ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်ပွား​စဉ် မြန်မာ​နှင့် အိန္ဒိယ နယ်စပ် အင်​ဖာ​စစ် မြေပြင်​တိုက်​ပွဲ​များ​တွင် ပါဝင် တိုက်ခိုက်​ခဲ့​သူ ဂျပန်​စစ်​သား ဟောင်း​တစ်​ဦး​က သူ​၏ ကိုယ်​ပိုင် ငွေ​ဖြင့် မြန်မာ​လူ​မျိုး ၂​၀⁠၀ ကျော် အား စ​ကော​လား​ရှစ်​ပညာသင်​ဆု အထောက်​အပံ့​များ စတင်​ပေး အပ်​နေ​ပါ​သည်။

ဂျပန်​နိုင်ငံ တာ​ရူ​ဂါ​ရှီ​မား​မြို့ က အသက် (၉​၁)နှစ်​အရွယ် မစ္စတာ​စီ​ဂျီ​အာ​မီ​ဇု​မိ​က ပညာသင် ဆု​ရ​ကျောင်းသား​များ​သည် မြန်မာ​နိုင်ငံ​တိုးတက်​ရေး​အတွက် အုတ် မြစ်​တစ်​ခု​အဖြစ် ထမ်း​ဆောင် တာဝန်​ယူ​နိုင်​မည်​ဟု မျှော်လင့် ကြောင်း ပြော​ကြား​ခဲ့​သည်။

အာ​မီ​ဇု​မိ​သည် အာ​မီ​ဇု​မိ အမှတ်တရ မြန်မာ​စ​ကော​လား ရှစ်​ဖောင်​ဒေး​ရှင်း​ကို ၁​၉​၈​၉ က စတင် တည်ထောင်​ခဲ့​သည်။ အင် ဖာ​တိုက်​ပွဲ​၌ သူ​တို့ ဂျပန်​စစ်​သား များ​အား ကူညီ​ခဲ့​သည့် မြန်မာ​လူ မျိုး​များ​ကို ကူညီ​ချင်​သည့်​အတွက် အဆို​ပါ​ဖောင်​ဒေး​ရှင်း​ကို စတင် တည်ထောင်​ရန် ဆုံးဖြတ်​ခဲ့​သည် ဟု​ဆို​ပါ​သည်။

၁​၉​၄​၄ နှစ်​ဦး​ပိုင်း​တွင်​ဖြစ်ပွား ခဲ့​သည့် အင်​ဖာ​တိုက်​ပွဲ​၌ ဂျပန် စစ်​တပ်​သည် အိန္ဒိယ​မှ မဟာ မိတ်​တပ်​များ​ကို သိမ်းပိုက်​ရန်​ကြိုး စား​ခဲ့​သည်။ ထို​တိုက်​ပွဲ​၌ အသက် (၂​၀)အရွယ်​ရှိ အာ​မီ​ဇု​မိ​သည် စစ်​သား​ငယ်​လေး​တစ်​ဦး​အဖြစ် ပါဝင်​ဆင်​နွှဲ​ခဲ့​သည်။

အာ​မီ​ဇု​မိ​သည် ကီ​လို​ဂ​ရမ် ၄​၀ ကျော်​ရှိ​သည့် အစားအစာ​များ နှင့် ကျည်​ဆန်​များ​ကို သယ် ဆောင်​ပြီး တောင်ပေါ်​လမ်း​များ အတိုင်း ချီ​တက်​ခဲ့​ရ​သည်။ အစာ ရေစာ​မ​လုံလောက်​မှု​ကြောင့် သူ သည် မြက်​ရိုင်း​များ​နှင့် တိရစ္ဆာန်​အကောင်​ငယ်​များ​စား​သောက်​ခဲ့ ရ​လေ​သည်။

