ကမ္ဘာ့​မြို့တော်​များ တို​ကျို(ဂျပန်)

တို​ကျို​မြို့​သည် ဂျပန်​နိုင်ငံ​၏ မြို့တော်​ဖြစ်​ပြီး မဟာ​တို​ကျို နယ်​မြေ Greater Tokyo Area ၏ အလယ် ဗဟို​တွင် တည်​ရှိ​သည်။ အဆို​ပါ နယ်​မြေ​သည် ကမ္ဘာ့ အကြီး​ဆုံး မြို့ပြ​နယ်​မြေ ဖြစ်​သည်။ ဂျပန် အစိုးရ အဖွဲ့​နှင့်

ဘု​ရင့်​နန်းတော် တည်​ရှိ​ရာ နေရာ​ဖြစ်​ပြီး ဂျ​ပန်တော်​ဝင် ဘု​ရင့် မိသား​စု​များ​လည်း နေထိုင်​ကြ​သည်။ တို​ကျို​သည် ဟွန်​ရှုး ကျွန်း​မ​ကြီး​၏ အရှေ့တောင်​ဘက် ကန်​တို ဒေသ​တွင် တည်​ရှိ​ပြီး တို​ကျို​မြို ႕​ပြ ဒေသ​မှာ ယခင် တို​ကျို​ခ​ရိုင်​နှင့် တို​ကျို​မြို့တော် တို့​ကို ပေါင်း​စပ်​၍ ၁​၉​၄​၃ ခု​နှစ်​တွင် ဖွဲ့​စည်း ထူထောင် တည်ဆောက် ခဲ့​သည်။ တို​ကျို​မြို့ပြ အစိုးရ​သည် အထူး​ရပ်​ကွက် (၂​၃) ရပ်​ကွက်​ကို ကိုင်တွယ် အုပ်ချုပ်​သည်။ အဆို​ပါ အထူး ရပ်​ကွက်​များ​တွင် လူ​ဦးရေ ၉ သန်းကျော် နေထိုင်​၍ တို​ကျို​ခ​ရိုင်​သည် ကမ္ဘာပေါ်​တွင် လူ​ဦးရေ အများ​ဆုံး မြို့ပြ​နယ်​မြေ တစ်​ခု​ဖြစ်​ကာ လူ ၃​၅ သန်း​ေ က်ျာ နေထိုင်​ပြီး ကမ္ဘာပေါ်​တွင် အကြီး​မား​ဆုံး မြို့ပြ စီးပွား​ရေး လုပ်​ငန်း​ကြီး​များ ပူးပေါင်း ဆောင်ရွက်​လုပ်ကိုင်​ရာ မြို့​ဖြစ်​ပြီး GDP အမေ​ရိ​ကန် ဒေါ်လာ ၁ ဒသမ ၄​၇​၉ ထ​ရီ​လီ​ယံ ရှိ​သ​ဖြင့် န​ယူး​ေ ယာက် မြို့ပြ​နယ်​မြေ​ထက် ပိုမို များပြား​သည်။

စီးပွား​ရေး​အချက်​အချာ

တို​ကျို​မြို့​ကို ကမ္ဘာ့​စီးပွား​ရေး အချက်​အချာ ဒေသ သုံး​ခု​အနက် တစ်​ခု​အဖြစ် န​ယူး​ယောက်၊ လန်ဒန်​တို့​နှင့် တန်းတူ သတ်​မှတ်​ခြင်း ခံ​ရ​သည်။ တို​ကျို​မြို့​ကို ကမ္ဘာ့ ဂ​လို​ဘယ် စီး​တီး စာရင်း​တွင် စ​တု တ္ထ နေရာ​၌ သတ်​မှတ်ထား​ပြီး စစ်တမ်း​များ​အရ ကမ္ဘာ့​စရိတ်စက အကြီး​ဆုံး မြို့တော် အဖြစ်​လည်း ၂​ဝ​၁​၂ ခု​နှစ်​က သတ်​မှတ် ခံ​ရ​သည်။ ၂​ဝ⁠ဝ​၉ ခု​နှစ်​က​မူ Monocle မဂ္ဂဇင်း​က ကမ္ဘာ့ နေ​ချင်​စရာ အကောင်း​ဆုံး​နှင့် နေထိုင် ဖွယ် အကောင်း​ဆုံး မြို့​ု​ပြ​နယ်​မြေ အဖြစ် ရွေးချယ် သတ်​မှတ်​ခြင်း ခံ​ရ​သည်။ တို​ကျို​မြို့​သည် ၁​၉​၆​၄ နွေ​ရာ သီ အို​လံ​ပစ် အား​ကစား ပြိုင်​ပွဲ​များ​ကို လက်ခံ ကျင်းပ ခဲ့​ပြီး ၂​ဝ​၂​ဝ ပြည့်​နှစ် နွေရာသီ အို​လံ​ပစ် အတွက် အိမ်ရှင် ပြုလုပ်​ခွင့် ရ​ရန် လျှောက်ထား​လျက် ရှိ​သည်။

