Training Visa ဆို​တာ
ဂျပန်​လို ဂျိ​ရှူး​ဆေး လို့ ခေါ်​တဲ့​အလုပ်​သင်​ဝန်​ထမ်း​အနေ​ဖြင့်
နှစ်​တို​ဗီဇာ​နေထိုင်​ခွင့် နဲ့ လာ​တဲ့ အလုပ်​အမျိူး​အစား​ဖြစ်​ပါ​တယ်..

စက်​ရုံ​အလုပ်​သမား၊ထမင်း​ဘူး​စက်​ရုံ
စိုက်ပျိုး​ရေး၊ဆောက်​လုပ်​ရေး အလုပ်​သမား​အနေ​နဲ့
အစ​ရှိ​သ​ဖြင့်​အမျိုး​မျိုး…..အလုပ်​သမား​အဖြစ်
သုံး​နှစ် အလုပ်​လုပ်​ခွင့်​ရ​ရှိ​နိုင်​ပါ​တယ်
မှတ်ချက် ဂျပန်​မှာ သုံး​နှစ်​ထက်​ပို​နေ​၍​မ​ရ​ပါ
စာချုပ်​သက်​တမ်း​ပြည့်​လျှင်​ဗီဇာ​ထပ်​တိုး​၍​မ​ရ​ပါ
သုံး​နှစ် စာချုပ်​ပြည့်​လျှင် မ​ပြန်​၍​မ​ရ​ပါ..

အဲ့​လို​အလုပ်​အမျိုး​အစား​နဲ့​လာ​မယ်​ဆို​ရင် အစိုးရ
သတ်​မှတ်ထား​တဲ့ တရားဝင် သတ်​မှတ်ထား​တဲ့ ဝန်​ဆောင်​ခ နှူန်း​ထား​ဟာဒေါ်​လာ သုံး​ထောင် မြန်မာ​ငွေ​သိန်း​သုံး​ဆယ် တရားဝင်​သတ်​မှတ်ထား​ပါ​တယ်
သို့​ပေ​မဲ့ တချို့​အေး​ဂျန့်​တွေ​ဟာ ဝန်​ဆောင်​ခ သိန်း​ငါး​ဆယ်​က​နေ ရှစ်​ဆယ်​ထိ အဆ​မတန်​တောင်း​ပြီး
ဝန်​ဆောင်​ခ​တွေ ပို​ယူ​တတ်​ကြ​ပါ​တယ်
တချို့​ကျ​တော့​လည်း မြန်မာ​ပြည်​မှာ သိန်း​နှစ်​ဆယ်​လောက်​ယူ​ပြီး ဂျပန်​ရောက်​အလုပ်​လုပ်​မှ
လခ​ထဲ​က အရစ်​ကျ ပြန်​ဖျက်​တာ​မျိုး​လုပ်​တတ်​ကြ​ပါ​တယ်
ဘယ်လောက် အရစ်​ကျ​နဲ့ ဘယ်လောက်​ကြာ⁠ကြာ​ဖျက်​လဲ
မ​သိ​ပေ​မဲ့ များ​သော​အား​ဖြင့် Training Visa နဲ့​လာ​တဲ့
သူ​တွေ​ရဲ့​လခ​ဟာ ဆယ့်​နှစ်​သိန်း​က​နေ​ဆယ့်​လေး​သိန်း
အများ​ဆုံး​ပဲ​ရ​ပါ​တယ်
အို​ဗာ​တိုင်​ကြေး ဘယ်လောက်​ရ​မည် ဟူ၍​လည်း
ထည့်​တွက်​ကြ​သည်​ဟု​ကြား​ဖူး​ပါ​သည်
ယခင်​ပိုစ့်​များ​တွင်​လည်း ရေး​သားဖော်​ပြ​ပြီး​ဖြစ်​သည်
အခွန်​အနည်း​ဆုံး​နှစ်​သိန်း​ဆောင်​ရ​မည်
နေ​စရိတ်​စားစရိတ်​ဖုန်း​ကြေး​အပါအဝင် ဆယ်​သိန်း​နီးပါး
ချွေတာ​သူ​အတွက် ရှစ်​သိန်း​လောက် ပြန်လည်​ကုန်ကျ​သည် မိမိ​လာ​ရန် ချေးငှား​လာ​သူ​ဖြစ်​ပါ​က
အတိုးပေး​ရ​ပါ​က အတိုး​ဆပ် အိမ်​ထောက်ပံ့​နှင့် ဆို
ဝင်ငွေ​ထွက်​ငွေ​မျှတ​မှူ​မ​ရှိ​နိုင်​ပါ..
သို့​ပါသော်​လည်း အလည်​အပတ်​နည်းပါး​ကာ​တကယ်​ချွေတာ​၍
စုဆောင်း​နိုင်​သူ​ဆို​ပါ​က တစ်​လ သုံး​လေး​သိန်း​လောက်
စုဆောင်း​နိုင်​မည်​ဟု ခန့်​မှန်းမိ​ပါ​သည်..
တစ်​လ သုံး​လေး​သိန်း​ကျန်​တာ​ကို ကျေနပ်​နိုင်​မှ​သာ​လျှင်
Training visa အလုပ်​အမျိုး​အစား​ကို​ရွေးချယ်​စေ​လို​ပါ​သည်

