တောက်​တယ်​ကျင်း​ရဲ့ က​န​ဦး​အစ​ကတော့​ဒီ​လို​ပါ။
လူအို​တစ်​ယောက်​ဟာ နွား​စီး​လာ​ပါ​တယ်။ လူ​ငယ်​တစ်​ယောက် အဖေါ်​ပါ⁠ပါ​ရဲ့။ လူသူ​လေး​ပါး​မ​ရှိ​တဲ့ မတ်စောက်​တဲ့ တောင်​ဆင်ခြေ​လျောပေါ်​လမ်း​ကို စား​ရိက္ခာ​အနည်းအကျဉ်း စောင်​နည်း​နည်း သယ်​လို့​ပါ။ ချမ်းသာ​ကြွယ်​ဝ​တဲ့ ဘု​ရင့်​နိုင်ငံ​တ​ခု​ကို ချန်​ထားခဲ့​ပြီး အနောက်​ဆီ၊ မြက်ခင်း​လွင်ပြင် ရှိ​ရာ​ဆီ​ကို သူ​တို့​သွား​နေ​တာ​ပါ။ တောင်​ထိပ်ပေါ် နယ်စပ်​ဂိတ်​ပေါက်​ကို ရောက်လာ​ပါ​တယ်။ ထင်း​ရူး​ပင်​ရိပ်​မှာ ထိုင်​နေ​တဲ့ စစ်​သား​တ​ယောက်​ကတော့ ဂိတ်​မှာ စောင့်​နေ​ပါ​တယ်။ ဆင်းရဲ​ရှာ​တဲ့ စစ်​သား​လေး​ပါ၊ စုတ်​ပြဲ​နေ​တဲ့ ယူ​နီ​ဖေါင်း​ဝတ်​ပြီး ဘိ​နပ်​တောင်​မ​ပါ​ဘူး။ ဒါ​ပေ​တဲ့ သူ့​တာဝန်​ကို သူ ကျေ​ရ​မှာ​မို့ ခရီးသွား​တွေ​ကို ရပ်​စေ​ပြီး မေးခွန်း​တွေ မေး​ပါ​တယ်။ ခင်ဗျား​တို့ ဘယ်​သူ​တွေ​ပါ​လဲ၊ ဘယ်​ကို​များ သွား​ကြ​မှာ​လဲ။ ခရီးသည်​နှစ်​ယောက်​ဟာ ဘယ်​ကို​သွား​မယ်​လို့ ရည်​ရွယ်​တန်းမှန်း​ရာ ရှိ​ပုံ​မပေါ်​ဘူး။ အနောက်​ဘက်​ဆီ​ကို​ပဲ သွား​တာ နေဝင်​တဲ့​ဆီ​ကို​ပဲ။ အလွန်​ပင်ပန်း​မယ့်​ခရီး​ကို သွား​ရဲ​တဲ့ မှူး​မတ်​ကြီး​တ​ဦး​ပုံ​ပေါက်​နေ​တဲ့ အဲ​သည်​လူအို​ကြီး​က ဘယ်​သူ​လဲ။ အဖေါ်​လူ​ငယ်​လေး​က လူအို​ကြီး​က ဆရာ​တ​ယောက်​ပါ​လို့ ပြန်ပြော​ပါ​တယ်။
အေ… သူ​က ဘာ​သင်​တာ​လဲ။
ထူးဆန်း​တဲ့​အကြောင်းအရာ​တွေ။ ဥပမာ အရာ​ဝတ္ထု​တွေ​ထဲ​မတော့ အပျော့​ဆုံး​ပေ​တဲ့ အမာ​ဆုံး ကျောက်​တုံး​တွေ​ကို ဂ​လိုင်​ဖြစ်​စေ​နိုင်​တဲ့ ရေ​လို​အရာ​ဝတ္ထု​အကြောင်း။ အပျော့​ဟာ အမာ​ကို နိုင်​တယ်​လို့ သူ​က သင်​တယ်။
လူ​ငယ်​လေး​က နွား​ကို တို့​လိုက်​တယ် ဆက်​သွား​ချင်​လှ​ပြီ။ အိပ်​စရာ တ​နေရာ​ကို မ​ရောက်​ခင် ခရီး​က ရှည်​သေး​တာ​ကိုး။ စစ်​သား​က အခု စိတ်ဝင်စား​နေ​ပြီ။ ရေ​အကြောင်း​ကို ဘာ​ကိစ္စ သင်​ရသ​တုန်း။ လူအို​ကြီး​က စစ်​သား​ကို အသာ​ကြည့်​တယ်။