တံငါ​ရွာ​လေး

တို​ကျို​မြို့​မှာ ရှေး​ယခင် မူလ​က အီ​ဒို​ဟုခေါ်​သော တံငါ ရွာ​ငယ်​လေး တစ်​ရွာ​သာ​ဖြစ်​သည်။ နောက်​ပိုင်း​တွင် ခံတပ်​မြို့​နှင့် ရှိုး​ဂန်း​များ​၏ စစ်​အခြေ​စိုက်​ရာ မြို့​တစ်​မြို့ ဖြစ်လာ​ခဲ့​သည်။ ၁​၈ ရာ​စု​တွင် အီ​ဒို​ဒေသ​သည် ကမ္ဘာ့ လူ​ဦးရေ အများ​ဆုံး မြို့တော်​အဖြစ်​သို့ ပြောင်းလဲ​ခဲ့​ပြီး လူ​ဦးရေ ၁ သန်း​အထိ ရှိ​လာ​ခဲ့​သည်။ နှစ်​ပေါင်း ၂​၆​၃ နှစ် ကြာ​ပြီး​နောက်​တွင် ရှိုး​ဂန်း​များ​၏ အုပ်စိုး​မှု​မှ ဘုရင် အုပ်ချုပ်​မှု သို့ ပြောင်းလဲ​ခဲ့​သည်။ ၁​၉​၄​၄-၁​၉​၄​၅ ခု​နှစ်​တို့​တွင် ဗုံး​ကြဲ တိုက်ခိုက်​ခံ​ရ​မှု များ​ကြောင့် မြို့​၏​တစ်ဝက် ပျက်စီး​ခဲ့​ပြီး လူ​ဦးရေ ၇​၅​ဝ⁠ဝ​ဝ မှ ၂​ဝ⁠ဝ​ဝ⁠ဝ​ဝ အထိ သေ​ဆုံး​ခဲ့​သည်။ ၎င်း ပမာဏ​မှာ အနု​မြူ​ဗုံး​ေ ကြာင့် ဟီ​ရို​ရှီး​မား​နှင့် နာ​ဂါ​ဆာ​ကီ မြို့​နှစ်မြို့​ပေါင်း သေ​ဆုံး​မှု နီးပါး​ရှိ​သည်။ ဒုတိယ ကမ္ဘာ​စစ်​ပြီး​နောက် တို​ကျို​မြို့​ကို အပြည့်​အဝ ပြန်လည် တည်ဆောက်​ခဲ့​ပြီး ၁​၉​၆​၄ ခု​နှစ်​တွင် နွေရာသီ အို​လံ​ပစ် ပွဲ​ကို ကျင်းပ နိုင်​ခဲ့​သည်။ ၁​၉​၇​ဝ ပြည့်​လွန် နှစ်​များ​တွင် ဖွံ့ဖြိုး တိုးတက်​မှု မြင့်​မား​ခဲ့​ပြီး ၁​၉​၇​၈ ခု​နှစ်​တွင် နာရီ​တာ လေ​ဆိပ်​ကို တည်ဆောက် နိုင်​ခဲ့​ကာ လူ​ဦးရေ​မှာ​လည်း ၁​၁ သန်း အထိ ရှိ​လာ​ခဲ့ သည်။