လက်​ရှိ ထွက်ပေါ်​နေ​သော​သ​တင်း​ကို​အခြေ​ခံ​၍
ထက်​မံ ရေးသား​လို​သည်မှာ
တချို့Training visa ဗီဇာ​ဖြင့်​လာ​ရောက်​ကာ အလုပ်​မှ​ထွက်ပြေး​သည်
နိုင်ငံ​ရေး​ခို​လှူံ​ခွင့်​လျှောက်​သည်..
ပြီး​ခဲ့​သည့်​ရက်​ပိုင်း​က တင်​ထား​သည့် သ​တင်း​ကို​ဖတ်​လျှင်
အသေး​စိတ်​သိ​နားလည်​နိုင်​မည် ဖြစ်​သည်
ဂျပန်​ဘာသာ​ဖြင့်​ဂျပန်​နိုင်ငံ​သတင်းစာ​တွင် ပါဝင်​သ​လို
မြန်မာဘာသာ​ဖြင့်​လည်း သ​တင်း​များ​မြင်​တွေ့​နိုင်​ပါ​သည်
Training visa ဖြင့်​လာ​ရောက်​သူ ၃​၅ ဦး​အနက်
နှစ်​ဦး​မှာ တိုင်း​ပြည်​ပြန်​ကာ ကျန် သုံး​ဆယ့်​သုံး​ဦး​မှာ
စက်​ရုံ​မှ​ထွက်ပြေး​ကာ​နိုင်ငံ​ရေး​ခို​လှူံ​ခွင့်​လျှောက်ထား​ကြ​သည်​ဟူ​သော သ​တင်း​ဖြစ်​သည်..

မြန်မာ​နိုင်ငံ​မှ Training visa ဖြင့်​ထွက်​လာ​သူ​များ​သည်

၁- အမှန်​တကယ် အလုပ်​လုပ်​လို​၍ အတွေ့​အကြုံ​ယူ ဘာသာ​စကား​လေ့​လာ​ကာ စု​နိုင်​သ​မျှ​စုဆောင်း​မည်​ဆို​သော​သူ

၂-ဂျပန်​နိုင်ငံ​သို့​ရောက်​လျှင် နိုင်ငံ​ရေး​ခို​လှူံ​ခွင့်​ပြောင်းလဲ
လျှောက်ထား​မည်​ဟူ​သော ရည်​ရွယ်​ချက်

ဤ​နှစ်​မျိုး​ဖြင့်​လာ​တတ်​ကြ​သည်..
(၂)သမား​သည် မိမိ​ရည်​ရွယ်​သည့်​အတိုင်း​လုပ်​ရန်
ဦးတည်​ချက်​ဖြင့်​လာ​သူ​ဖြစ်​သော​ကြောင့်
ဆိုး⁠ဆိုး​ကောင်း​ကောင်း ဒေါင်​ကျ​ကျ ပြား​ကျ​ကျ အဆင်​ပြေ​သည်​အထိ အဆုံး​ထိ လုပ်​ရန်
မိုက်​ရူး​ရဲ​ဆန်⁠ဆန်​တွေးတော​ပြီး​သား​သူ​များ​ဖြစ်​၍
ဘာ​မှ​မ​ပြော​လို​ပါ..

