နှင်းရည်​စွတ်​သည့် ဆောင်း​ည​တစ်​ည​မှာ​တော့ ရန်ကုန်မြို့​၏ သု​ဝဏ္ဏ​မိုး​လုံ​လေလုံ​အား​ကစား​ကွင်း​ကြီး​သည် အလုပ်​ရှုပ်​နေ​သည့်​ဟန် ပေါ်​လျက်​ရှိ​သည်။ သို့သော် ချမ်း​သည်​ဟု​မ​ဆို​နိုင်​အောင်​အေး​သည့်​ရန်ကုန်​၏​ဆောင်း​က ကြင်နာ​သ​ယောင်​ရှိ​နေ​၏။ ဖြူ​ဖြူ၊ပြာ​ပြာ၊နီ​နီ၊ ဝါ​ဝါ ဝတ်ဆင်​ထား​သော ကလေး​ငယ်​တို့​နှင့်​တူ​သူ​တို့​၏ ဖေ⁠ဖေ​မေမေ တို့​၏ မျက်နှာများ​တွင်​ကား ပြုံး​ရောင်​သန်း​လျက်။ စင်​မြင့်​ထက်၊ ကစား​ကွင်း​အထဲ​နှင့် အပြင်​ဘက်​တွင် ပြေးလွှား​အလုပ်​ရှုပ်​နေ​ကြ​သော ဆရာ၊ ဆရာ​မ​တို့​၏ ပုံ​ရိပ်​ကို​လည်း ပြန်လည်​မြင်​ရောင်​လာ​မိ​၏။

ခြောက်​နှစ်​သာ​ကြာ​ခဲ့​ပြီ ဖြစ်သော်​လည်း ထို​နေ့​၏​အစ​အဆုံး​ကို မိမိ​မ​မေ့​နိုင်​သေး​ပေ။ ဒီ​ည​တစ်​ည​ဟာ မိမိ​၏​ဘဝ​ကို တစ်​ထစ်​ချိုး​ကွေ့​ချ​လိုက်​မည်​ကို မိမိ​မ​သိ​ခဲ့။ မိမိ​မှ​မဟုတ်။ထို​ည​သည် လူ​ဘယ်​နှ​ယောက်​၏ ဘဝ ပြောင်းလဲ​ခဲ့​မှန်း မိမိ​သိ​ချင်​မိ​သည်။ လူ​မည်​မျှ​အတွက် အရေး​ပါသော​ည​တစ်​ည ဖြစ်​ခဲ့​သ​နည်း။ ထို​ည​က​ဖွင့်​ပေး​ခဲ့​သော ဘဝ​တံခါး​ချပ်​တို့​ကို ရေ​တွက်သော်………။ သို့သော်​လည်း​မိမိ​သည် မိမိ​၏​ဘဝ တံခါး​ချပ်​တို့ အကြောင်း​ကို​သာ ပြော​ပြ​နိုင်​ပေ​လိမ့်​မည်။

ကစား​ကွင်း​၏ အပြင်​ဘက် လှေကား​ကို တစ်​ချင်း​တက်​လာ​ရင်း မြင်​ရ​သည်ကား​သု​ဝဏ်​ကွင်း​၏ အရှေ့​ဘက် နံရံ​တွင် ပိတ်​ဖြင့် အပြည့်​ချထား​သော “TOTAL KidsSchool” “TOTAL LearningAcademy” ဟူ​သော ကျောင်း​နှစ်​ကျောင်း​၏ တံဆိပ်​များ​အပြင် “TOTAL’s Got Talent” ဟူ​သော ထို​နေ့​ပွဲ​၏​အမှတ်​တံဆိပ်​ပင်​ဖြစ်​သည်။ ထို​တံဆိပ်​များ​၏​အောက်​တွင်​တော့ ကျောင်း​၏​ဆောင်​ပုဒ် ဖြစ်​သည့်””To bring the best, to give the best, to bring out the best””အကောင်း​ဆုံး​ကို ဆောင်ယူ​လာ​ရန်၊ အကောင်း​ဆုံး​ကို ပေး​ရန် နှင့် အကောင်း​ဆုံး​ကို ထုတ်ဖော်​ပေး​ရန်”ဟူ​သော စာသား​ကို တွေ့​နိုင်​သည်။ “To bring out the best” “အကောင်း​ဆုံး​ကို​ထုတ်ဖော်​ပေး​ရန်” ထို​နေ့​ပွဲ​နှင့် အင်မတန် ကိုက်​ညီ​သော စာသား​ပင်။

