“ဂီ​တ​ကို ချစ်​မြတ်နိုး​တတ်​အောင်၊ ဂီ​တသ​မား​တွေ​ကို လေးစား​တတ်​အောင် လေ့ကျင့်​ပျိုးထောင်​ပေး​ခဲ့​တဲ့ လက်ဦး​ဆရာ​ကတော့ ဖေ⁠ဖေ​ပါ​ပဲ။ ဖေ⁠ဖေ​ရဲ ႔ သွန်သင်​ဆုံးမ​မှု​တွေ​ကို အခြေ​ခံ​ပြီး ဒီ​နယ်ပယ်​မှာ ရပ်​တည်​ခဲ့​ရ​တာ​ပါ။ ဒုတိယ​အနေ​နဲ့ ကျွန်တော့်​ကို သားသမီး​လို သဘောထား​ပြီး အနီး​ကပ် လေ့​လာ​သင်ကြား​ပေး​ခဲ့​တဲ့ ဆရာ​တွေ​ကတော့ ဦး​အောင်​မြင့် (လူ​ပျံတော် ပတ္တမြား) နဲ့ ဒေါ်​ဖြူ​သီ​ပါ​ပဲ။ တိုက်ရိုက်​သင်ကြား​ပေး​ခဲ့​တာ မဟုတ်​ပေ​မယ့် သူ​တို့​ရဲ့ အို​အေ​စစ် စ​တူ​ဒီ​ယို​မှာ နေ​ခွင့်၊ စက်​ပစ္စည်း​တွေ​ကို ကိုင်​ခွင့်​ပေး​ခဲ့​ပါ​တယ်။ ဆ​ရာကျော် (အင်​ဂျင်​နီ​ယာ) ဆီ​မှာ​လည်း အနီး​ကပ် လေ့​လာ​ခွင့် ရ​ခဲ့​ပါ​တယ်။ ကျွန်တော့်​ရဲ့ ဂီ​တ​သင်​တန်း​ကျောင်း​ကတော့ အို​အေ​စစ်​လို့​ပဲ ပြော​ရ​မှာ​ပါ။ ဆယ်​နှစ်​လုံး​လုံး ဂီ​တ​သင်​တန်း​ကျောင်း​ကြီး တစ်​ကျောင်း တက်​ခဲ့​ရသ​လို​ပါ​ပဲ။ ဂစ်​တာ​တီး​လိုက်၊ အသံ​ဖမ်း​လိုက်၊ ဒ​ရမ်​တီး​လိုက်​နဲ့ ကြုံ​ရာ​ဝင်​တီး​ခဲ့​ရ​ပါ​တယ်။ အဲ​ဒီ​မှာ ဆရာ​ဦး​ကောင်းမြတ်​နဲ့ ဆရာ​ကို​ချာ​လီ​တို့​က Stage Show တွေ လိုက်​ပြင်​ပေး​တယ်။ ဆရာ​ကောင်း​က အသံ​သွင်း၊ အသံ​ဖမ်း​တာ​နဲ့ ပတ်သက်​တဲ့​အကြောင်းအရာ​တွေ၊ ROCK နဲ့ ပတ်သက်​တဲ့ အခြေ​ခံ​အချက်​တွေ သင်​ပြ​ပေး​ခဲ့​ပါ​တယ်။ ကျွန်တော်​တို့​ကို သူငယ်ချင်း​လို ပေါင်း​ပြီး၊ ဘယ်​အကြောင်းအရာ​ပဲ​ဖြစ်​ဖြစ်၊ သူ​နဲ့ ပြိုင်​ငြင်း​ခွင့်​ပေး​ပါ​တယ်။ သူ့​ရှု​ထောင့်​က​နေ အကျိုးအကြောင်း ပြန်​ရှင်း​ပြ​ပေး​ပါ​တယ်။ ဒီ​တော့ အတတ်​မြန်​ပြီး သူ​များ​ကို​လည်း ပြန်​ရှင်း​ပြ​နိုင်​တာ​ပေါ့။ အဲ​ဒါ​ကြောင့် အရေး​အကြောင်း ကြုံ​ရင် ဆရာ​ကောင်း​ဆီ ပြေး​ရ​တာ​ပဲ။ ကျွန်တော့်​အစ်ကို ကိုဇော်​မျိုး​ထွဋ်​ဆီ​က​လည်း ဂစ်​တာ​ကြိုး​ညှိ​တာ​က​အစ အနီး​ကပ် လေ့​လာ​ခဲ့​ပါ​တယ်။

