သင့်တော်​တဲ့ အဝတ်​အစား ဝတ်​မ​ထား​လို့ ကျောင်း​သူ/သား​တွေ​ကို အိမ်​ပြန်​လွှတ်​ခံ​ရ​တာ​တွေ မ​ကြာ​ခဏ ရှိ​ခဲ့​ပေ​မဲ့ ကျောင်းဆရာ/မ တစ်​ဦး အိမ်​ပြန်​လွှတ်​ခံ​ရ​တယ်​ဆို​တာ​ကတော့ ဒီ​အဖြစ်အပျက်​က ပထမ​ဆုံး​အကြိမ်​ဖြစ်​မှာ​ပါ။

Charlotte Tumilty အမည်​ရှိ အသက် ၂​၆ အရွယ် မူလ​တန်း​ပြ​ဆရာ​မဟာ Hartelpool က St. John Vianneys မူလ​တန်း​ကျောင်း​က​နေ ကျောင်းဆရာ​သင်​တန်း​ပြီး​ဆုံး​လို့ ရာထူး​နေရာ​တစ်​ခု​ကို အခိုင်​အမာ ရ​ရှိ​ထား​ပြီ​ဖြစ်​ပါ​တယ်။ ဒါ​ပေ​မယ့် ကျောင်း​ဖွင့်​တဲ့ ပထမ​ဆုံး​ရက်​မှာ​ပဲ သူမ​ရဲ့​တက်​တူး​တွေ​ကြောင့် အိမ်​ကို​ပြန်​လွှတ်​ခံ​ရ​ပြီး သူမ​ရဲ့​တက်​တူး​တွေ​ကို လူ​မ​မြင်​အောင်​ဖုံးထား​ဖို့ ပြောဆို​ခံ​လိုက်​ရ​ပါ​တယ်။

အတန်း​ထဲ​မှာ စာ​စ⁠စ​သင်​ချင်း​ဆို​သ​လို​ပဲ စည်းကမ်း​တင်း​ကြပ်​တဲ့ ကက်​သ​လစ် စာသင်ကျောင်း St John Vianneys က​နေ သူမ​ကို အိမ်​ပြန်​ပြီး သူမ​ခန္ဓာ​ကိုယ်ပေါ်​က တက်​တူး​တွေ​ကို ပ​လာ​စ​တာ​တွေ​နဲ့၊ အနာ​ကပ်​ခွာ​တွေ​အသုံးပြု ဖုံး​အပ်ထား​ရ​မှာ​လို့ ပြောဆို​ခံ​ခဲ့​ရ​တဲ့​အကြောင်း သူမ​က ပြောဆို​သွား​ပါ​တယ်။

သူမ​ကို ရာထူး​က​နေ ထုတ်​ပယ်​ခြင်း​ကို​တော့ ပြုလုပ်​မှာ မဟုတ်​ဘူး​လို့ ဆို​ပါ​တယ်။

လက်မောင်း​က တက်​တူး​တွေ​ကို အကာအကွယ်​ပြု​ထား​ဖို့ လို​အပ်​တဲ့ ပစ္စည်း​တွေ ဝယ်​ယူခဲ့​ပေ​မဲ့ သူ့ လည်ပင်း​နဲ့ လက်ချောင်း​တွေပေါ်​ထိုး​ထား​တဲ့ တက်​တိုး​တွေ​ကို​တော့ ကျောင်း​မှ ချွင်း​ချက်​အဖြစ် ထား⁠ထား​ပေး​တယ်​လို့ Ms Tumilty က ပြောဆို​ခဲ့​တယ်။

သူမ​ဟာ နောက်​တစ်​ခြား​နေရာ​သစ်​တစ်​ခု​ကို ပြောင်းရွှေ့​ဖို့​က​လည်း မလွယ်​ကူ​သ​လို စာ​သင်​နှစ်​တစ်​ခု​နောက်ကျ​သွား​နိုင်​တာ​ကြောင့် အခြား​ကျောင်း​တစ်​ခု⁠ခု​မှာ အလုပ်​ထပ်​လျှောက်​ဖို့ မ​ဖြစ်​နိုင်​ဘူး​လို့ Ms Tumilty က ပြော​သွား​ခဲ့​ပါ​တယ်။

Credit to Trend Myanmar