တို​ကျို​ငလျင်

တို​ကျို​မြို့​၏ မြေ​အောက် ရထား​နှင့် မြို့​ပတ်​ရထား ကွန်ရက်​သည် ကမ္ဘာပေါ်​တွင် ခရီးသွား အများ​ဆုံး လုပ်​ငန်း တစ်​ခု​ဖြစ်​သည်။ နယ်​မြို့​များ​တွင် နေထိုင်​သူ​များ​သည် တို​ကျို​မြို့ပြ ဒေသ​သို့ ပြော င်း​ရွှေ့ လာ​ကြ​ပြီး ၁​၉​၈​ဝ ပြည့်​လွန် နှစ်​များ​တွင် အိမ်​ခြံ​မြေ​ဈေး​ကွက် ဈေးနှုန်း​များ​မှာ ထိုး​တက် လာ​ခဲ့​သည်။ ၂​ဝ​၁​၁ ခု​နှစ်​တွင် ဖြစ်ပွား​ခဲ့​သော တို​ကျို ဆူ​နာ​မီ ငလျင်​ကြောင့် ဟွန်​ရှုး​ကျွန်း အရှေ့​မြော က်​ပိုင်း ဒေသ​ကို ထိခိုက်​ပျက်စီး စေ​ခဲ့​ပြီး တို​ကျို​မြို့​ကို​လည်း သက်ရောက်​မှု ရှိ​ခဲ့​သည်။ တို​ကျို​မြို့​၌ ၁​၇​ဝ​၃၊ ၁​၇​၈​၂၊ ၁​၈​၁​၂၊ ၁​၈​၅​၅ နှင့် ၁​၉​၂​၃ ခု​နှစ်​တို့​တွင် အင်အား အကြီး​ဆုံး ငလျင်​များ လှုပ်​ခတ်​ခဲ့ သည်။ ၁​၉​၂​၃ ခု​နှစ် ငလျင်​သည် အင်အား အကြီး မား​ဆုံး​ဖြစ်​ပြီး ပမာဏ​မှာ ၈ ဒသမ ၃ ရှိ​ကာ လူ​ဦးရေ ၁​၄​၂​ဝ⁠ဝ​ဝ သေ​ဆုံး​ခဲ့​သည်။ တို​ကျို​မြို့​သည် လွှာ​တွန့် တောင် သုံး​ခု အနီး​တွင် တည်​ရှိ​သည်။

ရာသီ​ဥတု

တို​ကျို​မြို့​သည် စွတ်စို​၍ ခြောက်သွေ့​သော ဇုန်​ထဲ​တွင် ကျ​ရောက်​နေ​ပြီး ပူအိုက်​စွတ်စို​သော ရာသီ​ဥတု​နှင့် ပြင်းထန်​မှု နည်းပါး​သော ဆောင်းရာသီ​တို့​ကို ရင်ဆိုင်​ရ​လေ့ ရှိ​သည်။ အပူ​နွေး​ဆုံး လ​မှာ ဩဂုတ်​လ ဖြစ်​ပြီး ပျမ်းမျှ အပူ​ချိန် ၂​၇ ဒသမ ၅ ဒီ​ဂ​ရီ​ရှိ​ကာ အအေး​ဆုံး​လ​မှာ ဇန်နဝါရီ ဖြစ်​၍ ပျမ်းမျှ အပူ​ချိန် ၆ ဒီ​ဂ​ရီ​ရှိ​သည်။ တို​ကျို​မြို့​သည် ဖန်​လုံ​အိမ် ဓာတ်ငွေ့​များ လျှော့​ချ ဖြတ်​တောက်​ရေး အ တွက် ဥပဒေ​တစ်​ရပ် ရေး​ဆွဲ လုပ် ဆောင်​နေ​သည်။ ၂​ဝ​၂​ဝ ပြည့်​နှစ်​တွင် ဖန်​လုံ​အိမ် ဓာတ်ငွေ့ ထုတ်​လုပ်​မှု​ကို ၂​၅ ရာ​ခိုင်​နှုန်း လျှော့​ချ​ရန် ရည်​ရွယ် လုပ်ဆောင်​လျက် ရှိ​သည်။ ၂​ဝ⁠ဝ​၆ ခု​နှစ်​တွင် တို ကျို​မြို့ ၁​ဝ နှစ်​တာ စိမ်းလန်း​ရေး စီမံ​ချက်​ကို ချ​မှတ် ဆောင်ရွက်​လျက် ရှိ​သည်။ အဆို​ပါ စီမံ​ချက်​အရ လမ်း​များ​၏ ဘေး​တွင် သစ်ပင် အရေအတွက် ၁ သန်း​ထိ တိုး​ချဲ့ စိုက်ပျိုး​ရန် စီစဉ်​လျက် ရှိ​သ ည်။ ၂​ဝ⁠ဝ​၇ ခု​နှစ် တရားဝင် စာရင်း​များ​အရ တို​ကျို​မြို့​တွင် နေထိုင်​သူ လူ​ဦးရေ ၁​၂ ဒသမ ၇​၉ သန်း​ရှိ​သည်။ နိုင်ငံ​ခြား​သား အခြေ​ချ နေထိုင်​သူ ၃​၆​၄​၆​၅​၃ ဦး​ရှိ​သည်​ဟု သိ​ရ​သည်။ အများ​ဆုံး နေ ထိုင်​သော နိုင်ငံ​ခြား​သား​များ​မှာ တရုတ်၊ ကို​ရီး​ယား၊ ဖိ​လစ်​ပိုင်၊ အမေ​ရိ​ကန်၊ ဗြိ​တိန်၊ ဘ​ရာ​ဇီး​နှင့် ပြင်​သစ်​တို့ ဖြစ်​သည်။

