တက္ကသိုလ် ပညာသင်​နှစ် (၄ နှစ်)

မြန်မာ​လူ​မျိုး​များ​အသွား​များ​တဲ့​တက္ကသိုလ် ဘာသာ​ရပ်​တွေ ကတော့

၁.経済学部、経営学部
စီးပွား​ရေး business management နဲ့​ဆိုင်​သော​ဘာသာ​ရပ်၊
၂. 国際関係学部နိုင်ငံ​တကာ ဆက်ဆံ​ရေး ဘာသာ​ရပ်
၃.ယဉ်ကျေး​မှု ဘာသာ​ရပ်
၄.教育 ပညာ​ရေး​နှင့်​ဆိုင်​သော ဘာသာ​ရပ်​တို့​များ​ပါ​တယ်။

ထို​အထဲ​က​မှ နာမည်ကြီး​တက္ကသိုလ်​တွေ​၏ ကျောင်း ဝင်​စာ​မေး​ပွဲ​သည် ခက်ခဲ​ပြီး ၊အရည်အချင်း သတ်​မှတ်ချက်​တွေ​များ ပါ​တယ်။
(ခြွင်း​ချက် တချို့​နာမည် သိပ်​မ​ရှိ​တဲ့​တက္ကသိုလ်​တွေ​ဆို​ရင်​တော့ သတ်​မှတ်ချက်​တွေ​သိပ်​မ​များ​ဘဲ ဂျပန်​စာသင်ကျောင်း​ရဲ့ ကျောင်း​တတ်​ရာ​ခိုင်​နှုန်း ၈​၀ ကျော် နှင့် ပိုက်ဆံ​သွင်း​နိုင်​လျှင် သတ်​မှတ်​အရည် အချင်း ပြည့်​မီ​လျှင် ကျောင်း​လျှောက်​လို့​ရ​တာ​များ​ပါ​တယ်။)

ယခု​မိမိ​ပြော​မည့်​အကြောင်းအရာ သည် တ​ကျောင်း​နှင့်​တ​ကျောင်း​သတ်​မှတ်ချက် မ​တူသော်​လည်း​များ​သော​အား​ဖြင့်​သတ်​မှတ်​သော Standard Status ကို​ပြော​မှာ​ဖြစ်​ပါ​မယ်။

၁။တက္ကသိုလ်​ဝင်​ခွင့်​အတွက် ဘာ​တွေ​ပြင်ဆင်​ထား​ရ​မ​လဲ။
(၁)တက္ကသိုလ်​ကျောင်း​ကောင်း⁠ကောင်း​သွား​ချင်​လျှင် မ​ဖြစ်​မ​နေ EJUစာ​မေး​ပွဲ​ကို​ဖြေ​ကြ​ရ​ပါ​မည်။ EJUစာ​မေး​ပွဲ​တွင် 理科、数学、総合科目、日本語၄​မျိုးရှိ​ပါ​သည်။တက္ကသိုလ်​ကျောင်း​အလိုက် EJU စာ​မေး​ပွဲ​သတ်​မှတ်ချက် မ​တူညီ​ကြ​ပါ။သို့သော် ပုံ​မှန်​တက္က​သိုလ်တော်တော်​များ⁠များ​က EJU ဂျပန်​စာ အမှတ်​ကို​တောင်း​သော​တက္ကသိုလ်​က တော်တော်​များ​ပါ​သည်။ ထို့​ကြောင့် EJU ဂျပန်​စာ ကို​မ​ဖြစ်​မ​နေ ဖြေ​စေ​ချင်​ပါ​တယ်။ EJUအမှတ် မ​တောင်း​သော​တက္ကသိုလ်​များ​လည်း​ရှိ​ပါ​တယ်။ EJUအမှတ်​အစား ဂျပန်​စာ​အရည်အချင်း​လက်မှတ် N2(သို့) TOEIC အမှတ်​စာရင်း​တောင်း​သော တက္ကသိုလ်​များ​လည်း​ရှိ​ပါ​တယ်။ထို့​ကြောင့် EJU နှင့် ဂျပန်​စာ​အရည်အချင်း​လက်မှတ် သည် ဂျပန်​ဘာသာ​ဖြစ်​ပြီး TOEIC သည် အင်္ဂလိပ်​စာ​ဖြစ်​ပါ​တယ်။ တက္ကသိုလ်​ကောင်း​ကောင်း သွား​ဖို့​ရည်​ရွယ်​ထား​သူ​များ ဂျပန်​စာ အရည်း​အချင်း​လက်မှတ် အနည်း​ဆုံး N2 (သို့) EJU ဂျပန်​စာ အမှတ်​၂​၅​၀ အထက် ရထား​သင့်​ပါ​တယ်။ဂျပန်​စာ အခြေ​ခံ​အဆင့်​နှင့်​လာ​ပြီး N2 အောင် အောင်​လုပ်​ရန်​ခဲယဉ်း​သူ​များ အတွက် ဂျပန်​စာ N3 နှင့် TOEIC အမှတ် ၆​၀​၀ အထက်​ရအောင်​ဖြေ​ထား​စေ​ချင်​ပါ​တယ်။
TOEIC အကြောင်း​နှင့်​ပက်​သက်​၍​အောက်​မှ​လင့်​တွင် သေချာ​စွာ​ဖတ်​ကြည့်​ကြ​ပါ။