ကျောင်း​၏​သမိုင်း​မှာ အကြီး​ဆုံး​ပွဲ​တစ်​ခု ဖြစ်​ခဲ့​သည့်​အလျောက်​စင်​မြင့်​မှာ​လည်း သူ့​အိန္ဒြေ​နှင့်​သူ ခံ့​ငြား​နေ​လေ​သည်။ ထို​ပွဲ​၏​ထူးခြား​သည့် အချက်​ကား၊ ယခင်​ကျောင်း​၏​ပွဲ​တိုင်း​တွင် ကျောင်​သား​တိုင်း စင်ပေါ်​သို့ မ​တက်မ​နေ​မ​တက်​ရ​သည်။ သို့သော် ဤ​ပွဲ​တွင်​တော့​ကျောင်းသား​များ​ဟာ စင်ပေါ်​တက်​ဖို့ လူ​စစ်​ပွဲ နှစ်​ခု​ကို ဖြတ်ကျော်​ခဲ့​ရ​သည်။ သို့သော် စင်ပေါ်​တွင်​မိမိ talent ကို​ထင်ပေါ်​စေ​မည့် ပြ​ကွက်​ကို ပြသ​နိုင်​သည်။ ထို့​ကြောင့် ဤ​နေ့ စင်ပေါ်​သို့​တက်​နိုင်​သူ​များ​သည်​စင်ပေါ်​သို့​တက်​နိုင်​ရန် အစွမ်း​ရှိ​သ​လောက် ကြိုးစား​ခဲ့​ကြ​ရ​ပေ​သည်။

“သား…. စိုင်း​ဆက် မင်း​နောက်ကျ​နေ​တယ်။ သွား…. မင်း​သူငယ်ချင်း​တွေ​ဟိုမှာ။ နေရာ​ယူ​တော့။ ပွဲ စ​တော့​မယ်။” ဆရာ​မ​ရဲ့ ညွှန်ပြ​ရာ​ကို ကြည့်​ပြီး သူငယ်ချင်း​တွေ​ထိုင်​နေ​တဲ့ နေရာ​ကို တက်​ခဲ့​တယ်။ ဤ​နေရာ​ကား စင်ပေါ်​တက်​ရ​မည့်​သူ​တို့​သာ ထိုင်​ရ​သည့်​နေရာ။ ဟုတ်​သည်။မိမိ​လည်း ဤ​နေ့​စင်ပေါ်​တက်​ရ​မည်။ ဤ​သူငယ်ချင်း​တို့​၏ ကျေးဇူး​ကြောင့် မိမိ စင်ပေါ်​ကို တက်​နိုင်​ခဲ့​ပေ​သည်။