စီးပွား​ရေး

တို​ကျို​မြို့​သည် ကမ္ဘာ့​အကြီး​ဆုံး မြို့ပြ​စီးပွား​ရေး အချက်​အချာ နေရာ​ဖြစ်​ပြီး နိုင်ငံ​တကာ အဓိက ဘဏ္ဍာ​ရေး ဗဟို​ဌာန တစ်​ခု​လည်း ဖြစ်​သည်။ ကမ္ဘာ့ ကုမ္ပဏီ​ကြီး ၅​ဝ​ဝ ထဲ​မှ ၅​၁ ခု​မှာ တို​ကျို​မြို့​တွင် အခြေ​စိုက် ထား​ကြ သည်။ ကမ္ဘာ့ အကြီး​မား​ဆုံး ရင်းနှီး​မြှုပ်​နှံ​မှု ဘဏ်​နှင့် အာမခံ ကုမ္ပဏီ အများ​အပြား​မှာ တို​ကျို​တွင် အခြေ စိုက်​ကြ​သည်။ ဂျပန်​နိုင်ငံ​၏ သယ်ယူ​ပို့ဆောင်​ရေး၊ ပုံနှိပ် ထုတ်​ဝေ​ေ ရး​နှင့် ရုပ်​မြင်​သံ​ကြား ရိုက်​ကူး ထုတ် လွှင့်​ရေး လုပ်​ငန်း​များ​၏ အချက်​အချာ နေရာ​လည်း​ဖြစ်​သည်။ တို​ကျို​စ​တော့ အိတ်​ချိန်း​သည် ဂျပန်​နိုင်ငံ​၏ အကြီး​မား​ဆုံး စ​တော့ အိတ်​ချိန်း​ဖြစ်​ပြီး ဈေး​ကွက် အရင်းအနှီး​တွင် အကြီး​မား​ဆုံး ဖြစ်​သည်။ မြို့​၏ ၃​၆ ရာ​ခိုင်​နှုန်း​မှာ သစ်တော​များ ဖုံးလွှမ်း​လျက် ရှိ​သည်။

ခရီးသွား​လုပ်​ငန်း

ခရီးသွား လုပ်​ငန်း​မှာ တို​ကျို​မြို့​၏ စီးပွား​ရေး​အတွက် အဓိက ထောက်ပံ့​ပေး​သော လုပ်​ငန်း​ဖြစ်​သည်။ ၂​ဝ⁠ဝ​၆ ခု​နှစ်​တွင် နိုင်ငံ​ခြား ခရီးသွား ၄ ဒသမ ၈​၁ သန်း​နှင့် ဂျပန်​လူ​မျိုး သန်း ၄​၂​ဝ တို့ တို​ကျို မြို့​သို့ လာ​ရောက် လည်ပတ် ခဲ့​ကြ​သည်။ ထို့​ကြောင့်​ဝင်ငွေ ၉ ဒသမ ၄ ထ​ရီ​လီ​ယံ ယန်း ရ​ရှိ​ခဲ့​သည်။ ခရီးသွား​များ​သည် တို​ကျို​မြို့​၏ မြို့​လယ်​နေရာ​များ၊ စ​တိုး​ဆိုင်​များ၊ ဖျော်ဖြေ​ရေး ရပ်​ကွက်​များ​နှ င့် တို​ကျိုမျှော်​စင်၊ တို​ကျို အမျိုးသား ပြ​တိုက်​နှင့် ရှီ​ဘူ​ရာ ရပ်​ကွက်​များ​သို့ အများ​ဆုံး သွား​ရောက် လည်ပတ်​ကြ​သည်။ တို​ကျို​မြို့​၏ အနောက်​ပိုင်း​တွင် ရပ်​ကွက် ၂​၆ ခု ရှိ​သည်။

