ပြည်​ပ အလုပ်အကိုင် အေဂျင်စီ​လိုင်စင်​မ​ရှိ သည့်​အပြင် တရားဝင်​အလုပ်​သမား စေလွှတ်​ခွင့်​မ​ပြု​ထား​သည့် နိုင်ငံ​များ ထဲ​တွင်​ပါဝင်​သည့် ဂျော်​ဒန်​နိုင်ငံ​သို့ တရားမ​ဝင် အလုပ်​သမား​ပို့ဆောင်​သူ ပွဲစား​အမျိုးသမီး​ပါ​သုံး​ဦး​ကို မင်္ဂလာ ဒုံ​မြို့မ​ရဲ​စခန်း​တွင် ပြည်​ပ​အလုပ်​အ ကိုင်​ဆိုင်​ရာ ဥပဒေ​ပုဒ်မ-၂​၆​ဖြင့် အမှု​ဖွင့်​ထား​ကြောင်း သိ​ရ​သည်။

အောက်တိုဘာ​၂​၅​ရက်​တွင်​တရားမ​ဝင်​ပို့ဆောင်​သူ န​ဒီ​ရွှန်း​လဲ့ ဝန် ဆောင်​မှု​ကုမ္ပဏီ​မှ ပွဲစား ဒေါ်​သင်း သင်း​မိုး​ပါ​သုံး​ဦး​ကို အရေးယူ​ပေး​ရန် ယင်း​နေ့​ညနေ​ပိုင်း​တွင် မင်္ဂလာဒုံ​မြို့မ ရဲ​စခန်း​၌ အလုပ်​သမား​ညွှန်​ကြား​မှု ဦးစီး​ဌာန​မှ တရားလို​ပြုလုပ်​ကာ​တိုင် ကြား​ခဲ့​ခြင်း​ဖြစ်​ကြောင်း လူ​ကုန်​ကူး မှု​တားဆီး​နှိမ်​နင်း​ရေး​ရဲ​တပ်ဖွဲ့​မှ သိ ရ​သည်။

လူ​ကုန်​ကူး​မှု တားဆီး​နှိမ်​နင်း ရေး​ရဲ​တပ်ဖွဲ့​မှ​ဒု​ရဲ​မှူး​မင်း​နိုင်​က ”ဒီ​အ မှု​မှာ လူ​ကုန်​ကူး​မှု​မ​မြောက်​တဲ့​အတွက် လူ​ကုန်​ကူး​မှု​နဲ့​တော့ စွဲ​ထား​တာ​မ​ရှိ ပါ​ဘူး။ လိုင်စင်​မ​ရှိ​ဘဲ တရားမ​ဝင်​ပို့​တာ ဖြစ်​တဲ့​အတွက် ပြည်​ပ​အလုပ်အကိုင် ဆိုင်​ရာ ဥပဒေ​နဲ့​ငြိ​လို့ အလုပ်​သမား ဝန်ကြီး​ဌာန​က တရားလို​ပြုလုပ်​ပြီး တရား​စွဲ​တာ​ပါ”ဟု ပြော​သည်။

အဆို​ပါ​ဖြစ်​စဉ်​သည် အောက် တို​ဘာ ၂​၅​ရက် နံနက် ၇​နာရီ​အချိန် ခန့်​တွင် ရန်ကုန်​အပြည်​ပြည်​ဆိုင်​ရာ လေ​ဆိပ်​မှ ထွက်​ခွာ​မည့် ကာ​တာ​လေ ကြောင်း​ခရီး​စဉ်​အမှတ်(QR-919)ဖြင့် လိုက်​ပါ​မည့် မြန်မာ​အလုပ်​သမား အမျိုးသား​တစ်​ဦး၊ အမျိုးသမီး​ငယ် ၁​၇​ဦး​ကို န​ဒီ​ရွှန်း​လဲ့​ဝန်​ဆောင်​မှု​အေ ဂျင်​စီ​မှ ဒေါ်​သင်း⁠သင်း​မိုး​နှင့် ရွှေ​ပြည် သာ​မြို့​နယ်​ရှိ ပွဲစား​များ​ဖြစ်​သည့် ဒေါ်​စန္ဒာ​ခိုင်​နှင့် ဦး​အေး​ထွန်း​ဆို​သူ တို့​သည် ဂျော်​ဒန်​နိုင်ငံ​ရှိ (Vega Textile) အထည်​ချုပ်စက်​ရုံ​တို့​နှင့် အွန် လိုင်း​ဖြင့်​ဆက်​သွယ်​ခဲ့​ပြီး ဂျော်​ဒန်​နိုင် ငံ​ဘက်​မှ လေ​ယာဉ်​လက်မှတ်​နှင့် အ လုပ်⁠လုပ်​ခွင့်​ပါ​မစ်​တို့ ပို့ဆောင်​ပေး​ပြီး လေ​ယာဉ်​လက်မှတ်​ဖိုး ဒေါ်လာ ၈​ဝ​ဝ နှင့် ဗီဇာ​အတွက် ဒေါ်လာ ၅⁠၅​ဝ​ကို အကုန်​ကျ​ခံ​ပေး​ခြင်း​ဖြစ်​ကြောင်း၊ ပွဲ စားဒေါ်​စန္ဒာ​ခိုင်​နှင့် ဦး​အေး​ထွန်း​ဆို သူ​မှာ သွား​ရောက်​လုပ်ကိုင်​မည့်​သူ များ​၏ ဝန်​ဆောင်​ခ​အသီး​သီး​ကို စု ဆောင်း​၍ ဒေါ်​သင်း⁠သင်း​မိုး​ထံ​ပြန် လည်​ပေး​အပ်​ရ​ကြောင်း​လည်း သိ​ရ သည်။

