ဒေါ်လာ သန်း (၈​၀​၀) ဟာ ဘယ်လောက်​တန်ဖိုး​ရှိ​ပါ​သလဲ။ တ​ယောက်​ချင်း​စီ​အတွက် တန်ဖိုး​ဟာ​ကွဲပြား​နိုင်​တာ​ပေါ့။

Led Zeppelin တို့​အတွက်​တော့ သန်း (၈​၀​၀) ဟာ ဘာ​မှ​တန္ဖိုး​မ​ရှိ​လှ​ဘူး​လို့​ဆို​နိုင်​ပါ​တယ်။ ဖြစ်​ပုံ​က ဒီ​လို။ ရော့ခ်​အင်​ရိုး​ရဲ့​ဖ​ခင်ကြီး​တွေ​ဖြစ်​ကြ​တဲ့ ဇက်​ပ​လင်​တို့​ကို ၃​၅ ပွဲ​တိတိ​ဆို​ပေး​ဖို့ ကန်​ထ​ရိုက်​တ​ခု​နဲ့​ကမ်းလှမ်း​ပါ​တယ်။ အဲ​ဒီ (၃​၅) ပွဲ​အတွက် ဇက်​ပ​လင်​တို့​ရ​မယ့် ငွေ​ကြေး​ပမာဏ​ကတော့ ဒေါ်လာ သန်း (၈​၀​၀) ဖြစ်​ပါ​တယ်။ အဆိုတော်​ရော​ဘတ်​ပ​လန့်​က အဲ​ဒီ​ကမ်းလှမ်း​ချက်​ကို ချက်ချင်း​ငြင်းပယ်​လိုက်​ပါ​တယ်။ ဘာ​ကြောင်း​ငြင်းပယ်​တယ်​ဆို​တာ အသေး​စိတ်​မ​သိ​ရ​ပေ​မယ့် ဂီ​တ​လောက​သား​တွေ​ရော ဂီ​တ​လောက​ထဲ​က စီး​ပွါး​ရေး​သမား​တွေ​ပါ တ​အာ​ကို အံ့ဩ​သွား​စေ​တဲ့​ဆုံးဖြတ်ချက်​ဖြစ်​ပါ​တယ်။ အခြား​တီး​ဝိုင်း​သား​တွေ​က ဖျောင်း​ဖြ​ပေ​မယ့် အဆိုတော်​ရော​ဘတ်​ပ​လန့်​က လုံး​ဝ​အကြောက်​ကန်​ငြင်းဆန်​ခဲ့​ပါ​တယ်။

ဇက်​ပ​လင်​တို့​ဟာ ရော့ခ်​အင်​ရိုး​ဂီ​တ​ရဲ့​ဖ​ခင်ကြီး​တွေ​လို့ သမုတ်​ကြ​တဲ့ ဇက်​ပ​လင်​တို့​ဟာ အသက် ၆​၀ ကျော်​တွေ​ဖြစ်​ပြီး သူ​တို့​ပွဲ​တွေ​မှာ ဝင်​ကြေး​လက်မှတ်​တွေ​ဟာ မှောင်ခို​ဈေး​ကွက်​မှာ ဒေါ်လာ​ထောင်​ချီ​တန်​ပါ​တယ်။ ဒါ​တောင် ဗီ​အိုင်​ပီ​လက်မှတ်​တွေ​မဟုတ်​သေး​ဘူး။

ခင်​သော​မင်​သော
စကော်​ပီ​ယံ​များ(Credit to FB စကော်​ပီ​ယံ​များ)