သယ်ယူ​ပို့ဆောင်​ရေး

တို​ကျို​မြို့​သည် ဂျပန်​နိုင်ငံ​၏ မီးရထား​ကုန်း​လမ်း​နှင့် လေ​ကြောင်း သယ်ယူ​ပို့ဆောင်​ရေး လုပ်​ငန်း​များ​၏ အဓိက အချက်​အချာ နေရာ​ဖြစ်​သည်။ တို​ကျို​မြို့​တွင် လူထု​အတွက် သန့်ရှင်း​၍ မြန်ဆန် ထိ​ရောက်​မှု​ရှိ​သော ရထား​များ​နှင့် မြေ​အောက်​ရထား ကွန်ရက်​များ​ဖြင့် ဆောင်ရွက်​ပေး​သည်။ ထို့​အပြင် ဘတ်​စကား​များ၊ ဓာတ် ရထား​များ​နှင့် ပို့ဆောင်​သည်။ ဟာ​နေ​ဒါ​လေ​ဆိပ်​မှာ ပြည်​တွင်း​နှ င့် နိုင်ငံ​တကာ လေ​ကြောင်း ခရီး​စဉ်​များ​ကို ဆောင်ရွက်​ပေး​သည်။ နာရီ​တာ လေ​ဆိပ်​မှာ တို​ကျို​မြို့ အပြင်​ဘက်​တွင် တည်​ရှိ​ပြီး ဂျပန် လေ​ကြောင်း​လိုင်း များ​ဖြစ်​သည့် Japan Airline, All Nippon Airways, Delta Airlines ESifh United Airlines တို့​သည် နာရီ​တာ လေ​ဆိပ်​ကို ဗဟို​ပြု​၍ ပျံ​သန်း​ကြ​သည်။ ရထား ပို့ဆောင်​ရေး​မှာ တို​ကျို​မြို့​၏ အဓိက သယ်ယူ ပို့ဆောင်​ရေး လုပ်​ငန်း တစ်​ခု ဖြစ်​ပြီး ကမ္ဘာပေါ်​တွင် အရှည်​လျား​ဆုံး မြို့ပြ ရထား​လမ်း ကွန်ရက်​ရှိ​သည်။

ပညာ​ရေး

တို​ကျို​မြို့​တွင် တက္ကသိုလ်၊ ကော​လိပ်​နှင့် အသက်မွေး ပညာ သင်​တန်း​ကျောင်း​များ ရှိ​သည်။ ဂျပန်​နိုင်ငံ​၏ ဂုဏ်​သိက္ခာ အကြီး​မား​ဆုံး တက္ကသိုလ်​ကြီး​များ​မှာ တို​ကျို​တွင်​ရှိ​ရာ တို​ကျို​တက္ကသိုလ်၊ ဟီ​တို​ဆူ​ဘာ​ရှီ တက္က သိုလ်၊ တို​ကျို နည်း​ပညာ​တက္ကသိုလ်၊ ဝါ​ဆေး​ဒါ တက္ကသိုလ်​နှင့် ကီ​အို တက္ကသိုလ်​တို့ ပါဝင်​သည်။ မူလ​တန်း ကျောင်း​များ​နှင့် အလယ်​တန်း၊ အထက်​တန်း ကျောင်း​များ​ကို နယ်​မြေ​ခံ ရပ်​ကွက်​များ​နှင့် စည်ပင်​သာယာ ရုံး​များ​မှ ဖွင့်​လှစ် ဆောင်ရွက်​သည်။ တို​ကျို​မြို့​တွင် ပြည်​သူ​ပိုင် အထက်​တန်း ကျောင်း​များ​မှာ တို​ကျို​မြို့ပြ ပညာ​ရေး အုပ်ချုပ်​မှု အဖွဲ့​က စီစဉ်​ဆောင် ရွက်​သည့် မြို့ပြ အထက်​တန်း​ကျောင်း​များ​ဟု ခေါ်​ဆို​သည်။