ပထမ​ဆုံး ပွဲ​ကို စ​ဖွင့်​လိုက်​သည်မှာ​တော့ ဇာတ်​လမ်း​လေး တစ်​ပုဒ်​နှင့်။ဒီ​ဇာတ်​လမ်း​လေး​မှာ လူ​တစ်​ယောက်​ဟာ ဘယ်​လို​ပဲ ပါရမီ​ပါ⁠ပါ​စေ အောင်မြင်​နိုင်​ဖို့ ပတ်ဝန်းကျင်​ရဲ့​အားပေး​မှု လို​အပ်​တယ်​ဆို​တာ​ကို ပေါ်ပေါ်​ထင်⁠ထင်​ပြသ​ခဲ့​၏။ ကျောင်း​စာ​မေး​ပွဲ အမှတ်​ကို အလွန်​အသား​ပေး​ပြီး​ပြိုင်ဆိုင်​မှု အလွန်​များ​တဲ့ မြန်မာ မိဘ အသိုင်းအဝိုင်း​အတွက်​တော့ အကောင်း​ဆုံး တင်​ဆက်​မှု​တစ်​ခု​ဖြစ်​ခဲ့​ပေ​သည်။ဇာတ်​လမ်း​လေး​ရဲ့ အစ​မှာ သင်္ချာ​ထူးချွန်​တဲ့ ကျောင်းသား​တစ်​ယောက်​က သူ​အတန်း​ထဲ​မှာ အမှတ် အများ​ဆုံး​ရ​လို့​အိမ်​ကို ဝမ်းသာ​အားရ ပြန်လာ​တဲ့ အခါ အမှတ် အပြည့်​မ​ရ​လို့ မိဘ​ရဲ့ အဆူ​ကို ခံ​လိုက်​ရ​တဲ့ ပြ​ကွက်​လေး။သူ့​ရဲ့ ကြိုးစား​မှု​ကို မိဘ​က အသိ​အမှတ် မ​ပြု​တဲ့ အချိန်​မှာ​တော့ တ​အား​ဝမ်းနည်း​သွား​ပြီး လုပ်​ချင်​တာ​လုပ်​ကာ​နောက်ဆုံး လမ်းမှား​ကို ရောက်​သွား​ရ​တယ် ဆို​တဲ့ ပြ​ကွက်​တွေ​ဖြစ်​၏။ သည်​ပြ​ကွက်​တွေ​ဟာ မြန်မာ​မိဘ​တွေ​ကို​အများ​ကြီး စဉ်းစား​စရာ​တွေ ပေးလိုက်​နိုင်​သည်။ ပြိုင်ဆိုင်​မှု အလွန်​များ​တဲ့ မြန်မာ​မိဘ​အသိုင်းအဝိုင်း​က​စာ​ဘယ်​လောက်တော်တော် အဆင့်​တစ်​မ​ရ​တာ​နဲ့ ဆူ​ခံ​နေ​ရ​တဲ့ ကျောင်းသား​တွေ၊ သူ​များ အမှတ်​ထက် နည်း​သွား​တဲ့​အခါ​မှာ​ကိုယ့်​အမှတ် ဘယ်လောက်​ကောင်း​ကောင်း မပျော်​နိုင်​တဲ့ ကျောင်းသား​တွေ၊ ကိုယ်​ဘယ်လောက်​ကြိုးစား​ခဲ့​ကြိုးစား​ခဲ့ နောက်ဆုံး အသိ​အမှတ်ပြု​မ​ခံ​ရ​တဲ့ ကျောင်းသား​တွေ​ရဲ့ ဝမ်းနည်း​မှု​ကို ပေါ်​အောင်​သ​ရုပ်ဖော်​နိုင်​ခဲ့​သည်။ ဤ​ကဲ့သို့​အကြောင်း​ကြောင့် မိမိ​ကလေး​တွေ လမ်းမှား ရောက်​သွား​နိုင်​တယ်​ဆို​တာ​ကို​လည်း​သတိပေး​နိုင်​ခဲ့​သည်။ အောင်မြင်​ဖို့ အတွက် ကျောင်းသား​တွေ လို​အပ်​တာ​ဟာ ဖိ​အား​မဟုတ်၊ အားပေး​မှု​နှင့်​အသိ​အမှတ်ပြု​မှု​ဆို​တာ​ကို​လည်း သဘောပေါက်​စေ​ခဲ့​၏။ ထို့​အပြင် အတန်း​စာ​တစ်​ခု​ထဲ​ဟာ မိမိ​တို့​ရဲ့​ဘဝ​မှာ အောင်မြင်​ဖို့ တစ်​ခု​ထဲ​သော အကြောင်း​မဟုတ်​ဘူး ဆို​တာ​ကို ကျောင်းသား​တွေ​ကို သတိပေး​ပြန်​သည်။ဤ​ပွဲ​လေး​ရဲ့ ဆောင်​ပုဒ်​ဖြစ်​သည့် “ပါရမီ​ဆို​တာ လူ​တိုင်း​မှာ ရှိ​ပါ​တယ်။ ထုတ်ဖော်​သာ ပြသ​လိုက်​ပါ”ဆို​တဲ့ အတိုင်း မိမိ​သည်​လည်း မိမိ​ပါရမီ​ကို ထုတ်ဖော်​ပြသ​ဖို့ တာဝန်ရှိ​သ​လို မိဘ​တွေ​က​လည်း​သားသမီး​တွေ​ကို အားပေး​ဖို့ တာဝန်ရှိ​တာ​ကို သိ​စေ​ခဲ့​သည်။

