ဆေးခြောက်​သုံး​ရ​တာ အပန်းပြေ​တယ်​ဆို​တာ မ​ယုံ​မ​ရှိ​ပါ​နဲ့။ ပြဿနာ​က ဆေးခြောက်​ကြောင့် အပန်းပြေ​တာ အရမ်း​များ​သွား​ရင် နှုံး​ပြီး​တော့ တက်တက်​ကြွ⁠ကြွ​မ​ရှိ​တော့​တာ​ပါ​ပဲ။

အပတ်​စဉ် ပုံ​မှန်​လိုလို ဆေးခြောက်​သုံး​နေ​တဲ့​သူ​တွေ​မှာ မ​သုံး​တဲ့​သူ​တွေ​ထက် ဒို​ပါ​မင်း ပမာဏ​နည်း​လာ​ပါ​တယ်။ ဒို​ပါ​မင်း​ဆို​တာ ဦးနှောက်​နဲ့ ကိုယ်​စိတ်​လှုပ်ရှား​မှု​ကို ဆက်​စပ်​ပေး​တဲ့ အာရုံကြော​ဖြန့်​ကျက်​မှု​ဆိုင်​ရာ ဓာတု​ဓါတ် တစ်​မျိုး​ပါ။ ဆေးခြောက်​အစွမ်း​ကြောင့် စိတ်​ခံစား​မှု​တွေ​ပြောင်းလဲ​လာ​ပြီး ဆေးခြောက်​သုံး​သူ​တွေ​မှာ ဒို​ပါ​မင်း ပမာဏ​များ​နေ​လိမ့်​မယ်​လို့ သိပ္ပံ​ပညာ​ရှင်​တွေ​က ယူဆ​ခဲ့​ကြ​ပါ​တယ်။ လက်တွေ့​မှာ PET ဦးနှောက်​ဓါတ်​မှန် ရိုက်​ကြည့်​လိုက်​တဲ့​အခါ ထင်​ထား​တာ​နဲ့​တခြား​စီ​ဖြစ်​နေ​တာ​ကို အံ့ဩ​စွာ​နဲ့​ပဲ တွေ့​ရှိ​ခဲ့​ကြ ပါ​တယ်။ ဆေးခြောက်​သုံး​တာ အကြိမ်​ရေ​နည်း​သူ​တွေ​ထက် ဆေး​စွဲ​နေ​သူ​တွေ​မှာ ဒို​ပါ​မင်း​ပမာဏ အနည်း​ဆုံး​ဖြစ်​နေ​တာ ကို​တွေ့​ရှိ​ရ​ပြီး အဲ့​ဒီ့​လို​ဒို​ပါ​မင်း ပမာဏ​သိပ်​နည်း​တဲ့​အတွက် ဆေး​စွဲ​သူ​တွေ​ဟာ တက်တက်​ကြွ⁠ကြွ​မ​ရှိ​တော့​ပဲ တစ်​ခါ​တစ်​လေ​မှာ စိတ်ကျ​ရောဂါ​ဝင် နေ​ကြ​တာ​ဖြစ်​ပါ​တယ်။ နောက်ဆုံး​မှာ​တော့ ဆေးခြောက်​သုံး​သူ​တွေ​ဟာ တက်​ကြွ​မှု​မ​ရှိ​ပဲ ထုံ​ထိုင်း​လေးပင်​လာ​တယ် ဆို​တဲ့​အကြောင်း သိပ္ပံ​နည်းကျ ရှင်း​ပြ​နိုင်​ခဲ့​ပါ​တယ်။

ဆေးခြောက်​ဟာ စိတ်ကျ​ရောဂါ၊ စိတ်​ကစဉ့်ကလျား ရောဂါ​အစ​ရှိ​တဲ့ စိတ်​ပိုင်း​ဆိုင်​ရာ သက်ရောက်​မှု​တွေ​ကို ရေ​ရှည်​မှာ ဖြစ်​စေ​ပါ​တယ်။ ဦးနှောက် အရမ်း​ဖွံ့ဖြိုး​တဲ့ ဆယ်ကျော်​သက်​အရွယ်​မှာ ဆေးခြောက်​သုံး​ရင် နောင်​တစ်​ချိန်​မှာ စိတ်​ရောဂါ​တွေ​ဖြစ်လာ​နိုင်​တဲ့ အန္တရာယ်​ပို​များ​ပါ​တယ်။

Credit to Trend Myanmar