ကမ္ဘာ​စစ်​မှာ နစ်​ခဲ့​တဲ့ ဂျပန် စစ်သင်္ဘော​ကြီး​ကို ရှာ​တွေ့​ပြီ

ဒုတိယ ကမ္ဘာ​စစ်​အတွင်း​က အမေ​ရိ​ကန် တပ်ဖွဲ့​တွေ ပစ်ခတ် နှစ်​မြုပ်​ခဲ့​တဲ့ နာ​မည်ကျော် ဂျပန် စစ်သင်္ဘော​ကြီး မူ​ဆာ​ရှီ Musashi ရဲ့ အကြွင်းအကျန် တွေ​ကို နှစ်​ပေါင်း ၇​၀ ကျော် ကြာ​ခဲ့​ပြီး​နောက် အခု ရှာ​တွေ့​ခဲ့​ပြီ​လို့ အမေ​ရိ​ကန် ဘီ​လျံ​နာ ပေါလ် အလန်​က ကြေညာ လိုက်​ပါ​တယ်။

ဖိ​လစ်​ပိုင် နိုင်ငံ ရေ​ပိုင်​နက် ဆီ​ဘူ​ယန် Sibuyan ပင်လယ်​မှာ အနက် တစ်​ကီ​လို​မီ​တာ ပင်လယ် ကြမ်းပြင်​မှာ ရှိ​နေ​တဲ့ သင်္ဘောပျက်​ကို ပေါလ်​အလန် စေလွှတ်​တဲ့ ရှာဖွေ​ရေး အဖွဲ့​က ရှာ​တွေ့ ခဲ့​တာ​ပါ။

သင်္ဘော ဦး​ပိုင်း​မှာ ဂျပန် ဧကရာဇ် အထိမ်းအမှတ် ဂန္ဓမာ​ပန်း တံဆိပ်​ကို တွေ့​ရ​ဆဲ ဖြစ်​ပါ​တယ်။

မူ​ဆာ​ရှီ Musashi နဲ့ သူ့​ရဲ့ ညီ​အစ်မ စစ်သင်္ဘော​ကြီး ဖြစ်​တဲ့ ယာမာ​တို Yamato တို့​ဟာ ဆောက်​ခဲ့​သ​မျှ စစ်သင်္ဘော​တွေ ထဲ​မှာ အကြီး​ဆုံး​တွေ ဖြစ်​ကြ​ပါ​တယ်။

ဒုတိယ ကမ္ဘာ​စစ်​အတွင်း အမေ​ရိ​ကန်​နဲ့ ဩစတြေးလျ တပ်​တွေ​က ဂျပန် ရေတပ်​ကို အောင်​နိုင်​ခဲ့​တဲ့ အကြီး​ကျယ်​ဆုံး ရေကြောင်း တိုက်​ပွဲ အဖြစ် ယူဆ​ကြ​တဲ့ လေ​တေ ပင်လယ်​ကွေ့ Leyte Gulf တိုက်​ပွဲ အတွင်း ၁​၉​၄​၄ ခု​နှစ် အောက်တိုဘာ ၂​၄ ရက်​မှာ အမေ​ရိ​ကန် စစ်​လေ​ယာဉ် တွေ​က မူ​ဆာ​ရှီ စစ်သင်္ဘော​ကြီး​ကို ပစ်ခတ် နှစ်​မြုပ်​ခဲ့​တာ ဖြစ်​ပါ​တယ်။

Credit to BBC