သူတစ်ပါး​တွေ​ရဲ့ တံခါး​လေး​တွေ အကြောင်း ပြော​ပြီး​တော့ မိမိ​၏​တံခါး​အကြောင်း ပြော​ရ​ဦး​မည်။

ဒီ​လို​ပွဲ​လေး လုပ်​မယ်​ဆို​တဲ့ အကြောင်း​ကို မ​တိုင်​ခင် နှစ်​လ​လောက်​က​ကျောင်း​အုပ်​ကြီး​က ပြော​ပြ​တော့ စိတ်​ထဲ​မှာ ချက်​ချင်းပေါ်​လာ​ခဲ့​တဲ့ အရာ​က “စင်ပေါ်​တက်​ရ​မယ့်​အထဲ​မှာ ငါ​ပါ​မှာ​မဟုတ်​ပါ​ဘူး။ ငါ​ပါ​တော့ ပါ​ချင်​ပါ​တယ်။ ဒါ​ပေ​မယ့် ငါ​လုပ်​တတ်​တာ ဘာ​မှ​မှ မ​ရှိ​တာ။”ဒီ​အတွေး​က စိတ်​ကို လွှမ်းမိုး​ခဲ့​၏။ အမှန်​မှာ​တော့ အားငယ်​ခဲ့​သည်မှာ အမှန်။ မိမိ​၏​အတန်းဖော်​များ​အကြောင်း​ကို မိမိ​သိ​သည်။ သူ​တို့​က စင်ပေါ်​ကို ထိပ်​ဆုံး​မှ တက်​ကြ​မည့် ကျောင်း​၏ ဒိတ်⁠ဒိတ်​ကြဲ​များ။သူ​တို့​၏​အကြောင်း​ကို ကျောင်း​မှာ​မ​သိ​သူ​ဟူ၍​ရှား​လေ​သည်။ ဪ မိမိ​မှာ​တော့……။

မိမိ TOTAL ကို စ​ရောက်​တုန်း​က အချိန်​ကို မှတ်မိ​သေး​၏။ န​ဂို​ထဲ​က​စကားပြော​ရ​သည်​ကို မနှစ်​သက်​သူ​မို့ အတန်း​ထဲ​မှာ သိပ်​စကား မ​ပြော​ချေ။ သို့​ပေ​မယ့် TOTAL ၏​စာ​သင်​ပုံ​က မိမိ​တက်​ခဲ့​ဖူး​သော အခြား​ကျောင်း​များ​နှင့် ကွာ​ခြား​သည်။ ကျောင်းသား​များ​ကို အတန်း​စာ​အပြင်​လူ​မှု​ရေး ဗ​ဟု​သူ​သ​များ​ကို အားပေး​သည်။ သင်​ရိုး​ပြင်​ပ သင်​ခန်း​စာ အဖြစ်​ဖြင့်​ပင်မ​ဟုတ်။ သင်​ရိုး​တွင်​မှာ​တွင်​ထည့်​ကာ​ကျောင်းသား​များ​၏ ကိုယ်​ပိုင်​အရည်အသွေး​များ​ကို မြင့်​တင်​ပေး​တတ်​သည်။ ကျောင်းသား​များ​ကို​လူ​ရှေ့​ကို အတင်း​တွန်း​ပို့​တတ်​သည်။ အပတ်​တိုင်း​တွင် အက​အချိန်၊ ဝူ​ရှူး၊ chess၊ ဂီ​တ၊ ပန်းချီ​စ​သည့် အချိန်​များ​ပါ​သည်။ အတန်း​ပြင်​ပ သင်​ခန်း​စာ​တွေ​မှာ အားနည်း​သူ မိမိ အတွက် ထို​အချိန်​များ​သည်​မိမိ​ကို ပင်ပန်း​စေသော သင်​ခန်း​စာ​အချိန်​များ​ဖြစ်​သည်။ အထူးသဖြင့် အက​အချိန်​တွင် မိမိ​သည်​ရှက်​တတ်​ကာ ပေါက်​ကရ​များ လုပ်​တတ်​ပေ​သည်။ သို့ရာတွင် TOTAL ၏​ကျောင်းသား​များ​မှာ ခြား​နားသည်။ထို​အချိန်​များ​တွင် သူ​တို့ ပျော်​ကြ​သည်။ သူ​တို့​သည် လူ​ရှေ့​ကို လု​ထွက်​တတ်​ကြ​သည်။ သူ​တို့​ကို​တွေ့⁠တွေ့​ချင်း အံ့ဩ​မိ​သည်​က အမှန်။

