ကျောင်း​သူ​ပင်​ကီ​ချို​ဟန်​ဟာ မနက်​စာ​စား​ပြီး​သိပ်​မ​ကြာ​တက္ကသိုလ်​ကျောင်း ဝင်​ထဲ ရောက်လာ​ပါ​တယ်။ ကျောင်း​ဝင်း​ထဲ​မှာ သူ့​ခန္ဓာ​ကိုယ်ပေါ် ဓာတ်​ဆီ​တွေ ရွှဲ​နေ​အောင်​လောင်း​ချ​လိုက်​ပြီး မီးခြစ်​ကို ခြစ်​လိုက်​ပါ​တယ်။

မီး​တွေ​လောင်​နေ​တဲ့ ဒီ ၁​၉ နှစ်​သမီး​ဟာ ကျောင်း​ဝင်း​ထဲ အော်ဟစ်​ပြေး​လွား​နေ​ပြီး ကျောင်း​အုပ်​ရဲ့​ရုံး​ခန်း​ရှေ့​မှာ ဒူး​ထောက်​ပုံ​ကျ သွား​ခဲ့​ပါ​တယ်။ ရက်​အနည်းငယ် ကြာ​အပြီး​မှာ​တော့ သူမ​ဟာ သေ​ဆုံး​သွား​ခဲ့​ပါ​တယ်။

အိန္ဒိယ​နိုင်ငံ Gurgaon မြို့​ရဲ့ တက္ကသိုလ်​ကျောင်း​ဝင်း​ထဲ​မှာ ဖြစ်ပွား​ခဲ့​တာ​ဖြစ်​ပါ​တယ်။
သူ့​ညီမ​ဟာ လွန်​ခဲ့​တဲ့​တစ်​လ​က စာ​မေး​ပွဲ​ရ​မှတ်​နဲ့​ပက်​သက်​ပြီး စိတ်​ဖိစီး​မှု​တွေ​ဖြစ်​ကာ ဒီ​လို​လုပ်​ခဲ့​တာ​လို့ ဆို​ပါ​တယ်။ သူမ​ရဲ့​အဖြေ​လွှာ​ကို အမှတ်​ပြန်လည်​ခြစ်​ပေး​ဖို့ ဆရာ​တွေ​ကို တောင်း​ဆို​နေ​ခဲ့​တာ​လို့ ဆို​ပါ​တယ်။

သူမ​ရဲ့​အဖြေ​လွှာ​ဟာ ရ​မှတ်​သုည​သာ ရ​ခဲ့​တာ​ဖြစ်​ပါ​တယ်။
ပင်​ကီ​ချို​ဟန်​ရဲ့​ပြဿနာ​က အမှတ်​သက်သက်​တင် မဟုတ်​ပါ​ဘူး။ သူမ​ဟာ ရည်​မှန်း​ချက်​မြင့်​မား​သူ ဖြစ်​ပါ​တယ်။ ဒါပေမဲ့ ပညာသင်​မဲ့​အစား အခြား​ဆွေ​မျိုး​ထဲ​က မိန်း​ကလေး​တွေ​လို အိမ်ထောင်​ပြု​ဖို့​သာ သူမ​ရဲ့​အိမ်​က ဖိ​အားပေး​နေ​ခဲ့​တာ​ဖြစ်​ပါ​တယ်။

“သူ့​မှာ တခြား​လုပ်​စရာ​ဘာ​မှ​မ​ရှိ​တော့​ဘူး။ သူ​ကိုယ်တိုင် သူ့​ကိုယ်​သူ ဖိ​အား​တွေ​တ​အားပေး​နေ​တာ”လို့ အစ်ကို​ဖြစ်​သူ အရမ်​က ပြော​ကြား​ခဲ့​ပါ​တယ်။တကယ်​တော့ အဖြေ​လွှာ​ရလဒ်​ဟာ မှားယွင်း​မှု​သာ​ဖြစ်​ပြီး သူမ​ဟာ စာ​မေး​ပွဲ​အောင်​ခဲ့​ကြောင်း ကျောင်း​က နောက်​ပိုင်း​ကျ​မှ ထုတ်​ပြန်​ခဲ့​တယ်​လို့ Reuter ကဖော်​ပြ​ခဲ့​ပါ​တယ်။

WHO ရဲ့ဖော်​ပြ​ချက်​အရ အိန္ဒိယ​နိုင်ငံ​ဟာ ၁​၅ နှစ်​မှ ၂​၉ နှစ်​အရွယ်​လူ​ငယ်​များ ကိုယ့်ကို​ကိုယ်​သတ်​သေ​မှု အမြင့်​မား​ဆုံး နိုင်ငံ​လို့​ဆို​ပါ​တယ်။

Credit to Phothutaw