ဩစတြေးလျ​နိုင်ငံ ဆစ်​ဒ​နီ​မြို့​လယ်​က ကော်​ဖီ​ဆိုင်​တ​ဆိုင်​ကို လက်နက်ကိုင်​တွေ ဝင်​စီး​ထား​ပြီး ကော်​ဖီ ဆိုင်​ထဲ​မှာ ရှိ​နေ​တဲ့ လူ​တွေ​ကို​လည်း ဓားစာခံ အဖြစ် ဖမ်းထား ပါ​တယ်။

နယ်​ခံ ရုပ်​မြင်​သံ​ကြား သ​တင်း​တွေ​မှာ အာ​ရ​ဘီ ဘာသာ​နဲ့ ရေးထား​တဲ့ စာ​ပါ​တဲ့ အဖြူ​အမဲ အလံ​ကို​လည်း လှမ်း​မြင် နေ​ရ​တာ​ကို ပြသ​ပါ​တယ်၊ ဒီ​အလံ​ဟာ အီ​ရတ်​နဲ့ ဆီ​ရီး​ယား​မှာ တိုက်ခိုက်​နေ​တဲ့ အစ္စ​လာမ္မစ် နိုင်​ငံတော် အမည်​ခံ အိုက်​အက်​အဖွဲ့​ရဲ့​အလံ​နဲ့ ဆင်​တူ​တယ်​လို့ သ​တင်း​တွေ​က ဆို​ပါ​တယ်။

လက်​နက်က်ိုင်​တွေ ဝင်​စီး​ထား​တဲ့ ကော်​ဖီ​ဆိုင်​တ​ဝိုက်​မှာ ဘဏ်​တွေ ရှိ​သ​လို၊ န​ယူး​ဆောက်​ဝေး ပြည်နယ် လွှတ်တော်​နဲ့​လည်း နီး​ပါ​တယ်။ အနီး​အနား​တ​ဝိုက်​က လမ်း​တွေ​ကို ရဲ​တွေ​က ပိတ်​ဆို့​ထား​ပြီး ဒါ​ဇင်​နဲ့ ချီ​တဲ့ ရဲ​တွေ​လည်း လက်နက်​အပြည့်​အစုံ​နဲ့ ကော်​ဖီ ဆိုင်​တ​ဝိုက်​ကို ဝိုင်းထား​ပါ​တယ်။

ဆိုင်​တွင်း​က အစ္စ​လာမ် အလံ​ကို ပြတင်းပေါက်​က​နေ လှမ်း​မြင်​ရ​တဲ့​သ​တင်း​ကို န​ယူး​ဆောက်​ဝေး ပြည်နယ် ရဲ​တပ်ဖွဲ့​က အတည်ပြု​ချက် မ​ပေး​သေး​ပေ​မယ့် အစ္စ​လာမ္မစ်န်ိုင်​ငံတော် အမည်​ခံ အိုက်​အက်စ် အကြမ်း​ဖက်​အဖွဲ့​ရဲ့ တိုက်ခိုက်​မှု ဖြစ်​နိုင်​တယ်​ဆို​တဲ့ စိုးရိမ်​မှု​တွေ​လည်း မြင့်​တက်​နေ​ပါ​တယ်။

ဩစတြေးလျ​ဟာ အိုင်​အက်စ်​အဖွဲ့​ကို တိုက်ခိုက်​နေ​တဲ့ အမေ​ရိ​ကန်​ရဲ့ စစ်ဆင်​ရေး​ကို ထောက်ခံ​တဲ့ နိုင်ငံ ဖြစ်​ပါ​တယ်။ အရှေ့​အလယ်​ပိုင်း​မှာ အိုက်​အက်​အဖွဲ့​နဲ့ ပူးပေါင်း​တိုက်ခ်ိုက်​ပြီး ပြည်တော်​ပြန်လာ​တဲ့ တိုက်ခိုက်​ရေး​သမား​တွေ​ရဲ့ အန္တရာယ်​ကို​လည်း န​ဂို​ကတည်းက တပ်​လှန့်​ထား​တဲ့ နိုင်ငံ​ဖြစ်​ပါ​တယ်။

Credit to DVB