ည​သန်းခေါင်ယံ အိပ်စက်​ပြီး နေ⁠နေ​တုန်း ချစ်​သူ​ရည်းစား​ရဲ့ အင်္ဂါ​ကိုက်​ဖြတ်​ဖို့ ကြိုးစား​မှု​ကြောင့် အို​က​လာ​ဟိုး​မား​ဆို​တဲ့ အမျိုးသမီး​တစ်​ဦး​ဟာ ဖမ်းဆီး​ခံ​ခဲ့​ပါ​တယ်။ အမျိုးသား​တစ်​ဦး အိပ်​နေ​စဉ်​အတွင်း ချစ်​သူကောင်​မ​လေး​ရဲ့ တိုက်ခိုက်​မှု​ခံ​ခဲ့​ရ​တာ​ကြောင် ကြာသပတေးနေ့​မှာ အမည်ဖော်​ပြ​ထား​ခြင်း မ​ရှိ​တဲ့ တရားဝင် ခံ​ရ​သူ​အမျိုးသား​ကို ဆေး​ရုံ​သို့ ပို့​ခဲ့​ကြောင်း ရဲ​တပ်ဖွဲ့​က ပြောဆို​ခဲ့​ပါ​တယ်။

သူ​နဲ့ သူ့​ချစ်​သူကောင်​မ​လေး Amber Ellis အပြင်​ထွက် သောက်​စား​ပြီး ရန်​ဖြစ်​ကြ​တာ​ဖြစ်​ကြောင်း ရဲ​တပ်ဖွဲ့​ကို ခံ​ရ​တဲ့ အမျိုးသား​က ပြော​ပြ​ခဲ့​ပါ​တယ်။ “ရန်​ဖြစ်​တာ​က ပြီး​နေ​ပါ​ပြီ။ ဘယ်လောက်​တောင် ငတ်​နေ​လဲ​မ​သိ​ပါ​ဘူး” လို့ သူ​က ပြောဆို​ခဲ့​ပါ​တယ်။ အိမ်​ပြန်​ရောက်​တဲ့​အခါ အခန်း​တစ်​ခု​စီ သီးခြား​အိပ်​ကြ​တယ်​လို့ သူ​က ဆို​ပါ​တယ်။

Ellis ဆို​တဲ့ သူ့​ချစ်​သူ​က သူ့​အင်္ဂါ လာ​ကိုက်​နှိုး​တဲ့​အချိန်​အထိ ဆို​ဖာပေါ်​မှာ​ပဲ အိပ်​ခဲ့ပျော်​ခဲ့​ကြောင်း ရဲ​တပ်ဖွဲ့​ရဲ့ သ​တင်း​အစီရင်ခံ​စာ​အရ သိ​ရ​ပါ​တယ်။ သိပ်​ပြော​လို့ မ​ကောင်း​တဲ့ ချစ်​သူ​ချင်း​ဖြစ်​တဲ့ ပြဿနာ​တွေ​ပေါ့။ သူ​ပြန်​ခုခံ​ဖို့ ကြိုးစား​တဲ့​အခါ သူမ​က သူ​ကို လက်​တော့ပ်​နဲ့ ရိုက်​ခဲ့​လို့ ဆို​တယ်။ နောက်​ပိုင်း သူ့​တစ်​ကိုယ်​လုံး ဒဏ်ရာ​တွေ့​ရ​ရှိ​ခဲ့​ပြီး သူ့​ဟို​ဒင်း​လည်း ပျက်စီး​မ​သွား​အောင် အရင်း​ပိုင်း အချက်​ပေါင်း​များ​စွာ ချုပ်​ယူ​ရ​တယ်​လို့ ဆို​ပါ​တယ်။ Ellis ကို သေ​ရာ​ပါ ဒဏ်ရာ​ရ​စေ​မှု၊ ပြင်းထန်​စွာ ကိုယ်​ထိ လက်​ရောက် ကျူးလွန်​မှု​တို့​နဲ့ တရားစွဲဆို​ခဲ့​ပါ​တယ်။ သူမ​ဟာ Tulsa County ထောင်​တစ်​ခု​တွင် လတ်​တ​လော ထိန်းသိမ်း ခံ​နေ​ရ​ဆဲ​ဖြစ်​ပါ​တယ်။

Credit to Trend Myanmar