ပို​ပို လို့ ဆို​လိုက်​ရင်​ဖြင့် နေရာ​တကာ​မှာ ကြား​နေ​ရ​တဲ့ ချစ်​ဖူး​ခဲ့​သ​မျှ သီချင်း​လေး​အပြင် အဲ့​ဒီ အယ်လ်​ဘမ်​ထဲ​က တစ်​ခြား​သီချင်း​တွေ​ကို​ပါ အားလုံး​သိ​ကြ​မှာ​ပါ။ သူမ​ရဲ့ ဖန်တီး​စ လက်​ကျန် ဒုတိယ အခွေ​မှာ​လဲ သူမ​ရဲ့​ချစ်​သူ​လို့​လူ​သိ​များ​နေ​တဲ့ နာမည် ၂ လုံး​ပိုင်​ရှင် ရက်ပ်​ပါ​နဲ့ Featuring တွဲ​ဆို​ဖို့ ရှိ​တာ​ကြောင့် သူမ ရဲ့ လက်​ရှိ ဂီ​တ​လှုပ်ရှား​မှု​များ​နဲ့ အချစ်​ရေး​အကြောင်း​ကို မေးမြန်း​တီး​ခေါက်​ကြည့်​မိ​တဲ့​ခါ “အခု​ဒုတိယ​ခွေ​က အဆို​ပိုင်း​က ၄​ပုဒ် ၅​ပုဒ်​ပဲ​ပြီး​သေး​တယ်။ အတီး​ပိုင်း​ကတော့ နဲ⁠နဲ​လေး ကျန်​သေး​တယ်။ အခွေ​က ၂​၀​၁​၅ မှ​ပဲ ထွက်​ဖြစ်​မှာ။ အလုပ်​တွေ နဲ⁠နဲ​မ​အား​တာ​ရော၊ ဆရာ​ချစ်​က mixing မ​အား​တာ​ရော၊ နဲ⁠နဲ​တော့​ကြာ​မယ်​ပေါ့။ ကိုယ်တိုင် ရေး​ကတော့ ၁​၅ ပုဒ်​ထည့်​ရင် ၁​၄ ပုဒ်​ပါ​မယ်။ ၁​၄ ပုဒ်​ထည့်​ဖြစ်​ရင် ၁​၃ ပုဒ်​ပါ​မယ်။ ပထမ​ခွေ​ထက် ဒီ​ခွေ​မှာ ပို​ပြီး​ကြိုးစား​ထား​တယ်။ ဘာ​လို့​လဲဆို​တော့ အတီး​တွေ​က​အစ ဒီ​ခွေ​မှာ ၊ သီချင်း​တွေ ရွေး​ထား​တာ​က​အစ ပရိသတ်​မ​ကြိုက်​ဘူး​လို့​ထင်​တဲ့ သီချင်း​တွေ​ကို​လဲ ပြန်​ချိန်း​ထား​တယ်။ နောက်​ပြီး အသံ​ပိုင်း​က​အစ အကောင်း​ဆုံး ကြိုးစား​ထား​တယ်။ ဒီ​ခွေ​က အရင် မြူး​ဇစ်​နဲ့​အရမ်း​ကြီး မ​ကွာ​ပါ​ဘူး။ အသည်း​ကွဲ သီချင်း​များ​တယ်။ အချစ်​သီချင်း​က ၂​ပုဒ်​ပါ​တယ်။ သူ​များ​သီချင်း​တစ်​ပုဒ်​က ခပ်​ကြော​ကြော ခပ်​မာ​မာ လေး​တစ်​ပုဒ်​ပါ​တယ်။ အဲ့​ဒီ​သီချင်း​ကို ရေး​ပေး​တာ​က ကို​ရန်​နိုင်​အောင်​ပေါ့။ နာမည်ကြီး​ထဲ​ကတော့ မဟုတ်​ပါ​ဘူး။ ပို⁠ပို​နဲ့​ခင်​လို့​ပို⁠ပို​က​လဲ​ကြိုက်​တာ​နဲ့​ယူ​ဖြစ်​သွား​တာ​ပေါ့။ title ကို band နဲ့​တွဲ​ပြီး​ပေး​ဖြစ်​မယ်။ နု​ဖို့​များ​မယ် ထင်​တယ်။ ပါဝင်​တဲ့ သီချင်း​တွေ​က ဟိုး​အရင်​ကတည်းက ရေး​ခဲ့​တဲ့ သီချင်း​တွေ​ပါ​မယ်။ ၁​၄ ပုဒ်​မှာ ၁​၀ ပုဒ်​လောက်​က တကယ်​ခံစား​ပြီး​ရေးထား​တာ​တွေ​ပေါ့။ အတွဲ​က​ယောက်ျား​လေး​တစ်​ယောက်​ပါ​မယ်။ စိုး​ကြီး​ပေါ့။ သူ​က​ရက်​ပေါ့။ ဝေး​မယ်​ဆို​တာ​သိ​ရက်​နဲ့ သီချင်း​လေး​ကို Rapping လေး​နဲ့​ပေါ့။ နောက်​တစ်​ပုဒ်​က​ဘဝ​မှာ အခက်​အခဲ​တွေ အများ​ကြီး​နဲ့ ကြိုးစား​ခဲ့​ရ​တာ​ကို မိန်း​ကလေး ၅ ယောက်​တွဲ​ဆို​မယ်။ ထွန်း​ရ​တီ​ရယ်၊ စု​စန္ဒီ​အောင်​ရယ်၊ နောက် ရွယ်⁠ရွယ်​ရယ်၊ နောက်​တစ်​ယောက်​ကတော့ ပို⁠ပို​အစ်မ​ဖြစ်​ပါ​လိမ့်​မယ်။”လို့ သူမ​က အခွေ​အကြောင်း ဖွင့်​ဟ​ပါ​တယ်။

အချစ်​ရေး​နဲ့​ပတ်​သတ်​ပြီး အေး​ဆေး​ပါ​လို့ ဆို​လိုက်​တဲ့ သူမ​က နာမည်​ထွက်​နေ​တဲ့ ရက်ပ်​ပါ တစ်​ယောက်​နဲ့​အကြောင်း​ကို မေး​ကြည့်​တော့​လည်း မ​ပြော​ဘူး​လို့ ငြင်း​လိုက်​ပါ​တယ်။ ဒါ​ပေ​မယ့် သူ​ကြိုက်​တဲ့ ကောင်​လေး ပုံစံ​မျိုး​ကို မေး​ကြည့်​လိုက်​တော့​သူမ​က “ငယ်⁠ငယ်​တုန်း​က စိတ်ကူး​ယဉ်​ခဲ့​တာ​ကတော့ အနီး​စပ်​ဆုံး ပြော​ပြ​ရ​ရင် ကို​နေ​တိုး​စ​တိုင်​ပေါ့။ အသား​ဖြူ​ရ​မယ်။ အရပ်​မြင့်​ရ​မယ်​ပေါ့။ အသက်ကြီး​လာ​တဲ့​ခါ​ကျ​တော့ ပြောင်းလဲ​သွား​တယ်။ ကိုယ့်​မှာ တက်​တူး​ရှိ​တော့ တက်​တူး​ရှိ​တဲ့ ဘဲ​ကို​ပဲ ပို​သဘောကျ​တယ်။ ယောက်ျား​လဲ​ပီ​သရ​မယ်။ တက်​တူး​လဲ​ရှိ​ရ​မယ်။ ပို⁠ပို​ကြိုက်​တဲ့​ပုံစံ​က ဂျပန်​ရုပ်​မျိုး​ကို​ကြိုက်​တယ်”တဲ့။

Credit to Trend Myanmar