၁​၉​၄​၄ ဧပြီ ၁​၈ ရက်​၌ ဖြစ်ပွား​သော​တိုက်​ပွဲ​တွင် အာ​မီ​ဇု​မိ​၏ တပ်ဖွဲ့​မှာ​ချေ​မှုန်း​ခံ​ခဲ့​ရ​၏။ သူ​က တပ်ဖွဲ့​နောက်​တန်း​တွင် ရှိ​နေ​သည့်​အတွက် အသက်​ရှင် ကျန်​ရစ်​ခဲ့​သည်။ တိုက်​ပွဲ​အခြေ အနေ ပို​ဆိုး​လာ​သည့်​နောက်​တွင် သူ​နှင့် အသက်​ရှင်​ကျန်​ရစ် သူ​များ​က ထို​နှစ် ဇွန်​လ​၌ ထို​နေ ရာ​မှ​စတင်​ဆုတ်ခွာ​လာ​ခဲ့​ကြ သည်။

လေ​ကြောင်း တိုက်ခိုက်​မှု များ၊ တင့်​ကား​နှင့် တိုက်ခိုက်​မှု များ​အောက်​တွင် အာ​မီ​ဇု​မိ​နှင့် အခြား​စစ်​သား​များ​သည် တော​ထဲ သို့ ထွက်ပြေး​ဆုတ်ခွာ​ခဲ့​ကြ​သည်။

သူ​တို့​တပ်ဖွဲ့​မှ ရဲဘော်​များ မှာ​လည်း စိတ်​ပင်ပန်း​နွမ်းနယ်​ပြီး စိတ်​အလို​မ​ကျ​မှု​များ​ဖြစ်​နေ​ကြ သည်။ တစ်​ယောက်⁠ယောက်​က နား​ချင်​တယ်​ဟု​ပြော​လျှင် သူ​က ထို​သူ​၏ ပါး​ကို​ရိုက်​ရ​သည်။ သူ့​မှာ​ငှက်ဖျား​ရောဂါ​ကြောင့် အဖျား တွေ​တက်​နေသော်​လည်း လမ်း ဆက်​လျှောက်​ခဲ့​ရ​သည်။

တစ်​ည​၌ သူ​သည် အိမ်​တစ် အိမ်​မှ အလင်း​ရောင်​ကို​တွေ့​ခဲ့​ပြီး အကူအညီ​တောင်း​ခဲ့​သည်။ ထို အိမ်​က လူ​များ​ဆီ​မှ အစားအစာ များ​ကြောင့် သူ​အသက်​ရှင်​ခဲ့​ရ သည်။

၁​၉​၄​၆ ဇူလိုင်​တွင် အာ​မီ​ဇု​မိ သည် ဂျပန်​နိုင်ငံ​သို့ ပြန်လာ​ခဲ့ သည်။ စစ်​မှု​ထမ်း​ဟောင်း​အဖွဲ့ အစည်းအဝေး​တစ်​ခု​မှာ သူ​က ဂျပန်​စစ်​သား​များ​ကို မြန်မာ​ဒေသ​ခံ​များ​က အကူအညီ​ပေး​ခဲ့​ကြ သည်​များ​ကို ကြားသိ​ခဲ့​ရ​၏။ အခြား​စစ်​သား ဟောင်း​တစ်​ဦး က​လည်း မြန်မာ​ဒေသ​ခံ​များ​က သူ့​ကို အိပ်ရာ​အောက်​၌ ဗွက် ပေး​ခဲ့​ကြ​သည်​ဟု​ဆို​သည်။ အခြား​စစ်​သားတစ်​ဦး​က​လည်း ဒေသ​ခံ တစ်​ဦး​သည် သူ့​ဒဏ်ရာ​များ​ကို ဆေးကု​ပေး​ခဲ့​သည်​ဟု ဆို​သည်။

တိုက်​ပွဲ​တွင် ကျ​ဆုံး​ခဲ့​သော ဂျပန်​စစ်​သား​များ​အတွက် ဝိညာဉ် ပူဇော်​ပွဲလုပ်​ရန် မြန်မာ​ပြည်​သို့ သူ​သွား​ခဲ့​သည့်​အခါ​တွင် ဒေသ​ခံ များ​က ကျ​ဆုံး​သွား​သော သူ​တို့ ရဲဘော်​များ​၏ အလောင်း​များ​ကို မြှုပ်​ပေး​ခဲ့​ကြ​သည်​ဟု အာ​မီ​ဇု​မိ​က ဆို​သည်။

