ရန်ကုန်မြို့​တွင် ညနေ ဈေး​ဖွင့်​လှစ်​ရန် နိုဝင်ဘာ​လ​ကုန်​၌ မြို့တော်​စည်ပင်​သာယာ​ရေးကော်​မ​တီ​နှင့် အပြီးသတ် ဆွေးနွေး​မှု ပြုလုပ်​သွား​မည် ဖြစ်​ကြောင်း မြန်မာ​နိုင်ငံ စား​သောက်​ဆိုင် လုပ်​ငန်း​ရှင်​များ​အသင်း​မှ သတင်းရ​ရှိ​သည်။

ဖွင့်​လှစ်​မည့် ဈေးဆိုင်​အမျိုး အစား ပါဝင်​မှု ရာ​ခိုင်​နှုန်း၊ ဈေး သည်​များ​အတွက် ရေ၊ မီး၊ မိလ္လာ စနစ်​များ​နှင့် မော်တော်​ယာဉ်​ရှုပ် ထွေး​မှု မ​ဖြစ်​အောင် ရွေးချယ်​ထား​ပြီး​ဖြစ်​၍ ယခု ဆွေးနွေး​မှု​ပြီး မြောက်​ပါ​က ည​ဈေး​ကို ဖော် ဆောင်သွား​မည်​ဟု ယင်း​အသင်း အထွေ​ထွေ​အတွင်း​ရေး​မှူး ဦးကျော်​မြတ်​မိုး​က ပြော​သည်။

‘‘လုပ်​ပြီး​ရင် ပြန်​မ​ဖျက်​ချင် လို့ တစ်ခါတည်း​သေချာ​အောင် လုပ်​နေ​လို့ ကြန့်ကြာ​နေ​တာ​ပါ။ နောက်​ပြီး ယဉ်ကျေး​မှု​နယ်​မြေ တွေ​ထဲ​မှာ​လည်း မ​ပါ​ချင်​ဘူး။ ရန်ကုန်​မြို့တော် မဟာ​စီမံ​ကိန်း ပေါ်​မူ​တည်​ပြီး ဒီ​ဈေး​နေရာ​ကို သတ်​မှတ်​သွား​မယ်’’ဟု ဦးကျော် မြတ်​မိုး​က ပြော​သည်။

မြန်မာ​နိုင်ငံ စား​သောက် ဆိုင် လုပ်​ငန်း​ရှင်​များ​အသင်း၊ ကျန်းမာ​ရေး ဝန်ကြီး​ဌာန​နှင့် ရန်ကုန်​မြို့တော်​စည်ပင်​သာယာ ရေး ကော်မတီ​တို့ ပူးပေါင်း​ကာ ရန်ကုန်မြို့​တွင် ည​ဈေး​ဖွင့်​လှစ်​နိုင် ရန် ဆွေးနွေး​ခဲ့သော်​လည်း အကြိမ်ကြိမ်​ပျက်​ပြယ်​ခဲ့​သည်။

‘‘ရန်ကုန်မြို့​မှ အဓိက​စား သောက်​ဆိုင်​တွေ​ရှိ​တာ မြို့​ထဲ​က (၁​၉)လမ်း​တစ်​ခု​ပဲ​တွေ့​တယ်။ ဒီ​မှာ​လည်း လူ​ကျပ်​တယ်။ စား သောက်​ဆိုင်​တွေ ကျန်းမာ​ရေး အရ လို​အပ်​ချက်​တွေ ရှိ​သေး တယ်။ ရန်ကုန်မြို့​မှာ ညနေ​ဈေး ကောင်း⁠ကောင်း​တစ်​ခု​တော့ လို တယ်’’ဟု အမေ​ရိ​ကန်​နိုင်ငံသား တစ်​ဦး​က ပြော​သည်။

ည​ဈေး​တွင် စား​သောက် ဆိုင်၊ အဝတ်​အထည်၊ မြန်​မာ့​ရိုး ရာ​ဗေဒင်၊ မြန်​မာ့​ရိုးရာ​လက်​မှု အနှိပ်​ပညာ၊ စာအုပ်​ဆိုင်​များ လည်း​ပါဝင်​မည်​ဖြစ်​မည်။ ဆိုင် ခန်း​အရေအတွက်​ကို မြို့တော်​စည် ပင်​နှင့်​ညှိနှိုင်း​ဆောင်ရွက်​သွား​မှာ ဖြစ်​ပြီး လမ်း​ဘေး​ဈေးသည်​များ ကို ဦးစားပေး​ဖွင့်​လှစ်​ရန် ရွေးချယ် သွား​မည်​ဖြစ်​ကြောင်း အဆို​ပါ အသင်း​မှ သိ​ရ​သည်။

ည​ဈေး​ဖွင့်​လှစ်​ရန် မြို့​နယ်​တစ်​ခု​မှ လမ်း​ဘေး​ဈေးသည်​နှစ်​ဆိုင်​စီ​ကျ ကျန်းမာ​ရေး စစ်ဆေး​ချက်​ကောက်ယူ​နေ​ကြောင်း မြန်မာ​နိုင်ငံ​စား​သောက်​ဆိုင်​လုပ်​ငန်း​ရှင်​များ​အသင်း​မှ သိ​ရ​သည်။

၂​၀​၁​၄ ခု​နှစ် ဩဂုတ်​လ အတွင်း ရန်ကုန်တိုင်း​ဒေသ​ကြီး ဝန်ကြီး​ချုပ်​ဦး​မြင့်​ဆွေ​က ရန်ကုန် မြို့ မဟာ​ဗန္ဓု​လ​ပန်းခြံ​လမ်းတွင် ခွင့်​ပြု​ပေး​ခဲ့သော်​လည်း နေရာ​ကို ပြန်လည်​ရွေးချယ်​မည်​ဖြစ်​သည်။ ည​ဈေး​ဖွင့်​လှစ်​မည့် အချိန်​မှာ ညနေ ၆ နာရီ​ခွဲ​မှ ည ၁​၂ နာရီ အထိ​ဖြစ်​သည်။

Credit to 7Day Daily