သို့သော် ပွဲ​နား​နီး​တော့ ဆရာ​မက သား​တို့ တစ်​တန်း​လုံး​ပေါင်း​ပြီးDance Crew တစ်​ခု​လုပ်​ပါ​လား ဆို​ပြီး လုပ်​ဖြစ်​သွား​ကြ​၏။ တစ်​သင်း​လုံး​ကောင်း​မှ စင်ပေါ်​တက်​ရ​မည့်​အရေး​တွင် သူ​တို့​သည် က​ရာ​တွင် ပေါက်​ကရ လုပ်​တတ်၊ ခဏခဏ မှား​တတ်​သော မိမိ ချန်​မ​ထား။ လက်​တွဲ​ပြီးခေါ်​ခဲ့​ကြ​သည်။ မှား​တတ်​သော နေရာ​များ​ကို စိတ်ရှည်​ရှည် နှင့်​ကျင့်​ပေး​ကြ​သည်။ ဤသို့​ဖြင့်Audition နှစ်​ခု​ကို ပျော်ပျော်​ရွှင်​ရွှင် ဖြတ်ကျော်​ခဲ့​ကြ​ပြီး မိမိ​ကို​လည်း စင်ပေါ်​ရောက်​သည်​အထိ အားပေး​ခဲ့​ကြ​၏။ သူ​တို့​ကြောင့် စင်ပေါ်​ကို တက်​နိုင်​ခဲ့​သည်မ​ဟုတ်​ပါ​လော။

ထို​နေ့​၌ စင်​မြင့်​သည် မိမိ​အတွက် စိတ်​လှုပ်ရှား​စရာ​နေရာ၊ ကြောက်​စရာ​နေရာ​တစ်​ခု​မဟုတ်​ခဲ့။ သူငယ်ချင်း​တို့​နှင့် အတူတူ ပရိတ်​သတ်​ရှေ့​တွင် ကခုန်​နိုင်​ခဲ့​သည့် ပျော်​စရာ​နေရာ​တစ်​ခု​ဖြစ်​ခဲ့​သည်။ ထို့​အပြင် စင်ပေါ်​ကို ရောက်​သည့်​အခါ​တွင် ခံစား​ရ​သည့် ခံစား​ချက်​ကား “ငါ​လုပ်​နိုင်​ခဲ့​သည်”ဟူ​သော ခံစား​ချက်။ အက​အချိန်​မှာ အမြဲ​တ​လွဲ​လုပ်​ပြီး မပျော်​တတ်​သော မိမိ​သည် က​ပြီး စင်ပေါ်​ရောက်​ခဲ့​သည်မ​ဟုတ်​ပါ​လော။ မည်​သည့်​အလုပ်​ကို မ​ဆို​စ​မ​လုပ်​သေး သ​ရွေ့ မိမိ အောင်မြင်​မည် မ​အောင်မြင်​မည်​ကို​မ​သိ​နိုင်​ဆို​သည်​ကို သိ​ခဲ့​ရ​သည်။