ထို့နောက် သူ​က ဖောင်​ဒေး ရှင်း​တစ်​ခု​ကို စတင်​ခဲ့​ပြီး နှစ်စဉ် ဂျပန်​တက္ကသိုလ်​၌ ပညာသင် ကြား​နေ​သည့် မြန်မာ​ကျောင်း သား ၂​၀ အတွက် တစ်​လ​လျှင် ဂျပန်​ယန်း ၄​၀,၀⁠၀​၀ ထောက်ပံ့​ခဲ့ သည်။ ထို​ကျောင်းသား​များ​ကို သူ့ အိမ်​သို့ တစ်​ခါ​တ​လေ​ဖိတ်ကြား ခဲ့​သည်။

‘‘ကျေးဇူးပြု​ပြီး ငွေ​တွေ​ကို ဂုဏ်​ယူ​စွာ​နဲ့ လက်ခံ​ပါ။ ပြီး​တော့ ကိုယ့်​ကိုယ်​ကိုယ် ချစ်​ကြည်​ရေး သံတမန်​အဖြစ် မှတ်ယူ​ပေး​ပါ’’ဟု အာ​မီ​ဇု​မိ​က သူ​တို့​ကို​ပြော​ကြား​ခဲ့ သည်။ ၂​၀⁠၀​၇ အထိ ၁​၉ နှစ်​ကြာ အောင် မြန်မာ​ပြည်​မှ ကျောင်းသား ၁​၇​၈ ဦး​ကို ပညာသင်​ဆုငွေ ပေး​အပ်​နိုင်​ခဲ့​သည်။ ၎င်း​တို့​အနက်​ကျောင်းသား ၂​၆ ဦး​မှာ ဒေါက်​တာ​ဘွဲ့​ရ​ရှိ​ခဲ့​သည်။ အများ​စု​သည် ဂျပန်​မှာ​ရော မြန်မာ​ပြည်​က ကုမ္ပဏီ​များ​တွင် လုပ်​များ​ရ​ရှိ​ခဲ့​ကြ သည်။အဆို​ပါ ပညာသင်​ဆု​ကို​ရ​ခဲ့ သူ ကျောင်းသား​ဟောင်း​များ​က ဖောင်​ဒေး​ရှင်း​ကို စတင်​စီမံ​ခန့်​ခွဲ နေ​ကြ​ပြီး မြန်မာ​ပြည်​က ကျောင်း သား​များ​အား လတ်​တ​လော​တွင် ထောက်ပံ့​မှု​များ​ပေး​နေ​ပါ​သည်။ ဖောင်​ဒေး​ရှင်း​၏ ဥက္ကဋ္ဌ​အဖြစ် အာ​မီ​ဇု​မိ​က​လည်း ဖောင်​ဒေး​ရှင်း အား ရန်​ပုံငွေ​များ ထောက်ပံ့​နေ​ဆဲ ဖြစ်​သည်။

‘‘ကျွန်တော့်​ရဲ့​အပေါင်းပါ တပ်ဖွဲ့​တွေ တမလွန်​မှာ ငြိမ်း​ချမ်း စွာ အိပ်စက်​နေ​ဖို့ ကျွန်တော့် အနေ​နဲ့ မြန်မာ​လူ​ငယ်​တွေ​ကို တိုင်း​ပြည်​အတွက် ငြိမ်း​ချမ်း​မှု​နဲ့ ချမ်းသာ​မှု​တွေ​ကို ဆောင်ကြဉ်း လာ​မယ့်​နေရာ​မှာ ပါဝင်​က​ပြ​စေ ချင်​ပါ​တယ်’’

Credit to 7DayDaily