သီချင်း​ခွေ စ​ထုတ်​တဲ့​အချိန်​မှာ မင်း​ချစ်​သူ​ဆီ​က သီချင်း​ရေး​တဲ့​ပညာ​နဲ့ ပတ်သက်​ပြီး လေ့​လာ​ဆည်း​ပူး​ခွင့် ရ​ခဲ့​ပါ​တယ်။ ကျွန်တော် လေးစား​တဲ့ ဆရာ စန္ဒ​ရား​ဦး​အောင်​ခင်​နဲ့ သိ​ခွင့်​ရ​ခဲ့​ပါ​တယ်။ ပထမ​ဆုံး “မာ​ကျူ​ရီ​ည” စီး​ရီး​နဲ့ ပို​စ​တာ စရိုက်​တော့ ဓာတ်​ပုံ​ဦး​အောင်​ချို​နဲ့ ရိုက်​ဖြစ်​ပါ​တယ်။ သူ့​ဆီ​မှာ​က​လည်း ပစ္စည်း​အစုံ​လည်း​ရှိ​တော့ သူ့​ဆီ​က​နေ ကင်​မ​ရာ အယူ​အဆ၊ အလင်း​အမှောင်၊ အနေအထား၊ ပုံနှိပ်​စက်​မှာ ဖ​လင်​ကာ​လာ ခွဲ​တာ စ​တာ​တွေ သိ​ခွင့်​ရ​ခဲ့​ပါ​တယ်။ ကို​လှိုင် (သုခမိန်​လှိုင်) က စီး​ရီး​ခွေ​နဲ့ ပတ်သက်​ပြီး စီးပွား​ရေး လမ်း​ကြောင်းပေါ် ကျွန်တော့်​ကို တင်​ပေး​ခဲ့​တာ​ပါ။ သီချင်း​ပိုင်း၊ အယူ​အဆ​ပိုင်း​ဆိုင်​ရာ ပညာ​တွေ​ကို ကို​ဝင်း​မင်း​ထွေး​ဆီ​မှာ လေ့​လာ​ခွင့် ရ​ခဲ့​ပါ​တယ်။ အခြေ​ကျ​သွား​တဲ့​အရွယ်ရောက်​တော့ အရှင်​ဆန္ဒာ​ဓိ​က၊ အရှင်​ဇောတိ​က​နဲ့ ဆရာ​ကြီး တက္ကသိုလ် ဘုန်း​နိုင်​တို့​ရဲ့​စာအုပ်​တွေ​ဟာ ကျွန်တော့်​ရဲ့​ဆရာ​တွေ ဖြစ်လာ​ပါ​တယ်။ သူ​တို့​ရဲ့ အဆုံးအမ​တွေ​အောက်​မှာ ရှိ​နေ​သ​လို ခံစား​ရ​ပါ​တယ်။

လူ​တိုင်း​မှာ နယ်ပယ်​အလိုက် တွေ့​ဆုံ​ရ​တဲ့​ဆရာ​တွေ အမျိုး​မျိုးရှိ​နိုင်​ပါ​တယ်။ ဘယ်​လို​ဆရာ​မျိုး​နဲ့​ပဲ​ဖြစ်​ဖြစ် အဓိက,က ကိုယ်​လိုချင်​တဲ့​ပညာ​ရ​ဖို့​ပါ​ပဲ။ တစ်​ခု​ရှိ​တာ​က ကိုယ်​လိုချင်​တဲ့​ပုံစံ​နဲ့ ဆရာ​ပေး​တဲ့​ပုံစံ ကွာ​ခြား​နိုင်​ပါ​တယ်။ ကိုယ့်​ဘာသာ​ကိုယ် မ​သိ​မသာ ခိုး​ယူ​ရ​တာ​မျိုး၊ သူ့​အလစ်​မှာ အမှတ်​တ​မဲ့ ပေါ်​သွား​တဲ့​ပညာ​ကို အမှတ်​တ​မဲ့ ရ​လိုက်​တာ​မျိုး​တွေ ရှိ​နိုင်​ပါ​တယ်။ ဂီ​တ​အနု​ပညာ​မှာ​တော့ ပေး​တိုင်း မြင်​ချင်​မှ မြင်​မယ်။ ဒီ​လို​လုပ်၊ ဒါ​ပြီး​ရင် ဒါ​ဆို​ပြီး သင်​လို့​ရ​တဲ့​ပညာ​မျိုး မဟုတ်​တော့ ဆရာ​ရဲ့ အလုပ်​တွေ​ထဲ​က​ပဲ မြင်​အောင်​ကြည့်​ပြီး ယူ​ရ​တာ​ပါ။ လူ​တစ်​ယောက်​ဟာ ကောင်း​သည်​ဖြစ်​စေ၊ ဆိုး​သည်​ဖြစ်​စေ၊ သူ့​ဆီ​က ပညာ​တစ်​ခု​ကို ယူထား​လိုက်​ပြီ​ဆို​ရင် အဲ​ဒီ​လူ​ဟာ ဆရာ​ပါ​ပဲ။ တစ်​ခါ​ဆရာ​ဖြစ်​ဖူး​ရင် တစ်​သက်​လုံး ဆရာ​ပါ​ပဲ။ ဆ​ရာ့​ကို သိ​တတ်​တဲ့​သူ​ဟာ ဘယ်​တော့​မှ အောက်​ကျ​နောက်ကျ မ​ဖြစ်​ဘူး​လို့ ယုံကြည်​ပါ​တယ်။

ကျွန်တော် ထူး​ထူးခြား​ခြား မှတ်မိ​နေ​တဲ့ စကား​တစ်​ခွန်း​ရှိ​ပါ​တယ်။ အို​အေ​စစ်​မှာ ၁​၀ နှစ်​နေ​ပြီး နာမည်​လေး​လည်း ရ​တဲ့​အချိန်၊ လူ​ငယ်​မာန်​တက်​လေး ဖြစ်​နေ​တဲ့​အချိန်​မှာ ဆရာ​ကောင်း​က
“ဘာ​ပဲ​လုပ်​လုပ် အထူးသဖြင့် ကျွန်တော်​တို့ မြန်မာ​နိုင်ငံ​မှာ လူ​မှု​ရေး​ကို ကျော်​မ​လုပ်​ပါ​နဲ့။ လူ​မှု​ရေး​က အဓိက ပို​ကျ​တယ်” လို့ ပြော​ခဲ့​ဖူး​ပါ​တယ်။ ကိုယ့်​ဘာသာ​ကိုယ် ပညာ​ရပ်​တစ်​ခု​မှာ အရမ်းတော်​နေ​လို့ မ​ပြီး​ပါ​ဘူး။ လူ​မှု​ရေး​ဘက်​မှာ​လည်း မ​ပျက်ကွက်​ဖို့ လို​ပါ​တယ်။ မင်း​နာမည် ဘယ်လောက်​ကြီး​မ​လဲ၊ ငါ​တို့ အသိ​အမှတ်​မ​ပြု​ဘူး​ဆို​ရင် ကိုယ်​ဘာ​တတ်နိုင်​မှာ​လဲ။ ဒါ​ကြောင့် ဘာ​ပဲ​လုပ်​လုပ် စေတနာ​လေး​ပါ​မယ်။ လူ​မှု​ရေး အဆင်​ပြေ​မယ်​ဆို​ရင် လူ​တိုင်း​က ကိုယ်​ချစ်​တဲ့​သူ​ကို နာမည်ကြီး​စေ​ချင်​မှာ​ပါ​ပဲ။ အရင်​ကတော့ ကိုယ်လုပ်​ချင်​ရာ လုပ်​ပြ​မယ်​ဆို​ပြီး အငမ်း​မ​ရ​လုပ်​ခဲ့​ဖူး​ပါ​တယ်။ ဒါ​ပေ​မယ့် နောက်​ပိုင်း​ကျ​တော့ သ​ဘာ​ဝ​ကျ⁠ကျ​နဲ့ စေတနာ​လေး​ထည့်​ပြီး ဖန်တီး​ဖြစ်​ပါ​တယ်။ ဒါ​တွေ​ဟာ​လည်း ဆရာ​သမား​တွေ​ရဲ့ သွန်သင်​လမ်းပြ​မှု၊ ပဲ့ပြင်​ညွှန်​ကြား​မှု​တွေ​ကြောင့်​ပါ​ပဲ။

Credit to FB