ငါ​နဲ့​မ​ဆိုင်​ပါ​ဘူး..ငါ့​အလုပ်​မဟုတ်​ပါ​ဘူး..လို့​တွေး​မိ​ရင်

ကြွက်​ဟာ အက်ကွဲ​နေ​တဲ့ အုတ်​နံရံ ကြား​က​နေ လယ်သမား လင်မယား၊
အထုပ်​တစ်​ထုပ်​ဖြေ​နေ​တာ​ကို စိတ်​ဝင်​တ​စား ကြည့်​နေ​လေ​ရဲ့။ အထဲ​မှာ
ဘာ​မုန့်​များ​ပါ​လေ​မ​လဲ​လို့​စိတ်​ထဲ​က မျှော်​တ​လင့်⁠လင့်​နဲ့ ကြည့်​နေ​တယ်။

ဒါ​ပေ​မယ့်​သူ​စိတ်ပျက်​စွာ​မြင်​တွေ့​လိုက်​ရ​တာ​က ကြွက်ထောင်ချောက်
တစ်​ခု။ လယ်သမား​ကြီး​ဟာ အိမ်​ထဲ​က တစ်​နေရာ​မှာ သွား​ချထား
လိုက်​တယ်။ အဲ​ဒါ​ကို မြင်​လိုက်​တဲ့​ကြွက်​ဟာ​အားရ​ပါး​ရ အော်​ပြီး
လယ်​ကွင်း​ထဲ​ပြေး​ထွက်​သွား​တယ်။ အားလုံး​ကို သိ​စေ​ချင်​လို့
အသိ​ပေး​တဲ့ သဘော​ပေါ့။ အိမ်​ထဲ​မှာ ကြွက်ထောင်ချောက် တစ်​ခု ရှိ​တယ်​ဗျို့၊
အိမ်​ထဲ​မှာ ကြွက်ထောင်ချောက် တစ်​ခု ရှိ​တယ်​ဗျို့..။

မြေကြီး​ကို ခြေထောက်​နဲ့​ယက်​ပြီး အစာ​ရှာ​နေ​တဲ့ ကြက်ဖ​ကြီး​က ခေါင်းမော်​ကြည့်​ပြီး စိတ်ပျက်​တဲ့​လေသံ​နဲ့​ပြော​လိုက်​တယ်။ အော် … ကို​ကြွက်​ရယ်၊ မင်း​အတွက်​တော့​သေ​တွင်း​ပဲ​လို့ ငါ​ပြော​လို့​ရ​ပါ​တယ်။
ဒါ​ပေ​မယ့် ငါ့​အတွက်​တော့​အလကား​ပါ။ ဘာ​မှ မဟုတ်​တဲ့​ကိစ္စ​နဲ့​ငါ့ ခေါင်း​လာ​မ​ရှုပ်​နဲ့​ကွာ။

ကြွက်​က​ဝက်​ဘက်​ကို​လှည့်​ပြီး​အိမ်​ထဲ​မှာ​ကြွက်ထောင်ချောက်​တစ်​ခု
ရှိ​တယ်​ဗျ​လို့​ပြော​လိုက်​တယ်။ ဝက်​က ကရုဏာ​သက်​တဲ့ မျက်နှာ​ပေး​နဲ
႔ ကြည့်​ပြီး​ပြော​လိုက်​တာ​က အတော်​လေး​ကို စိတ်​မ​ကောင်း​ပါ​ဘူး​ဗျာ။ တကယ်​တော့​ကျနော်​အနေ​နဲ့​ခင်ဗျား​ကို ဆုတောင်း​ပေ​ရုံ​က လွဲ​လို့ ဘာ​မှ​မ​လုပ်​ပေး​နိုင်​ပါ​ဘူး။သေချာ​တာ​တစ်​ခု​က ခင်ဗျား​အတွက် ကျနော် အမြဲ​ဆုတောင်း​ပေး​နေ​ပါ​တယ်။