ဂျော်​ဒန်​သို့ သွား​ရောက်​အလုပ် လုပ်ကိုင်​မည့် အလုပ်​သမား​များ​အနေ ဖြင့်​လည်း န​ဒီ​ရွှန်း​လဲ့​အေဂျင်စီ​သို့ မြန်မာ​နိုင်ငံ​မှ​မ​ထွက်​ခွာ​မီ တစ်​ဦး​လျှင် မြန်မာ​ငွေ​ကျပ် တစ်​သိန်း​ခွဲ​နှုန်း​ပေး ရ​ပြီး ဂျော်​ဒန်​နိုင်ငံ​သို့​ရောက်​ပါ​က တစ်​ဦး​လျှင်ဒေါ်​လာ ၆​၅​ဝ​ကို တစ်​လ ဒေါ်လာ​တစ်​ရာ​နှုန်း​ဖြင့် ခြောက်​လ ပေး​ဆောင်​ရ​မည်​ဖြစ်​ကြောင်း သွား ရောက်​လုပ်ကိုင်​မည့်​အလုပ်​သမား​များ က ဆို​ထား​သည်။

အဆို​ပါ​ပွဲစား​များ​၏ တရားမ ဝင်​ပို့ဆောင်​ခြင်း​ခံ​ရ​မည့်​သူ ၁​၈​ဦး​ကို လူ​ကုန်​ကူး​မှု တားဆီး​နှိမ်​နင်း​ရေး​ရဲ တပ်ဖွဲ့၊ အလုပ်​သမား​ညွှန်​ကြား​မှု​ဦးစီး ဌာန၊ လေ​ကြောင်း​ရဲ​တပ်ဖွဲ့​ခွဲ(ရန်ကုန်) တို့​မှ ပူးပေါင်း​တားဆီး​နိုင်​ခဲ့​ခြင်း​ဖြစ် ပြီး အလုပ်​သမား​အလုပ်အကိုင်​နှင့် လူမှုဖူလုံရေး​ဝန်ကြီး​ဌာန ဒုတိယ​ဝန်ကြီး ဦး​ထင်​အောင်​နှင့် အလုပ်​သမား​ညွှန် ကြား​မှု​ဦးစီး​ဌာန ညွှန်​ကြား​ရေး​မှူး ချုပ်​ဦး​မျိုး​အောင်​တို့​က​လည်း အလုပ် သမား​များ​ကို တရားမ​ဝင်​သွား​ရောက် ၍​မ​ရ​ရှိ​ကြောင်း​နှင့် ဂျော်​ဒန်​ကို​ခွင့်​မ ပြု​ထား​ကြောင်း​တို့​ကို အသိ​ပညာ​ပေး ခဲ့​သည်။

ယင်း​နှင့်​ပတ်သက်​၍ မင်္ဂလာ ဒုံ​မြို့မ​ရဲ​စခန်း​မှ အမှု​စစ် ဒု​ရဲ​အုပ် ရာ အောင်​က ”မနေ့​ညနေ ၄း​၃​ဝ အချိန် လောက်​က အလုပ်​သမား​ဝန်ကြီး​ဌာ န​ဦးစီး​အရာရှိ​က တရားလို​ပြုလုပ်​ပြီး မင်္ဂလာဒုံ​ရဲ​စခန်း​မှာ အမှု​ဖွင့်​ခဲ့​တာ​ပါ”ဟု ဒီ​မို​က​ရေ​စီ​တူ​ဒေး​သို့ ပြော​ကြား သည်။

အဆို​ပါ​အမှု​ကို အလုပ်​သမား ဝန်ကြီး​ဌာန​မှ ဦးစီး​အရာရှိ ဒေါ်​ညို​ညို စိုး​မှ တရားလို​ပြုလုပ်​ပြီး မင်္ဂလာဒုံ​မြို့မ ရဲ​စခန်း​မှ ပ ၄​၇​၂/၁​၄ ပြည်​ပ​အလုပ် အကိုင်​ရှာဖွေ​ရေး​ဆိုင်​ရာ ဥပဒေ​ပုဒ် မ -၂​၆​ဖြင့် အမှု​ဖွင့်​စစ်ဆေး​နေ​ကြောင်း သိ​ရ​သည်။

အဆို​ပါ​မြန်မာ​အမျိုးသမီး​ငယ် များ​တွင် ရခိုင်ပြည်နယ်​မှ ခြောက်​ဦး၊ ပဲခူးတိုင်း​ဒေသ​ကြီး​မှ သုံး​ဦး၊ မကွေး တိုင်း​ဒေသ​ကြီး​မှ တစ်​ဦး၊ ရန်ကုန်တိုင်း ဒေသ​ကြီး​မှ ခုနစ်​ဦး​တို့​ဖြစ်​ကြောင်း သိ​ရ​သည်။

အဆို​ပါ​ပွဲစား​သည် ဂျော်​ဒန် နိုင်ငံ​သို့ တရားမ​ဝင်​အလုပ်​သမား ပို့ဆောင်​နေ​သည်မှာ သုံး​ကြိမ်​မြောက် ရှိ​ပြီ​ဖြစ်​ကြောင်း​သိ​ရ​သည်။

Credit to ဒီ​မို​က​ရေ​စီ​တူ​ဒေး