https://www.facebook.com/pages/MASBO-Myanmar-Active-Students-Businesspeople-Organization-From-Japan/365596673600563?fref=nf

၂။တက္ကသိုလ် ကျောင်း​ကို​ဘယ်​အချိန်​တွင်​ဘယ်​လို​ရှာ​ရ​မ​လဲ။
တ​ကျောင်း​နှင့်​တ​ကျောင်း ကျောင်း​ဝင်​ခွင့်​ကျင်းပ​ချိန် မ​တူညီ​ကြ​ပါ​ဘူး။များ​သော​အား​ဖြင့် တက္ကသိုလ်​ကျောင်း​ဝင်​ခွင့် တွေ​လက်ခံ တာ​သည် ပထမ​အကြိမ် အနေ​ဖြင့် နွေရာသီ​ကျောင်း​ပြန်​အဖွင့် ၉​လ​ပိုင်း၊၁​ဝ​လ​ပိုင်း၊ မှ​စ​ပြီး ကျောင်း​မိတ်​ဆက်​ပွဲ​တွေ​နှင့်​ဝင်​ခွင့်​စာ​မေး​ပွဲ​တွေ​ကို ကျင်းပ​ပြုလုပ်​ကြ​ပါ​တယ်။
ဒုတိယ​အကြိမ်​သည် ၁​လ​ပိုင်း၊၂​လ​ပိုင်း​တွင် ကျင်းပ​ပြုလုပ်​ပါ​တယ်။ မိမိ​သွား​ချင်​သော​ကျောင်း​ကို ကျောင်း​ဝက်​ဆိုဒ်​များ​မှ​တ​ဆင့်​ကြည့်​ရှု​ပြီး​ကျောင်း​မိတ်​ဆက်​ပွဲ​တွေ​သွား​ခြင်း၊ဝင်​ခွင့်​စာ​မေး​ပွဲ​ဖြေ​ခြင်း အဆင့်ဆင့်​ကို​ပြုလုပ်​ရ​ပါ​တယ်။ ကျောင်း​မိတ်​ဆက်​ပွဲ​နှင့်​ဝင်​ခွင့်​စာ​မေး​ပွဲ​များ​ကို စနေ၊တနင်္ဂနွေနေ့​များ​တွင် ပြုလုပ်​ကျင်းပ​သည်​က​များ​သော​ကြောင့် အလုပ်​ရက်​များ​နှင့်​အချိန်​များ​ကို သေချာ​ချင့်ချိန်​ပြီး​လုပ်​ကြ​ရ​ပါ​မည်။

၃။နာမည်ကြီး​တက္ကသိုလ်​ကျောင်း​ဝင်​ခွင့်​အရည်အချင်း​သတ်​မှတ်ချက်​တွေ​က ဘယ်​လို​လဲ။
ဝင်​ခွင်​သတ်​မှတ်ချက်​များ​သည်​လည်း​တ​ကျောင်း​နှင့်​တ​ကျောင်း​မ​တူ​ကြ​ပါ။နာမည်ကြီး​ကျောင်း​များ​သည် များ​သော​အား​ဖြင့်​အရည်အချင်း သတ်​မှတ်ချက်​မြင့်​မား​ကြ​ပါ​သည်။ဂျပန်​တွင်​တက္ကသိုလ် ၂​မျိုး ရှိ​ပါ​တယ်။ နိုင်ငံ​ပိုင်​တက္ကသိုလ်​နှင့် ပုဂ္ဂလိက​ပိုင် တက္ကသိုလ် တို့​ဖြစ်​ပါ​တယ်။နိုင်ငံ​ပိုင်​တက္ကသိုလ်​များ(国立、県立、市立)နှင့် နာမည်ကြီး​ပုဂ္ဂလိက​ပိုင် တက္ကသိုလ် များ​၏​ဝင်​ခွင့်​စာ​မေး​ပွဲ သည် အရည်အချင်း သတ်​မှတ်ချက်​မြင့်​မား​ပြီး ခက်ခဲ​ပါ​တယ်။