မင်း… သိ​ချင်​သလား။
ရေ​ဆို​တာ​ထက် အပျော့​က​အမာ​ကို နိုင်​တယ်​ဆို​တဲ့ အတွေး​အခေါ်​က အရေးကြီး​တယ်​လို့ ကျွန်တော် ထင်​လို့​ပါ။ ယခု မှောင်​စ​ပြု​ပါ​ပြီ။ ဒီ​ည ဒီ​မှာ​နေ​ပြီး ကျွန်တော့်​ကို ပြော​ပြ​ပါ​လား​ခင်ဗျား။ ကျွန်တော့်​တဲ​က သေး⁠သေး​ပါ။ ဒါ​ပေ​တဲ့ လေ​ဒဏ်​က​လည်း အကာအကွယ်​ရ​ပြီး မီးဖိုနား​မှာ​လည်း နွေး​ပါ​တယ်။
သူ​က ရိုး​ရိုးသား​သား သိ​ချင်​တာ​ကိုး။ ရိုး​ရိုးသား​သား​မေး​တဲ့​သူ​တစ်​ဦး​ကို သင်ပေး​ဖို့​ကတော့ မ​ငြင်းဆန်​သင့်​ဘူး။ ပြီး​တော့​လည်း နွား​ကြီး​က နား​ချင်​တော့​မယ် လန်း​ဆတ်​တဲ့ တောင်ပေါ်​မြက်​တွေ​ကို စား​ချင်​တော့​မယ်။ လူအို​ကြီး​က နွားပေါ်​က ဖြေ​ဖြေး​ဆင်း​ပါ​တယ်။
သူ​တို့​က အဲ​ဒီ​ည​ပြီး​တော့​နောက် တ​ည​ပြီး​တ​ည စစ်​သား​နဲ့ နေ​ကြ​ပါ​တယ်။ အဲ​သ​လို နေ​ကြ​တုန်း တမူ​ထူး​တဲ့ သူ့​ပို့ချ​မှု​တွေ​ကို ချ​ရေး​ဖို့ စစ်​သား​က လူကြီး​ကို တိုက်တွန်း​ပါ​တယ်။ လူကြီး​က​လည်း သဘောတူ​သ​တဲ့။ နေပြည်တော်​မှာ နေ​ခဲ့​တုန်း​က ဒါ​မျိုး​ကို သူမ​လုပ်​ခဲ့​ပါ​ဘူး။ ယခု​တော့​လည်း ရိုးသား​တဲ့​စစ်​သား​လေး​တ​ယောက် အရေး​အဖတ်​တတ်​ရုံး ရေး​တတ်​တဲ့​သူ​ရဲ့ တိုက်တွန်း​မှု​ကြောင့် ခဏ​တောင်​မ​စဉ်းစား​ဘဲ ထူး​ထူးဆန်း​ဆန်း​ပဲ လူအို​ကြီး​က အင်း​လို့ ပြော​ခဲ့​တာ​ပါ။ ထင်း​ရူး​ပင်​ရိပ်​မှာ​ထိုင်​ရင်း သူ​ဟာ နေ့​ပေါင်း​များ​စွာ စာရေး​ပါ​တော့​တယ်။ အေးချမ်း​နေ​တဲ့ ရိုး​ရှင်း​ခြင်း​တစ်​ခု​နဲ့ နေ့​များ​စွာ​ကုန်​သွား​ပြီ။ နောက်ဆုံး​မှာ လူအို​ကြီး​ဟာ သူ​ရေး​တာ​တွေ​ကို စစ်​သား​လေး​ရဲ့​လက်​ထဲ​ထည့်​ပါ​တယ်။ ခရီးသွား​တွေ​ဟာ အိမ်ရှင်​ဆီ​က ခွာ​ကြ​ပါ​တယ်။ အဖေါ်​လူ​ငယ်​ဟာ လူအို​ကြီး​ကို နွားပေါ်​တက်​ဖို့​ကူ​ပြီး သူ​တို့​သွား​ကြ​ပါ​ပြီ။ လမ်း​ရဲ့​အကွေ့​ကိုကျော်၊ အဝေး​မှာ​ပျောက်​သွား​ပါ​တယ်။