အနု​ပညာ

တို​ကျို​မြို့​တွင် ပြ​တိုက် အများ​အပြား ရှိ​သည်။ တို​ကျို အမျိုးသား ပြ​တိုက်​မှာ နိုင်ငံ​၏ အကြီး​ဆုံး ပြ​တိုက်​ဖြစ် ပြီး ဂျပန်​ရိုးရာ အနု​ပညာ​များ​ကို အထူး​ပြု ပြသ​ထား​သည်။ အခြား ပြ​တိုက်​များ​မှာ အမျိုးသား အနောက်​တိုင်း အနု​ပညာ ပြ​တိုက်၊ အူ​အီ​နို တိရစ္ဆာန် ဥယျာဉ်​နှင့် တိုးတက် ဖွံ့ဖြိုး​လာ​သော သိပ္ပံ​နှင့် ဆန်း​သစ် တီထွင်​မှု အမျိုးသား ပြ​တိုက်​တို့​ဖြစ်​သည်။ တို​ကျို​မြို့​တွင် က​ဇာတ်ရုံ များ​စွာ​လည်း ရှိ​သည်။ ရိုးရာ ပုံ​သဏ္ဌာန်​နှင့် ခေတ်​ပုံ​သဏ္ဌာန် နှစ်​မျိုး​စလုံး​ကို နိုင်ငံ​ပိုင်​နှင့် ပုဂ္ဂလိက​ပိုင် ဇာတ်ရုံ​များ​တွင် က​ပြ​ကြ​သည်။

ရုပ်​ရှင်

ဂျပန်​နိုင်ငံ​၏ လူ​ဦးရေ အများ​ဆုံး​မြို့ ဖြစ်​သော တို​ကျို​မြို့​တွင် နိုင်ငံ​၏ အကြီး​ဆုံး ရုပ်​သံ​လွှင့် ဌာန​များ​နှင့် စ​တူ​ဒီ​ယို​များ ရှိ​သည်။ ဟော​လီး​ဝုဒ် ဒါ​ရိုက်​တာ အချို့​သည် တို​ကျို​မြို့​သို့ လာ​ရောက် ရိုက် ကူး​လေ့ ရှိ​သည်။ ဒုတိယ ကမ္ဘာ​စစ်​ပြီး နောက်​ပိုင်း​တွင် တို​ကျို​နောက်​ခံ ဇာတ်​ကား​များ​မှာ My Geisha Tokyo Story နှင့် ဂျိန်းစ်​ဘွန်း ဇာတ်​ကား​တစ်​ကား ဖြစ်​သော You Only Live Twice တို့ အပြင် The Fast and TheFurious, Inception စ​သည့် ဇာတ်​ကား များ​ကို​လည်း ရိုက်​ကူး​ခဲ့​သည်။

ဗိသုကာ

တို​ကျို​မြို့​ရှိ ဗိသုကာ လက်ရာ​များ​မှာ မြို့တော်​၏ သမိုင်း​ကြောင်း အရ ဖြစ်ပေါ်​လာ​သည်။ ၁​၉​၂​၃ ကန်​တို ငလျင်​ကြီး​နှင့် ဒုတိယ ကမ္ဘာ​စစ် အပြင်း​အထန် ဗုံး​ကြဲ ခံ​ရ​မှု​များ​က တို​ကျို​မြို့​၏ အနေ အထား​ကို ထိခိုက် ပျက်စီး စေ​ခဲ့​သည်။ ထို့​ကြောင့် တို​ကျို​မြို့ပြ ပုံစံ​များ​မှာ မော်​ဒန်​နှင့် ခေတ်​ပြိုင် ဗိသုကာ လက်ရာ​များ များပြား​နေ​ပြီး ရှေး​ဟောင်း အဆောက်အအုံ​များ နည်းပါး​နေ​သည်။ တို​ကျို မြို့​၏ ထင်​ရှားကျော်​ကြား​သော ခေတ်​မီ ဗိသုကာ အဆောက်အအုံ များ​တွင် တို​ကျို နိုင်ငံ​တကာ ဖို​ရမ် အဆာ​ဟိ​ဘီ​ယာ ခန်းမ​နှင့် သက်​တန့် တံတား (Rainbow Bridge) တို့ ပါဝင်​သည်။ တို​ကျို မြို့​တွင် ထင်ရှား​သော မျှော်စင် နှစ်​ခု​ရှိ​ရာ တို​ကျို တာ​ဝါ နှင့် Tokyo Skytree တို့​ဖြစ်​သည်။ Tokyo Skytree သည် ဂျပန် နိုင်ငံ​တွင် အမြင့်​ဆုံး ဖြစ်​ပြီး ကမ္ဘာပေါ်​တွင် ဒုတိယ အမြင့်​ဆုံး ဖြစ် သည်။ တို​ကျို​မြို့​တွင် ပန်းခြံ​နှင့် ဥယျာဉ် အမြောက်အမြား ရှိ​ပြီး တို​ကျို စီရင်စု​တွင် အမျိုးသား ဥယျာဉ် လေး​ခု​ရှိ​သည်။
Written by ကျော်​ဇင်​ထွဋ်
Credit to ကျော်​ဇင်​ထွဋ်