ခန်း​တိုး ဧ​ရိ​ယာ ၏​နာမည်ကြီး​တက္ကသိုလ် စာရင်း​တွေ​ကို​ကြည့်​လျှင်

東慶早(とうけいそう)လို့ခေါ်​သော နာမည်​အကြီး​ဆုံး​တက္ကသိုလ် ၃​ခု​ကတော့
東京大学・慶應義塾・早稲田大学

早慶上智 ဆို​သည်မှာ​ပုဂ္ဂလိက​ပိုင်​နာမည်​အကြီး​ဆုံး​တက္ကသိုလ်​၃​ခု​ကို​နာမည်​အတိုကောက်​ဖြင့်ခေါ်​ခြင်း
ဖြစ်​ပါ​တယ်။တက္ကသိုလ်​တွေ​က
早稲田大学・慶應義塾・上智大学

四工大 နာမည်ကြီး စက်​မှု​တက္ကသိုလ် ၄​ခု​ဖြစ်​ပါ​တယ်။
芝浦工業大学・武蔵工業大学・東京電機大学・工学院大学

ဂျပန်​တွင် နာမည်​အကြီး​ဆုံး​ထိပ်​တန်း​တက္ကသိုလ် ၅​ခု​ရဲ့ အတိုကောက် နာမည် ရှိ​ပါ​တယ်။
[MARCH ]လို့ခေါ်​ပါ​သည်။
明治大学(M)
青山学院大学(A)
立教大学(R)
中央大学(C)
法政大学(H) တို့​ဖြစ်​ပါ​တယ်။

[MARCH ] တက္ကသိုလ်​ပြီး​လျှင် တို​ကျို​၏​ဒုတိယ​နာမည်ကြီး​သော​တက္ကသိုလ်​များ​ကို 日東駒専 လို့​အတို​ကောက်ခေါ်​ပါ​တယ်။တက္ကသိုလ်​တွေ​က
日本大学・東洋大学・駒澤大学・専修大学 ဖြစ်​ပါ​တယ်။

ယ​ခုဖော်​ပြ​ခဲ့​သော​တက္ကသိုလ်​များ​၏​ဝင်​ခွင့်​စာ​မေး​ပွဲ​နှင့်​အရည်အချင်း​သတ်​မှတ်ချက်​သည်​မြင့်​မား​ပါ​တယ်။
ဂျပန်​စာ N1 or အနဲ​ဆုံး N2လက်မှတ် ရှိ​ရ​ပါ​မယ်။
အင်္ဂလိပ်​စာ TOEIC ၆​၀​၀ မှ ၇​၅​၀၊၈​၀⁠၀​ကြား​ရှိ​ရ​ပါ​မယ်။သို့သော်​မြန်မာ​တွင် TOFEL လက်မှတ်​ရှိ​ထား​သူ​များ သည် ၎င်းTOFEL လက်မှတ်​ကို သုံး​နိုင်​ပါ​တယ်။
EJU ဂျပန်​စာ အမှတ်​၂​၅​၀ အထက် ရထား​ရ​ပါ​မယ်။ ထို့​ပြင် တတ်​ရောက်​ချင်​သော ဘာသာ​ရပ်​အလိုက် Arts or Science ဘာသာ​ရပ်ပေါ်​မူ​တည်​ပြီး EJU သင်္ချာ၊ ရူပဗေဒ​နှင့် လူ​မှု​ရေး​သိပ္ပံ ဘာသာ​ရပ် အမှတ်​များ​လို​အပ်​ပါ​တယ်။
ကျောင်းခေါ်​ချိန် ၈​ဝ​ရာ​ခိုင်​နှုန်း​နှင့်​အထက်​ရှိ​ရန်လို​အပ်​ပါ​သည်။
ကျောင်း​မှ​ထောက်ခံ​စာ(推薦書、すいせんしょ)ရ​ရန် လို​အပ် ပါ​သည်။