အထက်​ပါ ဒဏ္ဍာရီ​ဟာ ဘား​တော့​ဘ​ရက်​ရဲ့​ကဗျာ​ကို စကားပြေ ပြန်​ရေးထား​တာ​ပါ။ သူ့​ကဗျာ​ရဲ့​အမည်​က Legend of the Origin of the Book Tao Te Ching on Lao Tzu’s Road into Exile တဲ့။
ပြော​လို့​ရ​တဲ့“တောက်”ဟာ​ဖြင့် အဆုံး​စွန်း​သော “တောက်”မဟုတ်​ဘူး​လို့ စစ်​သား​ဆီ​ပေး​ခဲ့​တဲ့ အရေး​အသား​မှာ အဲ​ဒီ​လို​စ​ထား​ပါ​တယ်။ တရုတ်​စကားလုံး​တောက်(Tao)ဟာ မူလ​အဓိပ္ပါယ်​ဟာ“လမ်း” ဖြစ်​ပါ​တယ်။ “သွား​ရန်​ဖြစ်​သော​လမ်း၊ လမ်း​ညွှန်း​သော​မူ၊ နည်း​လမ်း” လို့ အဓိပ္ပါယ်​ကောက်​ဖို့​ပါ။ ချဲ့​လိုက်​ရင်​တော့ “ပြော​သည်၊ ဖေါ်​ထုတ်​သည်၊ သင်ကြား​သည်” လို့​လည်း ယူ​နိုင်​သ​တဲ့။ အဲ​ဒီ က​န​ဦး​စာ​ကြောင်း​ဟာ အလွန်​စိတ်ဝင်စား​စရာ ကောင်း​ပါ​တယ်။ “သင်​လို့၊ ပြော​လို့ ရ​တဲ့​သဘော​တရား​တ​ခု သို့မဟုတ် မူ​တစ်​ခု​ဟာ​ဖြင့် အမြဲ​တည်​သော ထာဝရ​သဘော​တရား​တစ်​ခု၊ မူ​တစ်​ခု​တော့ မဟုတ်​ဘူး” လို့ အနက်​ကောက်​ရ​မယ်​လို့ ဆို​ကြ​တယ်။
အဲ​ဒီ စကား​ဟာ ဘာသာ​စကား​အပေါ်​မှာ ဝေဖန်​အကဲ​ဖြတ်​ထား​တာ၊ ပိုစ့်မော်​ဒန်​တွေ​နဲ့​မ​ကွာ​ဘူး။ ဒါ​ဟာ​ဖြင့် မှန်​ပါ​တယ်​လို့ အဆို​ပြု​တဲ့​အဆို​တ​ခု၊ သဘော​တရား​တစ်​ခု​ဟာ၊ နှုန်း​စံ​တန်ဖိုး​တစ်​ခု ဖြစ်​ပါ​တယ်​လို့ တောင်း​ဆို​ချက်​တစ်​ခု​ဟာ တကယ်​တော့ နှိုင်းယှဉ်​ချက်​အရသာ​ဖြစ်​နေ​ရ​တာ ပြောင်း​သွား​နိုင်​တဲ့ အရာ​သာ ဖြစ်​တယ်။ ရှု​ဒေါင့်ပေါ်​မှာ​တည်​နေ​တာ၊ ဟော​သူ​ရဲ့ အကျိုး​စီး​ပွားပေါ်​မှာ တည်​နေ​တာ​ပါ​လို့ ဆိုလို​တာ ဖြစ်​ပါ​တယ်။
အမှန်​တရား​ရယ်​လို့​ဟော​တဲ့ သီ​ဝ​ရီ​တွေ​ဟာ ယေဘုယျ​ပြော​ရ​ရင် နှိုင်းယှဉ်​ချက်​အရသာ ဖြစ်​တယ်။ မြေပုံ​တွေ​သာ ဖြစ်​တယ်၊ မြေပုံ​ဟာ နေရာ​ဒေသ မဟုတ်။ အမှန်​တရား(Reality)ဟာ ရည်​ညွှန်းဖေါ်​ပြ​မှု​တွေ ထက်​လွန်​တဲ့ ဖြစ်​ခြင်း၊ ရှိ​ခြင်း။