ယခု​ရေးသား​သော​စာ​သည်
(၁) လို လူ​စား​မျိုး​အတွက်​ဖြစ်​သည်
မိမိ​ရင်း​ထား​သော​ငွေ​ကို​ကျေ​ရန်
အတိုး​ရှိ​လျှင်​အတိုး​ဆပ်​ရန် မိသား​စု​ထောက်ပံ့​ရန်
ရုန်း​ကန်​ဖို့​လာ​ရောက်​ပါသော်​လည်း
အလုပ်​ပင်ပန်း​မှူ​မ​ခံ​နိုင်​ခြင်း မိမိ​ထင်​ထား​သည်​ထက်
ပို​၍ ပင်ပန်း​ခြင်း​များ မိမိ​တို့​ရ​သော​ငွေ​၏​နှစ်​ဆ​သုံး​ဆ​နီးပါး​ကို
ကျောင်းသား(သို့) ကျောင်း​ပြီး​၍​အလုပ်​ဝင်​သွား​သူ​များ
လက်​ရှိ​တွင် နှစ်​ရှည်​ဗီဇာ​ရ​ရှိ​ထား​သော​ယ​ခင့် ယခင် နှစ်​များ​စွာ​က​နိုင်ငံ​ရေး​ခို​လှူံ​ခွင့်​နေ​သူ​များ​၏
အခြေအနေ​များ​ကို ကြား​ရ​မြင်​ရ​တဲ့​အခါ​မျိုး​တွင်
အားကျ​စိတ်​တို့​မှ​တ​ဆင့် နိုင်ငံ​ရေး​ခို​လှူံ​သူ​အဖြစ်​ပြောင်းလဲ​လျှင် အဆင်​ပြေ​မည်​ဟု
တွေး​ထင်​နေ​ကြ​ပေ​သည်..

Training Visa ဖြင့်​လာ​ရောက်​သော​အလုပ်​သည်
ပင်ပန်း​သည် အပွင့်​လင်း​ဆုံး
မြင်သာ​အောင်​ပြော​လျှင်
တချို့⁠တချို့​သော​အလုပ်​များ​သည်
အလုပ်​ကြမ်း​သမား​ကဲ့သို့ ပင်ပန်း​သော
အလုပ်​များ​လည်း​ရှိ​သည်
စက်​ရုံ အလုပ်​နေရာ​နှင့်​လိုက်​၍​ကွာ​ခြား​မည်..
ဥပမာ သား​ငါး​ထုတ်​ပိုး​သော​စက်​ရုံ​ဖြစ်​ပါ​က
စက်​ရုံ​တစ်​ခု​လုံး​သည် ရေခဲ​သေတ္တာ​ကဲ့သို့
အအေး​ဓာတ်​ထုတ်​လွင့်​ထား​နိုင်​သည်
ဂျပန်​နိုင်ငံ​၏​အလုပ်တော်တော်​များ⁠များ​သည်
ပင်ပန်း​သည်..စိတ်​ပင်ပန်း လူ​ပင်ပန်း​သော
အလုပ်​သည်​ပို​၍​ပင်ပန်း​သည်..