၄။ပုံ​မှန်​တက္ကသိုလ်​များ​၏​ဝင်​ခွင့်​စာ​မေး​ပွဲ​အရည်အချင်း​သတ်​မှတ်ချက်​တွေ​က ဘယ်​လို​လဲ။
ပုံ​မှန်​တက္ကသိုလ်​အဆင့်​ရှိ​သော​တက္ကသိုလ်​များ​သည်
ဂျပန်​စာ N3 နှင့်​အထက်​ရှိ​ရ​ပါ​မည်။ N2လောက်​ရှိ​လျှင်​အကောင်း​ဆုံး​ဖြစ်​ပါ​တယ်။
EJU ဂျပန်​စာ အမှတ် တောင်း​သော​တက္ကသိုလ်​များ​ရှိ​သ​လို၊ မ​တောင်း​သော​တက္ကသိုလ်​များ​လည်း​ရှိ​ပါ​တယ်။
EJUအမှတ်​လို​အပ်​မှု ရှိ မ​ရှိ ကို ကျောင်း ဝက်​ဆိုဒ်​များ​မှ ဝင်​ခွင့်​စာ​မေး​ပွဲ​အတွက်​လို​အပ်​ချက်​များ​ကို​ကြည့်​ပြီး ဂျပန်​ဘာသာ​ကျောင်း​မှ ဆရာ​မ​များ​နှင့်​တိုင်ပင်​ပြီး​လုပ်ဆောင်​ပါ။
TOEIC ၅​၀​၀ မှ ၆​၀⁠၀​ကြား​ရှိ​ထား​လျှင်​ပို​၍​အခွင့်အရေး​ကောင်း​ပါ​တယ်။ သို့သော်​မြန်မာ​တွင် TOFEL လက်မှတ်​ရှိ​ထား​သူ​များ သည် ၎င်းTOFEL လက်မှတ်​ကို သုံး​နိုင်​ပါ​တယ်။
ကျောင်းခေါ်​ချိန် ၈​ဝ​ရာ​ခိုင်​နှုန်း​နှင့်​အထက်​ရှိ​ရန်လို​အပ်​ပါ​သည်။
ကျောင်း​မှ​ထောက်ခံ​စာ(推薦書、すいせんしょ)ရ​ရန် လို​အပ် ပါ​သည်။

၅။ဆန်း​မွန်း​နှင့်​တက္ကသိုလ်​ဘယ်​ကို​တတ်​ရ​မ​လဲ။ကွာ​ခြား​ချက်​သည် ဘာ​လဲ။
အကြံပေး​ချင်​တာ​သည် မြန်မာ​ပြည်​မှ​ဘွဲ့​မ​ရ​ခဲ့​သော​သူ၊အသက် ၂​၅ အောက် သူ​များ​သည်​တက္ကသိုလ်​တတ်​ဖို့​အကြံပေး​ချင်​ပါ​တယ်။အသက်​ကြီးသော်​လည်း ဂျပန်​တက္ကသိုလ်​မှ​ပေး​သော​ဘွဲ့ လိုချင်​ပါ​က တတ်​ပါ။ အသက်ကြီး​သွား​လို့​အလုပ်​မ​ရ​နိုင်​ဘူး ဆို​တာ မ​တွေး​ပါ​နဲ့။ကြိုးစား​မှု​နဲ့​ဘဲ​ဆိုင်​ပါ​တယ်။အသက်ကြီး​ရင်​တော့ သူ​များ​ထက်​တော့​ပို​ကြိုးစား​ရ​မှာ​ပေါ့။ ကြိုးစား​မှု၊ဇွဲ၊ဝီရိယ ၊အတွေး​အခေါ်​တို့​နဲ့​ဘဲ​ဆိုင်​ပါ​တယ်။

ဂျပန်​တွင်​တက္ကသိုလ်​မှ ဘွဲ့​ရ​ပါ​က တက္ကသိုလ်​တွင်​အတွေး​အခေါ် Logical ဓမ္မ​ဓိဋ္ဌါန်​ကျ​ကျ သင်ကြား​ထား​သော​ကြောင့် သင်ကြား​ထား​သော​ဘာသာ​ရပ်​နှင့်​လုပ်​ငန်း​ခွင်​တွင်​လုပ်ကိုင်​ရ​မည့်​လုပ်​ငန်း​မ​တူသော်​လည်း​လက်ခံ​ပါ​တယ်။လုပ်​ငန်း​ခွင်​ထဲ​တွင်​အခြေ​ခံ​မှ​စ​၍​ပြန်လည်​သင်ကြား​ပေး​သော​ကြောင့်​ဖြစ်​ပါ​တယ်။