ထို​အချိန်​မှ​စ​ပြီး မိမိ​သည် ငါ​ဘာ​ဖြစ်​ချင်​သည်​ဟူ​သော အိမ်မက်​များ​မက်​တတ်​လာ​ခဲ့​သည်။ အောင်မြင်​မှု​ကို လိုလား​လာ​၏။ လက်​ခုပ်​သံတွေ​ဆို​တာ ကြိုးစား​ရင် ရ​နိုင်​တာ​ပဲ​ဆို​သည်​ကို သိ​လာ​ခဲ့​သည်။ ထို့​အပြင် မိမိ​မှာ အရည်အချင်း​တွေ ရှိ​တာ​ပဲ ဆို​ခဲ့​ပြီး ကိုယ့်ကိုယ်ကို​ယုံကြည်​မှု​ရှိ​လာ​ခဲ့​သ​လို၊ တခြား​သူ​အားလုံး​မှာ​လည်း တစ်​နေရာ​ရာ​မှာ မိမိ​ထက်​သာ​တဲ့ အရည်အချင်း​တစ်​ခု​ရှိ​တယ်​ဆို​တာ​သိ​ခဲ့​ပြီး လူ​အားလုံး​ကို လေးစား​တတ်​လာ​ခဲ့​သည်။

ထို့​အပြင် ဘဝ​မှာ အောင်မြင်​ဖို့ အတန်း​စာ​ဟာ အရေးကြီး​ပေ​မယ့်​သိပ်​ကို အရေးကြီး​တဲ့ အရာ​တစ်​ခု​မဟုတ်​ဘူး ဆို​တာ​ကို သိ​ခဲ့​ရ​သည်။ အခြား​ခြား​သော အရာ​များ​စွာ​ဟာ​လည်း​အရေးကြီး​ပါ​သလား​ဆို​သည်​ကို သိ​ခဲ့​ပြီး မိမိ လေ့​လာ​ဖို့ လစ်ဟင်း​ခဲ့​သော အရာ​တွေ​ကို ဆက်​ပြီး​လေ့​လာ​ဖို့​ကို သတိရ​ခဲ့​၏။ ထို့​အပြင် ဘဝ​မှာ ဘယ်​တော့​မှ မေ့​မှာ မဟုတ်​တဲ့ သူငယ်ချင်း​တွေ​ကို​ရ​ခဲ့​သည်။ မိမိ​ကို ငယ်​စဉ်​က မေမေ ပြော​နေကျ စကား​တစ်​ခွန်း​ရှိ​သည်။ “သားရေ စာတော်​နေ​မှ​ရ​မယ်။ တွေ့​လား။ သူငယ်ချင်း​တွေ​က ဆက်ဆံ​တာ​တောင် ကိုယ်​စာတော်​နေ​တဲ့ အချိန်​နဲ့ မတော်​နေ​တဲ့​အချိန်​နဲ့ မ​တူ​ဘူး” ဟူ၍။ မှန်​၏ မိမိ​တွင် အခြေအနေ အရပ်​ရပ် ကြောင့် စာတော်​နေ​မှ သူငယ်ချင်း​တွေ​ရှိ​နေ​မည် ဟူ​သော အတွေး​ရှိ​ခဲ့​သည်။ သို့သော် ဤ​တစ်​ကြိမ်​၌ ရ​ခဲ့​သော သူငယ်ချင်း​တို့​သည် မိမိ​စာတော်​နေ​၍​လည်း​မဟုတ်။ အကတော်​နေ​၍​လည်း​မဟုတ်။ “စိုင်း​ဆက်​ပိုင်” ဟူ​သော သူ​တစ်​ယောက်​ကို​ခင်မင်​ခဲ့​ကြ​သော သူ​များ​ဖြစ်​သည်။ အားနည်း​ချက်​များ​ကို အားပေး​ပြီး ထိပ်​တစ်​နေရာ​ကို အတူတူ​တွဲခေါ်​ခဲ့​သော သူ​များ​ဖြစ်​ကြ​လေ​သည်။ ထို​သူငယ်ချင်း​များ​ကို ဤ​အတွက် ကျေးဇူးတင်​စကား မ​ဆို​ဘူး။ဤ​နေရာ​မှ​ပင် မိမိ မည်​မျှ ကျေးဇူးတင်​ခဲ့​ကြောင်း ပြော​ပြ​ချင်​ပေ​သည်။ ထို​တစ်​ည​မှာ​ကား မိမိ​သည်​ပတ်ဝန်းကျင်​မှာ ဝင်​ဆန့်​ဖို့ စာတော်​နေ​ရ​မည်​ဟူ​သော အတွေး​သည် လွင့်​စင်​သွား​၏။ စိတ်​သစ်​ဖြင့်​လူ​သစ်​တစ်​ယောက် ဖြစ်လာ​နိုင်​ခဲ့​ပေ​သည်။