ဂျပန်​နိုင်ငံ​တွင် အလုပ်​လုပ်​ရန် အရေး​အကြီး​ဆုံး​သည်
ဗီဇာ​ဖြစ်​သည် ဗီဇာ​ရှိ​မှ အလုပ်​လုပ်​ခွင့်​ရှိ​သည်..
ဗီဇာ​အမျိုး​အစားပေါ်​မူ​တည်​၍ အလုပ်​လုပ်​ခွင့်​အမျိုး​မျိုး
သတ်​မှတ်ထား​သည်..
နိုင်ငံ​ရေး​ခို​လှူံ​ခွင့်​ဗီဇာ သေချာ​ပေါက်​ရ​နိုင်​ပါ​မည်​ဟု
မည်​သူ​က​မှ အာမခံ​ချက်မ​ပေး​နိုင်​ပါ
ဂျပန်​အစိုးရ​သည် မိမိ​နိုင်ငံ​၏​တိုင်း​သူ​ပြည်​သား​ကို ပို​၍​အလေး​ထား​သည် ယခု​နောက်​ပိုင်း​တွင်
ဂျပန်​အစိုးရ​နှင့် အလုပ်​သမား​ရေးရာ​တို့​ပူးပေါင်း​ကာ
နိုင်ငံ​ရေး​ခို​လှူံ​ခွင့်​ဗီဇာ​များ​ကို ဟိုး​ယခင် ယခင် များ​လို
လွယ်ကူ​စွာ​ပေး​တော့​မည်​မဟုတ်​ဟု ကြားသိ​ရ​သည်

ခြောက်​လ သက်​တမ်း​တို​ဗီဇာ​ကို​သာ​ထုတ်ပေး​သည်
ခြောက်​လ​သက်​တမ်း​ကုန်​တိုင်း ဗီဇာ​တိုး​လျှင်
အင်တာဗျူး​လုပ်​သည်မှာ တ​နေ​ကုန်​အောင်
ဘာ​တွေ​မေး​မှန်း​မ​သိ​မေး​သည်​ဟူ၍​လည်း​ကြား​ဖူး​သည်
အင်တာဗျူး​ဖြေ​ရ​ရာ​တွင်​ဗီဇာ​လိုချင်​သော​ကြောင့်
ဟုတ်​တာ​ရော မဟုတ်​တာ​ရော အကုန်​ပြော​ရ​သည်
ဟူ၍​လည်း​ကြား​ဖူး​နား​ဝ​ရှိ​သည်..

တချို့​နှစ်​ရှည်​နေထိုင်​သူ​များ​ဗီဇာ​မ​ရ​တော့​၍ အပြီး​ပြန်​ရန်
စီစဉ်​နေ​သူ​များ​မှာ အမှန်​တကယ်​ပင်​ဖြစ်​သည်..
သက်​တမ်း​တို​ဗီဇာ​ရသော်​လည်း
အလုပ်​လုပ်​ခွင့်​ကဒ်​ပြား​မ​ရ​၍ အလုပ်​ကို​ခိုးကြောင်​ခိုး​ဝှက်
ပို​၍​ပင်ပန်း​သော ပို​၍​ဝေး​သော နေရာ​များ​ထိ သွား​ရောက်​လုပ်ကိုင်​ရ​သည်
အလုပ်​လုပ်​ခွင့်​ရ​ရှိ​သူ​နှင့်​အခွင့်အရေး​ခြင်း​မ​တူ​သော​ကြောင့် ပို​၍​ပင်ပန်း​သော ပို​၍ လ​စာ​ဈေး​ပေါ​သော နေရာ
ဖြစ်​စေ​ကာ​မှူ ရွေးချယ်​စရာ​မ​ရှိ​၍​ကြိတ်​မှိတ်​လုပ်​ရ​သည်..