ဂျပန်​တွင်​ပညာ​လာ​သင်​ကြ​သော​နိုင်ငံ​ခြား​သားဦး​ရေ​များ​လာ​သည်​နှင့်​အမျှ ဂျပန်​တွင်​အလုပ်​ဝင်​ချင်​သော​ဦးရေ​လည်း​တ​နှစ်​ထက်​တ​နှစ် များပြား​နေ​ပါ​တယ်။ထို့​ကြောင့် ယှဉ်​ပြိုင်​မှု​တွင်​မိမိ​မှ အရည်အချင်း​လက်မှတ်​များ​ရှိ​နေ​ခြင်း၊တက္ကသိုလ်​ကောင်း​မှ​ဘွဲ့​တ​ခု​ရ​ရှိ​အောင်​ကြိုးစား ထား​ခြင်း​သည် အလုပ်​ရှာ​ရာ​တွင် လုပ်​ငန်း​ရှင်​များ​ဘက်​မှ အကောင်း​ဆုံး အထင်ကြီး​မှု​နှင့် အတူ အခွင့်အရေး​တွေ​ကို​ရ​ရှိ​နိုင်​ပါ​တယ်။

ဆန်း​မွန်း​ကျောင်းသား​များ​အတွက်​သည်​ဇွဲ​ဖြင့်​သူ​များ​ထက်​ပို​၍ ကြိုးစား​နိုင်​မှ၊လက်မှတ်​များ​ကိုင်​ထား​နိုင်​မှ အလုပ်​ရ​နိုင်​ပါ​တယ်။
ထို့​ပြင်​ဂျပန်​နိုင်ငံ​၏​ကုမ္မ​ဏီတော်တော်​များ⁠များ​သည် လုပ်​ငန်း​အတွေ့​အကြုံ​မ​ရှိ​ပါ​က တက္ကသိုလ် ကျောင်း​ပြီး⁠ပြီး​ချင်း
အလုပ်​ဝင်​သော​ကျောင်းသား​တ​ယောက်​၏​အခြေ​ခံ​လ​စာ​သည် ဆန်း​မွန်း​ကျောင်း​ပြီး​သော​ကျောင်းသား
တ​ယောက်​၏​အခြေ​ခံ​လ​စာ​ထက် ယန်း ၁​သောင်း​မှ ၃​သောင်း​အထိ​ပို​ရ​နိုင်​သော​ကြောင့် တက္ကသိုလ်၊ဆန်း​မွန်း​ဆို​ပြီး လ​စာ​သတ်​မှတ်ချက် ရှိ​ပါ​တယ်။

၆။အလုပ်​ဗီဇာ​ရ​နိုင်​ပါ့​မ​လား။
တက္ကသိုလ်​က ကျောင်း​ပြီး​လျှင် လုပ်​ရ​မည့်​အလုပ်​အကြောင်းအရာ​နှင့်​မ​တူ​လဲ ကျိန်း​သေ​ဗီဇာ​ရ​ပါ​တယ်။တက္ကသိုလ်​သည်​အသက်မွေး​ဘာသာ​ရပ်​ကို​သာ​သင်ကြား​ပေး​ခြင်း​မျိုး
မဟုတ်​ဘဲ တက္ကသိုလ်​တွင်​အတွေး​အခေါ် Logical ဓမ္မ​ဓိဋ္ဌါန်​ကျ​ကျ သင်ကြား​ထား​သော​ကြောင့် မည်​သည့်​လုပ်​ငန်း​တွင်​မ​ဆို လုပ်ကိုင်​နိုင်​သော အရည်အချင်း​အဆင့်​မီ​သည်​ဟု​တွေး​ပြီး လုပ်​ငန်း​ခွင်​တွင်​လုပ်ကိုင်​ရ​မည့်​လုပ်​ငန်း​မ​တူသော်​လည်း​လက်ခံ​ပါ​တယ်။

လို​အပ်​ချက်​များ​ရှိ​ခဲ့​လျှင် ကြိုတင် တောင်းပန်​အပ်​ပါ​တယ်။

တခြား​မိမိ​သိ​သော​တက္ကသိုလ်​များ​နှင့်​ဆိုင်​သော​အတွေ့​အကြုံ​များ၊ဗ​ဟု​သုတ​များ​ရှိ​လျှင် ဝင်​ရောက်​အကြံပေး​နိုင်​ပါ​တယ်။
ကျေးဇူးတင်​ပါ​တယ်။

မာ​စ​တာ၊PHD နှင့်​တခြား​ကျောင်း​များ​နှင့်​ပက်​သက်​ပြီး ဆက်လက်​ပြော​ပြ​ပါ​မယ်။

Credit : Khine Zin Kyaw