ရိုင်းစိုင်း​ကြမ်းတမ်း​ပြီး ရူး​နှမ်း​နှမ်း အဘွား​အို​နှစ်​ဦး​ဟာ သူ​တို့ အမွှာ​မြေး​လေး​တွေ​မွေး​ဖွား​ရာ သား​ဖွား​ဆောင်​မှာ လက်သီး​နဲ့ အပြန်​အလှန်​ထိုး​ကြိတ် သတ်​ပုတ်​မှု​ဖြစ်ပွား​ခဲ့​တယ်​လို့ ဆို​ပါ​တယ်။

ဆေး​ရုံ​ကို သား​ဖွား​မိ​ခင်​ရဲ့​အမေ ကာ​လိုးလ် အယ်လ်​ဘတ်ဒ် ရုတ်​တရက်​ရောက်​ချ​လာ​တဲ့​အချိန်​မှာ ပင်​ဆီလ်​ဗီး​နီ​ယား​ပြည်နယ် အီ​နိန်​မြို့​က ရှာလ်​လေး​အာလ်​ဗင် အသက် (၇​၂) မှာ သူမ​ရဲ့ အမွှာ​မြေး​တွေ​မွေး​ဖွား​ဖို့ စောင့်ဆိုင်း​လို့ ဆေး​ရုံ​အတွင်း​ရောက်​ရှိ​နေ​ခဲ့​ပြီး အခြေအနေ​အရပ်​ရပ် ပြောင်းလဲ​သွား​ခဲ့​ပါ​တယ်။ သူ​သာ ကလေး​တွေ​နဲ့ သက်ဆိုင်​တယ်​ဆို​တဲ့ အကြောင်းရင်း​နဲ့ တချို့​သော​အကြောင်း​ကြောင့် ထိုင်​ရာ​မှ ထ​လာ​ပြီး ရှာလ်​လေ​ရဲ့ ရင်ဘတ်​နဲ့ လက်မောင်း​အပေါ်​ဘက်​ခြမ်း​ကို ကြမ်းတမ်း​စွာ ရိုက်​နှက်​ခဲ့​တာ​ဖြစ်​တယ်​လို့ သ​တင်း​အစီရင်ခံ​ချက်​အရ သိ​ရ​ပါ​တယ်။ အယ်လ်​ဘတ်ဒ်​ရဲ့​သမီး​က အဖွား​အို​နှစ်​ဦး လုံးထွေး​သတ်​ပုတ်​မှု ဝင်​တား​ဖို့ ကြိုးစား​တဲ့​အခါ အာလ်​ဗင်​က လက်​ကို ဝှေ့​ယမ်း​လိုက်​ပြီး သူ​ရဲ့ ခေါင်း​ဘယ်​ဘက်​ခြမ်း​ကို လက်တီး​ဖြင့် ထိုး​ထဲ့​လိုက်​ရာ နား​ဆီ​ကွဲ​ထွက်​ပြီး ကြမ်း​ပြင်ပေါ်​သို့ လဲကျ​သွား​တယ်။

အဲ​ဒီ​အမျိုးသမီး​နှစ်​ဦး​အား သား​ဖွား​ဆောင်​မှ ထွက်​ပေး​ဖို့ တောင်း​ဆို​ထား​တာ​မို့ သူ​တို့ မြေး​များ​မွေး​ဖွား​တဲ့​အချိန်​နဲ့ လွဲချော်​ခဲ့​ရ​ပြီး အာလ်​ဗင်​ကို ကိုယ်​ထိ​လက်​ရောက်​ကျူးလွန်​မှု​နဲ့ အနှောက်​အယှက်​ဖြစ်​စေ​တဲ့ ပြစ်​မှု​နဲ့ စွပ်စွဲ​ခံ​ခဲ့​တယ်။

Credit to Trend Myanmar