တောက်​ဝါဒ​သမား​တွေ (Taoists)နဲ့ ပိုစ့်မော်​ဒန်​သမား​တွေ​မှာ တူ​တဲ့​အချက်​က ဘာသာ​စကား​အပေါ်​မှာ သံသယ​ရှိ​ခြင်း ဖြစ်​ပါ​တယ်။ သို့သော် ဘာသာ​စကား​ဟာ သစ္စာ(ဝါ)အမှန်​တရား​ကို မ​ခြုံ​ငုံ​နိုင် မ​သယ်​ဆောင်​နိုင်​ဘူး​လို့ သံသယ​ရှိ​ခြင်း​အပေါ် အခြေ​ခံ​ပြီး ဆက်လက်​စဉ်းစား​ရာ​မှာ​တော့ ကွာ​ခြား​သွား​ပါ​တယ်။ ပိုစ့်မော်​ဒန်​သမား​တွေ​က အမှန်​တရား​ကို စွန့်​လိုက်​ပြီး ပြော​ခြင်း၊ ဆို​ခြင်း(Discourse)အပေါ်​ကို အာရုံ​စိုက်​လိုက်​တယ်။ ပုဂ္ဂ​လ​ဓိဋ္ဌာန်​သာ​ဖြစ်​သော အမှန်(Inter-subjective realities)ကို တည်ဆောက်​ဖန်တီး​တာ​ဟာ အပြောအဆို​မို့၊ အပြော​အဆိုပေါ်​မှာ​ပဲ အာရုံ​စိုက်​ဖို့ ရွေးချယ်​တာ​တဲ့။
တောက်​သမား​တွေ​ကတော့ သူ​တို့​နဲ့ ပြောင်းပြန်​ရွေးချယ်​ပါ​တယ်။ တောက်​သမား​တွေ​က ဘာသာ​စကား​ကို စွန့်​လိုက်​ပြီး ဘာသာ​စကား​ကို လွန်​တဲ့​အရာ(ဝါ) ပြော​လို့​မ​ရ​တဲ့​ဟာ (the Unspeakable) ပေါ်​မှာ လုံး⁠လုံး​လျား​လျား အာရုံ​စိုက်​ပါ​တယ်။
ပြော​လို့​မ​ရ​တဲ့​အရာ​ဟာ အပြော​အဟော(Discourse)တွေ​ကို လွန်​တဲ့​အရာ​ဖြစ်​တာ​ကြောင့် အဲ​သည်​အရာ(သစ္စာ)ကို ပြော​ပြီ​ဆို​ရင်​ပဲ အဲ​ဒီ​အပြော​အဟော​ဟာ ပြယ်​သွား​တာ​ပါ​ပဲ ဧကန်​ဟုတ်​မှ​ကင်း​မဲ့ (Negation) သွား​တာ​ပါ​ပဲ​တဲ့။ တကယ်​တော့ လ​ကို ညွှန်ပြ​တဲ့​လက်​ညိုး​တ​ချောင်း မျှ​သာ​ပဲ​တဲ့။
သူ့​ဘဝ တလျှောက်လုံး သူ့​ပို့ချ​ချက်​တွေ​ကို လောင်​ဇု​အနေ​နဲ့ စာ​အား​ဖြင့် ချ​မ​ရေး​တာ​ဟာ ဒါ​ကြောင့်​မို့​တဲ့။ “ပြော​ဖို့ ဆို​ဖို့​တန်​တဲ့​ကိစ္စ​ဟာ ပြော​မ​ဖြစ်​တဲ့​ဟာ​ဖြစ်​နေ​ရင် သူ​ဘယ်​လို​ရေး​လို့ ဖြစ်​နိုင်​မ​တုန်း။”
