Oseibo နှင့် Ochugen လက်ဆောင်

တစ်​နှစ်​မှာ နှစ်​ကြိမ်​ဖြစ်​သော ဒီဇင်ဘာ​လ နှင့် ဇွန်​လ​များ​တွင် မိတ်ဆွေ သူႈယ်​ချင်း​များ၊ လုပ်ဖော်​ကိုင်​ဖက်​များ၊ ဆွေ​မျိုး​များ​ဟာ အချင်းချင်း အပြန် အလှန် လက်ဆောင်​ပေး​ကြ​ပါ​တယ်။ ဒီ​လို ပေး​တဲ့ လက်ဆောင်​မျိုး​ကို Oseibo နှင့် Ochugen လို့​အသီ​သီးခေါ် ဆို​ပါ​တယ်။ ပျမ်းမျှ​အား​ဖြင့် ယမ်း ၅​၀⁠၀​၀ ခန့် သုံးစွဲ​ဝယ်​ယူထား​သည့် အစားအစာ၊ အရက်၊ အိမ်​တွင်း အသုံးပြု​ပစ္စည်း​များ အခြား​သော လက်ဆောင်​များ​ဖြစ်​ကြ​ပါ​တယ်။ ထို ရာသီ​ဟာ ကုမ္ပဏီ​ဝန်​ထမ်း​တွေ ဆု​ကြေးငွေ (Bonus) များ​ပေး​လေ့​ရှိ​တဲ့ ကာလ​နှင့်​လည်း တိုက်ဆိုင်​နေ​ပါ​တယ်။

Temiyage နှင့် Omiyage လက်ဆောင်
———————————————-
တစ်​ဦး​တစ်​ယောက်​ကို ကျေးဇူးတင်​ခြင်း​အား​ဖြင့် ပေး​သော​လက်ဆောင်​မျိုး
ကို (Temiyage) လို့ခေါ်​ပြီး ဂျပန်​အရက် ၊ မုန့်​ချို​များ ပေး​လေ့​ရှိ​ပါ​တယ်။ ထို​နည်းတူ ဂျပန်​လူ​မျိုး​တစ်​ယောက်​ဟာ ခရီး​က​နေ​ပြန်လာ​သည့်​အခါ သူ ဝယ်​ယူလာ​တတ်​တဲ့ လက်ဆောင်​မျိုး​ကို (Omiyage) လို့ခေါ်​ပြီး မိတ်ဆွေ များ၊ဆွေ​မျိုး​များ ၊ လုပ်ဖော်​ကိုင်​ဖက်​များ​ကို ပေး​လေ့​ရှိ​ပါ​တယ်။ ဂျပန်​နိုင်ငံ ခရီးသွား ကဏ္ဍ​မှာ Omiyage လက်ဆောင်​အရောင်း​ဆိုင်​များ အလွန်​ပေါ များ​ခေတ် စား​ပြီး ရွေးချယ်​ဝယ်​ယူ​စရာ​လည်း​များပြား​လှ​ပါ​တယ်။ ထို့​ပြင် ၎င်း​တို​ရဲ့ လက်ဆောင်​ထုတ်​ပိုး​တဲ့ စက္ကူ​များ​နှင့် ထုတ်​ပိုး​ပုံ​များ ဟာ​လည်း ဒီ​ဇိုင်း​စုံလင်​ပြီး လှပ​သေ​သပ်​လှ​ပါ​တယ်။

Birthday နှင့် Christmas လက်ဆောင်
———————————————–
ဒါ​ကတော့ အားလုံး​သိ​ပြီး​တဲ့ အတိုင်း အထူး​ပြော​စရာ​မ​လို​ပါ​ဘူး။
ဒီ​လက်ဆောင်​အမျိုး​အစား​တွေ​ဟာ ဂျပန်​ရိုးရာ​ဓလေ့​တွေ​မဟုတ်​ကြ​ပေ​မယ့်
အနောက်​ယဉ်ကျေး​မှု လွှမ်းမိုး​လာ​တာ က​နေ လက်ခံ​လာ​ခဲ့​ကြ​တာ​ပဲ​ဖြစ်​ပါ တယ်။