ထို​ပွဲ​ပြီး​သည့်​နောက်​ပိုင်း​တွင် စင်ပေါ်​သို့​လု​တက်​သည့်​အထဲ​တွင်​မိမိ​တစ်​ယောက်​ပါဝင်​လာ​ခဲ့​သည်။ ကျောင်း​၏​စင်​မြင့်​သည် မိမိ​၏​ခြေရာ​တို့ ထပ်​သည့်​နေရာ​တစ်​ခု ဖြစ်လာ​သည်။ကျောင်း​သည်​လည်း မိမိ​၏ အိမ်​သဖွယ်။ ကျောင်း​တံခါး မ​ဖွင့်​ခင် ကျောင်း​ရောက်​ပြီး အထဲ​ကို ပြတင်းပေါက်​မှကျော်​ဝင်​ကြ​ကာ သောင်းကျန်း​သည်​အထိ။ ဤ​ကျောင်း၊ ဤ​စင် နှင့် ဤ​သူငယ်ချင်း​တို့​ကို ခွဲ​ခွါ​ရ​တော့​မည်​ဆို​တော့​မည်​မျှ ဝမ်းနည်း​ခဲ့​သည်​ကို မိမိ​သာ​သိ​သည်။ အထူးသဖြင့် ကျောင်း​၏ စင်​မြင့်​ကို ပို​ပြီး သံ​ယော​စဉ်​တွယ်​လေ​သည်။ ဤ​စင်​မြင့်​သည် မိမိ​ကိုယ်​ကို ဘဝ​မှာ ဘယ်​လို​လူ​တစ်​ယောက် ဖြစ်​ချင်​တယ် ဆို​တာ​ကို​ပြသ​ပေး​ခဲ့​သ​လို အောင်မြင်​နိုင်​ဖို့ အင်အား​များ​စွာ​လည်း ပေး​ခဲ့​နိုင်​ပေ​သည်။ ခွဲ​ခွါ​ရ​တဲ့​နေ့​မှာ​တော့ သည်​စင်ပေါ်​ကို တစ်​နေ့​နေ့ ပြန်​တက်​ချင်​သေး​တယ် လို့ ဆုတောင်း​ခဲ့​မိ​သည်။

ပြန်​တက်​ရ​သည့်​နေ့​ကတော့ နောင် ငါး​နှစ်​အကြာ မိမိ တက္ကသိုလ် တက်​ခွင့်​ရ​ပြီး​နောက်​မှာ ဖြစ်​သည်။ မိမိ​တို့​၏ နောင်​လာ​နောက်​သား ကျောင်းသား​သစ်​များ​ကို မိမိ​ရဲ့ တက္ကသိုလ်​လျှောက်​ရင်း​တွေ့​ခဲ့​ရ​တဲ့ အတွေ့​အကြုံ​လေး​တွေ​ကို ပြော​ပြ​ပြီး ထို​တစ်​ည​ရဲ့ အကြောင်း​ကို​လည်း ထို​စင်ပေါ်​မှာ​တင်​ပြန်ပြော​ပြ​မိ​သေး​သည်။ ထို​အခါ​တွင်​တော့ စင်ပေါ်​တွင် သူငယ်ချင်း​တို့ တူ​တူ မ​ရှိ​ကျ​တော့။ ကိုယ်​တစ်​ယောက်​ထဲ​ပင်​ဖြစ်​ပေ​သည်။

ဤ​အခေါက်​မှာ​တော့ ပျော်​ရွှင်​ခြင်း​ထက် လွမ်းဆွတ်​ခြင်း​ကို ပို​ဖြစ်​မိ​ပါ​တကား။။

Credit to FB