ဝစ်​ဂင်​စ​တိုင်း​ဟာ​လည်း Tractatus Logico-Philosophicus ရဲ့ အဆုံးသတ်​မှာ “When of one cannot speak one must be silent” လို့​ရေး​တယ်​ဆို​ပဲ ပြော​လို့​မ​ဖြစ်​ရင် တိတ်တိတ်နေ​ရ​မယ်။
ဒါ​ပေ​တဲ့ အဲ​သည်​တ​ည တောင်ပေါ်​က တဲ​တ​လုံး​မှာ​တော့ အံ့ဖွယ်သရဲ​တ​ခု ဖြစ်​ခဲ့​တာ​ပါ။ သူ့​ကို ပကတိ​သ​ဘာ​ဝ​ကြီး​ရဲ့ အထူး​ခမ်းနား​သိုက်မြိုက်​ခြင်း​က ဖမ်း​ခဲ့​တာ​ပါ။ သူ့​ကိုယ်​ခန္ဓာ သူ့​ရဲ့“ငါ”ဟာ နေ​လာ​လို့ နှင်း​အရည်ပျော်​သ​လို ပျော်​သွားပုံ​ရ​ပါ​တယ်။ သူ​နဲ့ ဖြစ်​တည်​နေ​ခြင်း​ဟူ​သော ပင်လယ်​သမုဒ္ဒရာ​ကြီး​ဟာ တ​ခု​တည်း ဖြစ်​သွားပုံ​ရ​ပါ​တယ်။ သူ​ကိုယ်တိုင်​ဟာ​လည်း အဲ​သည် ဘဝင်ကျ​ခြင်း(ဝါ) ဟုတ်​တိုင်း​မှန်​ရာ​သိ​ခြင်း (Realization)ကို အားလုံး​ကို ဝေငှ​ဖို့ မှန်း​နေ​တာ​ကိုး။ ဒါ​ပေ​တဲ့ ဘယ်​လို​လုပ်​ရ​မှာ​တုန်း စကားလုံး​တွေ​ကတော့ မ​လုံလောက်​ဘူး။
တကယ်​တော့ အံ့​ဘွယ်​သရဲ​တ​ခု ဖြစ်​ခဲ့​တာ​ပါ။ မိုး​ရေ​နဲ့ လေးလံ​နေ​တဲ့​မိုးတိမ်​တွေ​ဟာ ရေငတ်​နေ​တဲ့ ပထဝီ​မြေကြီး​နဲ့ တွေ့​သ​လို​ပါ​ပဲ။ တောက်​ကြား​ဂိတ်​ဝ​ကို စောင့်​တဲ့​အစောင့်​ရဲ့ ရိုး​ရိုးမျှော်​လင့်​တန်းမှန်း​ခြင်း အပေါ် ကရုဏာ​သက်​ခြင်း​ဟာ လောင်​ဇု​ကို ရေး​စေ​ခဲ့​ပါ​တယ်။ ပြော​လို့​မ​ရ​နိုင်​တာ​ကို ပြော​ဖို့ ရပ်​ဆိုင်​ခြင်း၊ တ​နေ့​မှာ သူ့​ရဲ့ စကားလုံး​တွေ​ဟာ ကိုယ်​တွေ့​ကြုံ​တွေ (Living experience)ကို သစ္စာ​ဖောက်​ချင် ဖောက်​လိမ့်​မယ်။ လက်​ညိုး​ကို​ကြည့်​နေ​လို့ လူ​တွေ​ဟာ​လဲ မင်းကို မေ့​ချင်​မေ့​သွား​လိမ့်​မယ်။
ဒါ​နဲ့​ပဲ လောင်​ဇု​ဟာ သူ့​စာ​ကို ဟော​သ​လို​သတိပေး​မှု​နဲ့ စ​ရေး​တာ​ပါ။
“The Tao that can be spoken of is not the eternal Tao.”
“ပြော​လို့​ရ​တဲ့​တောက်​ဟာ​ဖြင့် အဆုံးစွန်​သော တောက်​မဟုတ်​ပါ။”

Written by ကို​တာ
Credit to FB Page