Valentine’s Day နှင့် White Day လက်ဆောင်
——————————————————-
ကျွန်တော်​တို့​မြန်မာ​နိုင်ငံ​နှင့် မ​တူ​တဲ့​အချက်​ကတော့ ချစ်​သူ​များ​နေ့​လို့
ခေါ်​ကြ​တဲ့ Valentine’s Day မှာ ဂျပန်​အမျိုးသမီး​များ​က မိမိ​ချစ်ခင်​နှစ်သက်
သဘောကျ​နေ​သူ အမျိုးသား (သို့) သူငယ်ချင်း​ယော​ကျာၤး​လေး​ကို​ချော့​က
လက်​များ​ကို နှစ်သက်​ရာ ပုံစံ​အမျိုး​မျိုး​ဖြင့် ရွေးချယ်​လက်ဆောင်​ပေး​ကြ တာ​ပဲ​ဖြစ်​ပါ​တယ်။

မတ်​လ ၁​၄ မှာ ကျ​ရောက်​တဲ့ White Day (အဖြူ​ရောင်​နေ့) ရောက်​မှ​သာ အမျိုးသား​များ​က ၎င်း​တို့​ကို Valentine’s Day မှာ​တုန်း​က ချော့​ကလက် လက်ဆောင်​ပေး ခဲ့​ကြ​သူ အမျိုးသမီး​များ အား သူမ​တို့ ဝယ်​ပေး​ခဲ့​သည်​ထက် တန်ဖိုး​ကြီး​သော​ချော့​ကလက် (သို့) အလားတူ ချော့​ကလက်​မုန့်​များ​ကို
ပြန်လည်​၍ လက်ဆောင် ပေး​ကြ​လေ့​ရှိ​ပါ​တယ်။

အခြား လက်ဆောင် အမျိုး​အစား​များ
——————————————
အခြား​သော လက်ဆောင်​ပေး​ခြင်း​များ အနေ​ဖြင့် မင်္ဂလာဆောင် ၊ ကလေး​မွေး​နေ့ နှင့် နာမ​ကျန်း​သူ​များ​ကို သက်ဆိုင်​ရာ​လက်ဆောင် အမျိုး​မျိုး
ပေး​လေ့​ရှိ​ကြ​ပြီး အထူးသဖြင့် နာမ​ကျန်း​သူ​များ​ကို​သတင်းမေး​သွား​ရောက် စဉ် များ​မှာ ကံကောင်း​ခြင်း ဆန္ဒ​မွန်​ဖြင့်​ဆုတောင်း​ပေး​ခြင်း၊ ပြန်လည်​နှိုး
ထ​ခြင်း စ​သည့် အဓိပ္ပါယ်​များဖော်​ဆောင်​ထား​သည့် ပန်း​စည်း​များ​ကို
ပေး​ပို့​လေ့ ရှိ​ကြောင်း သိ​ရ​ပါ​တယ်။

ထိုသို့ လက်ဆောင်​ပစ္စည်း​များ အပြန်​အလှန်​ပေး​ကြ​သည့်​အခါ ပေး​သူ​ရော ယူ​သူ​က​ပါ လက်​နှစ်​ဖက်​ဖြင့် တ​လေး​တ​စား​အပေး​အယူ​လုပ်​ကြ​ရ​ပါ​တယ်။

ထို့​ပြင် အချို့​သော လက်ဆောင်​ပစ္စည်း​များ​သည် ပေး​သည့်​ချိန် ၊ အခြေ အနေပေါ်​မူ​တည်​ကာ ကံကောင်း​ခြင်း ၊ ကံဆိုး​ခြင်း​များ ကျ​ရောက်​နိုင်​သည့် အယူ အဆ တစ်​ချို့​ကို​လည်း ဂျပန်​လူ​မျိုး​များ​က လက်ခံ​ယူဆ ကြ​ပါ​သေး​တယ်။

Credit to YAYAYA FB