။
ဒီ​မေးခွန်း​က သူ့​အတွက်​ထူးဆန်း​အံ​ဩံ​ဖွယ်​ဆို​ရင် ကျွန်မ​အတွက်​လည်း သိတ်​အံ​ဩ​မှာ​ပေါ့..မဟုတ်​ဘူး​လား​ဟင်

မိ​ခင်​ဖြစ်​မယ့် အမျိုးသမီး​တွေ​ဟာ ခန္တာ​ကိုယ်​သွေး​သား​တည်ဆောက်​ချက်​က လူ​သား​မျိုး​နွယ်​တွေ​ကို မွေး​ထုတ်ပေး​ဖို့​ပဲ။
ဒီ​မိ​ခင်​တွေ​ရဲ့ အရည်အချင်း​တွေ​ကို အသိ​အမှတ်​မ​ပြု​နိုင်​သေး​သ​ရွှေ လူ​မျိုး​စု​တစ်​ခု​ရဲ့ အတွေး​အခေါ်​မြင့်​မား​တယ်​လို့ ကျွန်မ​ကတော့ မ​ယူဆ​နိုင်​ပါ​ဘူး။
(လွတ်လပ်​စွာ သဘောထား​ကွဲလွဲ​နိုင်​ပါ​တယ်။)

ဥ​ရော​ပ​ကို​ကြည့်​မယ်​ဆို​ရင်​လည်း မျိုး​ဆက်​ဟောင်း​ရဲ့​ကို​လို​နီ​အမွေ​စိတ်​ကို မျိုး​ဆက်​သစ်​ကို​လက်ဆင့်ကမ်း​ပေး​သွား​ခဲ့​တယ်။ ပညာ​ရေး​စနစ်​မှာ​ဥ​ရော​ပ​သား​တွေ​ဟာ​သမိုင်း​လေ့​လာ​အား​ကောင်း​ဖို့​ကို​အဓိက​ထည့်​သွင်းပေး​ထား​တယ်။ ကလေး​များ​အတွက်​လေ့​လာ​ရေး​ခရီး​တွေ လို​အပ်​တာ​ထက်​ပို​များ​နေ​တယ်။ ဒီ​အတွက်​ကြောင့်​ဥ​ရော​ပ​သား​တွေ​ဟာ ၎င်း​တို့​သမိုင်း​လေ့​လာ​ထား​တဲ့​နိုင်ငံ​တွေ​ကို မ​ရောက်⁠ရောက်​အောင်​သွား​တယ်။ တစ်​ယောက်​တည်း​ရပ်​တည်​နိုင်​တယ်။ပြီး​ရင်​အခြေ​ချ သို့မဟုတ်​စီးပွား​ရေး​အုပ်​စီး​ဖို့​တွေ​ကြိုးစား​တယ်။ ဒီ​အတွေး​အခေါ်​တွေ​ဟာ မျိုး​ဆက်​ဟောင်း​က​ပေး​ခဲ့​တဲ့ (သူ​တို့​အတွက်​တော့) ကောင်း​မွေ​တွေ​ပါ။

တစ်​ချိန်​တည်း​မှာ​ပဲ​မျိုး​ဆက်​သစ်​တွေ​ဟာ​ဆိုး​မွေ​ကို​ခံစား​နေ​ရ​ပြန်​တယ်။အဓိက​ခံစား​ရ​တဲ့​ဆိုး​မွေ​ကတော့​ဥ​ရော​ပ​တစ်​ခု​လုံးImmigrants (ခိုလှုံ​နေ​သူ)တွေ လို​အပ်​တာ​ထက်​ကို ပို​များ​နေ​တာ​ပါ​ပဲ။ယနေ့​အချိန်​မှာ​၎င်း​ဆိုး​မွေ​ကို​ဥ​ရော​ပ​တစ်​ခု​လုံး​လှိမ့်​ပိတ်​ခံစား​နေ​ရ​ပြီး​ခ​လေး​မွေး​ဖွား​မှု့​နှုန်း​များ​တဲ့​ခိုလှုံ​သူ​တွေ​ရဲ့​လူ​မြို​မျိုး​ပွား​မှု့​တွေ​ကို​ကာ​ကွယ်​ဖို့​ဥ​ရော​ပ​မှာ​နည်း​စနစ်​ကောင်း​တွေ​ထွက်ပေါ်​မ​လာ​သေး​ပါ​ဘူး။မျိုး​ဆက်​သစ်​ဥ​ရော​ပ​သား​တွေ​ဟာ​အကြမ်း​ဖက်​သမား​တွေ​ဒဏ်​ကို​ကြောက်လန့်​နေ​ရ​ပြန်​ပါ​တယ်။

ကျွန်မ​တို့​မြန်မာ​ပြည်​သမိုင်း​ကြောင်း​ကို​ကြည့်​ကြ​ရအောင်။
အမျှော်အမြင်​ကြီး​တဲ့​ဗိုလ်​ချုပ်​အောင်​ဆန်း​က​လွတ်လပ်​ရေး​အပြီး​မှာ​ဒိုင်​ယာ​ခီ​အုပ်ချုပ်​ရေး​ကို​သာ​လိုလား​ခဲ့​တယ်။မြန်မာ​ပြည်​ဟာ​ဘာသာ၊ယုံကြည်​မှု့၊ဓလေ့​ထုံးစံ​တွေ​မ​တူညီ​တဲ့​တိုင်း​ရင်း​သား​ပေါင်း​စုံ​ရှိ​နေ​တဲ့​စုစည်း​ရန်​သိတ်​ခက်ခဲ​တဲ့​တိုင်း​ပြည်​ကြီး​တစ်​ခု​မ​လား။သို့​ပေ​မယ့်​အင်္ဂလိပ်​လက်အောက်​မှာ​မ​နေ​ဘူး​ဆို​တဲ့​ခေါင်းဆောင်​အချို့​ရဲ့​ဥာဏ်​နည်း​မှု့​နဲ့​တစ်​လွဲ​ဆံပင်​ကောင်း​မှု့​တို့​ကြောင့်​မြန်မာ​ပြည်​ဟာ​လွတ်လပ်​ရေး​ရ​ပြီး​မှ​အာဏာ​ရှင်​စနစ်​အောက်​ကို​ပြန်​ရောက်​ခဲ့​ရ​တဲ့​ဝမ်းနည်း​ဖွယ်​အဖြစ်အပျက်​ပါ။ဒီ​အဖြစ်အပျက်​မှ​မျိုး​ဆက်​နှစ်​ဆက်​တိတိ ပုံ​သွင်း​ခံ​လိုက်​ရ​ပါ​ပြီ။

ယခု​လက်​ရှိ​မြန်မာ​ပြည်​အခြေအနေ​ကတော့​အသွင်​ကူးပြောင်း​စ​ကာလ​ပေါ့…….
ဒီ​လို​ကာလ​မျိုး​မှာ​ကျွန်မ​တို့​တိုင်း​ပြည်​မှ​ပြောင်းလဲ​လာ​မယ့်​ပညာ​ရေး​စနစ်​သည်​နောင်​မျိုး​ဆက်​သစ်​တစ်​ခု​မှ​မျိုး​ဆက်​ဟောင်း​ကြွေး​များ​ကို​ဆပ်​ရ​သူ​များ​မ​ဖြစ်​ရ​ပါ​စေ​ကြောင်း​ကျွန်မ​အနေ​နဲ့​အလေး​အနက်​ဆု​မွန်​ကောင်း​တောင်း​မိ​ပါ​တယ်။

မေတ္တာ​ဖြင့်
သ​တိုး​သူ​ဇာ​အောင်
Credit to FB