လူ​အများ​စု​ဟာ ပန်း​ဝတ်မှုန်၊ ဖုန်မှုန့်၊ မှို​မျိုး​မှုန်၊ တိရစ္ဆာန်​အမွေး​အမှင်၊ ကြက်ပေါင်​စေး၊ ရော်​ဘာ​စေး၊ အစားအစာ​မျိုး​စုံ၊ အင်း​ဆက်​အဆိပ်​ဆူး နဲ့ ဆေးဝါး​အချို့​ကြောင့် ဓာတ်​မ​တည့်​မှု အခြေအနေ​တွေ ကြုံတွေ့​ရတတ် ပါ​တယ်။

ဓာတ်​မ​တည့်​မှု​ကြောင့် နှာခေါင်း၊ အဆုတ်၊ လည်ချောင်း၊ နား၊ အစာ အိမ်၊ အရေ​ပြား​စ​သည်​တို့​ကို ထိခိုက်​ပြီး အကျိုး​ဆက်​အနေ​နဲ့ နှာ​ရည်​ယို၊ နှာ​ပိတ်၊ နှာစေး၊ယားယံ​ခြင်း၊ မျက်ရည်​ထွက်​ခြင်း၊ မျက်စိ​နီ​ခြင်း၊ အရေ​ပြား​တွင် အဖု​အပိမ့်​များ ထွက်​ခြင်း၊ အသက်ရှူ​မ​၀​ခြင်း (သို့မဟုတ်) ရင် ကျပ်​တာ​မျိုး​တွေ ဖြစ်​နိုင်​ပါ​တယ်။ ဒါ​ကြောင့် ဓာတ်​မ​တည့်​တာ​တွေ​ရဲ့ ဖြေ​ဆေး​အစားအစာ​အချို့​ကို ဖော်​ပြ​ပေးလိုက်​ပါ​တယ်။

ပန်း​သီး​တွေ​က ကိုယ်​ခံ​စွမ်းအား မြင့်​စေ​ပြီး ဓာတ်​မ​တည့်​တာ​တွေ​ကို ခုခံ နိုင်​စွမ်း​ရှိ​ပါ​တယ်။ နနွင်း​ဆို​ရင်​လည်း ဓာတ်​မ​တည့်​မှု​တွေ​အတွက် အစွမ်း​ထက်​လက်နက်​တစ်​ခု​ပါ​ပဲ။

ကြက်သွန်ဖြူ​တို့၊ ချင်း​တို့​ဆို​ရင်​လည်း ဓာတ်​တိုး​ဆန့်ကျင် ဂုဏ် သတ္တိရှိ​ပြီး ကိုယ်​ခံ​စွမ်းအား​ကောင်း​စေ​ပါ​တယ်။ သဘာ၀​ဆေးဝါး​ဖြစ်​တာ ကြောင့် ဓာတ်​မ​တည့်​တာ​တွေ​အတွက် ဆေး​ကောင်း​တစ်​လက်​ပါ​ပဲ။

ရှောက်​သီး၊ သံပ​ရို​သီး​တွေ​က​လည်း ဗီတာမင်​စီ​နဲ့ ဓာတ်​တိုး​ဆန့် ကျင် ဂုဏ်​သတ္တိရှိ​တာ​ကြောင့် ဓာတ်​မ​တည့်​တာ​တွေ​ကို အကောင်း​ဆုံး ကာ​ကွယ်​ပေး​နိုင်​ပါ​တယ်။

ဆယ်လ်​မွန်​ငါး​ဆို​ရင်​လည်း အို​မီ​ဂါ ၃ ဖက်​တီး​အက်​စစ် DHA, EPA တို့​ပါဝင်​တာ​ကြောင့် ဓာတ်​မ​တည့်​ခြင်း​ကို အမြန်​သက်သာ​စေ​နိုင်​စွမ်း ရှိ ပါ​တယ်။ လက်ဖက်​စိမ်း​တို့၊ ကန်​စွန်း​ဥ​တို့​ဆို​ရင်​လည်း ကိုယ်​ခံ​စွမ်းအား ကောင်း​စေ​ပြီး ဓာတ်​မ​တည့်​မှု အခြေအနေ​တွေ​ကို ကာ​ကွယ်​နိုင်​ပါ​တယ်။

Credit to 7Day Daily