အမှန်​တကယ် အလုပ်​လာ​လုပ်​ချင်​သူ​အများ​အပြား​က
အလုပ်​လုပ်​ခွင့်​လျှောက်ထား​ချိန်​တွင် ယခုကဲ့သို့ လူ​ဦးရေ​များ​စွာ
ထွက်ပြေး​သွား​ခြင်း​သည် အပြစ်​မဲ့ အလုပ်​လာ​လုပ်​ရန်
ကြိုးစား​နေ​သူ​များ​အတွက် ဗီဇာ​လျှောက်ထား​ရာ​တွင်
Effect ရှိ​လာ​နိုင်​သ​လို တခြား​နည်း​မှန်​လမ်း​မှန်​နေ​သူ​များ
အပေါ်​တွင်​လည်း အနည်း​အများ effect ရှိ​နိုင်​သည်

ထို့​ကြောင့်
ဘယ်​သူ​ကို​အပြစ်တင်​ရ​မ​လဲ!!
အခက်​ခဲ​တွေ​နဲ့​လူ​တိုင်း​လူ​တိုင်း​ကို နားလည်​ပေး​နိုင်​ဖို့
ကြိုးစား​ရင်း ..
မ​သိ​သေး​သူ​တွေ သိ​လို​သူ​တွေ​ကို သိ​စေ​ချင်​တဲ့​စိတ်​နဲ့
ဒီ​ပိုစ့်​ကို​ရေးသား​လိုက်​ပါ​တယ်..
လူ​ပွဲစား​တွေ​တော့ ကျနော့်​ကို မုန်း​လည်း မတတ်​နိုင်​ဘူး..

ဒုက္ခရောက်​နေ​သူ​တွေ
ကံကောင်း​မှာ​လား!!!ကံဆိုး​မှာ​လား!!!
အကျပ်​တည်း​တစ်​ခု​ကို​ဖြေ​ရှင်း​ဖို့ အကျပ်​တည်း​တစ်​ခု​ကို
ရင်ဆိုင်​ဖို့ အသင့်​ဖြစ်​မှ နိုင်ငံ​ရေး​ခို​လှူံ​သူ​လုပ်​ပါ..
(သို့)နိုင်ငံ​ခြား​ကို​အထင်​မ​ကြီး​ပါ​နဲ့…
(သို့)ဘယ်​သူ​သေ​သေ င​သေ​မာ​ရင်​ပြီး​ရော​ဟူ​သော လူ​တချို့​၏​မက်​လုံး​ပေး​သ​မျှ​ယုံ​၍ အဆ​မတန်​ဝန်​ဆောင်​ခ​ပေး​ချေ​ကာ မ​လာ​ပါ​နှင့်
ဘု​ရင့်​နောင်​ဖောင်​ဖျက်
ရင်းနှီး​ဖို့​ရာ​အတွက် ထွက်ပြေး​သူ​များ​လည်း
စိတ်ကူး​သ​လောက် အဆင်​ပြေ​လွယ်ကူ​မည်
မဟုတ်​ပါ..

ကံ​ကို​ဉာဏ်​စောင့်​၍ မိမိ​ကိုယ်​ကို တိုး​တတ်​ရာ​ရှာ​နိုင်​ကြ​ပါ​စေ…

တစ်​ခု⁠ခု​ကို​ဆုံးဖြတ်​ပြီး​၍​မ​ဖြစ်​မ​နေ လုပ်​ရ​မဲ့​အခြေအနေ
ရောက်​နေ​သူ​များ​လည်း ဤ​ပိုစ့်​ကို​ဖတ်​၍
စိတ်​ဓာတ်​ကျ​စရာ​မ​ရှိ​ပါ….
မ​သိ​၍ မှား​သော​အမှား​ထက်​စာ​လျှင် အချိန်​မှီ​သေး​လျှင်
သေသေချာချာ စဉ်းစား​ဆုံးဖြတ်​ပါ..သို့
တတ် သိ သော သူ​များ​ထံ​သေသေချာချာ​မေးမြန်း
စုံစမ်း​ပါ..(စာရေး​သူ​ကတော့ သိ​သ​မျှ​ချ​ရေးထား​ပါ​တယ်)
နောက်​လည်း​သိ​သ​မျှ ဝေမျှ​သွား​ပါ​မည်

စာရေး​သူ
မိုး​စက်​လေ​ပြည်
Credit to မိုး​စက်​လေ​ပြည်