ကြွက်​က နွား​ဘက် လှည့်​ပြီး အိမ်​ထဲ​မှာ ကြွက်ထောင်ချောက်
ရှိ​တဲ့ အကြောင်း ထပ်ပြော​လိုက်​တယ်။ နွား​က ဝိုး … ဝမ်းနည်း​ပါ​တယ်​ဗျာ။
ဒါ​ပေ​မယ့် ကျနော့်​နှာခေါင်း​ကို​တော့ ညှပ်​စရာ အကြောင်း မ​ရှိ​ဘူး​လေ ..
လို့ ပြန်ပြော​လိုက်​တယ်။

ဒီ​လို​နဲ့ ကြွက်​ဟာ စိတ်ပျက်​အားငယ်​စွာ​နဲ့ ခေါင်း​ငိုက်
စိုက်​ပြီး အိမ်​ထဲ​ကို​ပြန်​ဝင်​လာ​ခဲ့​တယ်။ အော် … လယ်သမား​ကြီး​ရဲ့
ကြွက်​ထောင် ချောက်​ကို ငါ​တစ်​ကောင်​တည်း ရင်ဆိုင်​ရ​တော့​မှာ ပါ​လား။

တစ်​ည​တော့ “ဗြောင်း” ဆို​တဲ့ အသံ​က အိမ်​ထဲ​မှာ အတော်​လေး ညံ​သွား
တယ်။အကောင်​တစ်​ကောင်⁠ကောင်​ကို ညှပ်​မိ​လို့ ကြွက်ထောင်ချောက်​က
မြည်​တဲ့​အသံ​လို​ပဲ။ လယ်သမား​ရဲ့ မိန်းမ​က ဘာ​အကောင်​များ မိ​သလဲ​လို့ သိ​ချင်​ဇော​နဲ့​ကြွက်ထောင်ချောက် ရှိ​တဲ့​ဆီ အတင်း​ကို ပြေး​သွား​တယ်။ အမှောင်​ထဲ​မှာ ဆို​တော့​အမြီး ညပ်​လို့ ဒေါသ တ​ချောင်းချောင်း ထွက်​နေ​တဲ့ မြွေ​ကို မ​မြင်​လိုက်​မိ​ဘူး။

အဲ​ဒီ​တော့ အမျိုးသမီး​ရဲ့ ခြေထောက်​ကို မြွေပေါက်​ခံ​လိုက်​ရ​တော့​တယ်။
ဆေးကု​သ​ဖို့​အတွက် လယ်သမား​ကြီး​ဟာ သူ့​မိန်းမ​ကို ဆေး​ရုံ အမြန်​ပို့
လိုက်​ရ​တယ်။ အိမ်​ပြန်​ရောက်​တော့ မြွေဆိပ်​ကြောင့် အမျိုးသမီး​ကြီး
အဖျား​တွေ​တက်​နေ​တယ်။အဖျားတက်​နေ​တဲ့ လူ​နာ​ကို အားရှိ​သွား​အောင် လတ်ဆတ်​တဲ့​ကြက်​စွတ်​ပြုပ်​လုပ်​တိုက်​ရ​တယ် ဆို​တာ လူ​တိုင်း သိ​နှင့်​ပြီး​သား​ပါ။

ဒါ​နဲ့ လယ်သမား​ကြီး​ဟာ​ကြက်​စွတ်​ပြုပ် လုပ်​ဖို့ လယ်​ကွင်း​ထဲ​ကို ဓါး​တစ်​ချောင်း​နဲ့​ဆင်း​သွား​လေ​ရဲ့။ ဒါ​ပေ​မယ့် အမျိုးသမီး​ကြီး​ရဲ့ ကိုယ်ပူ
ရှိန်​ဟာ မ​ကျ​ဘဲ တက်​မြဲ​တက်​နေ​လေ​ရဲ့။ အိမ်​နီး​နား​ချင်း​တွေ၊ သူငယ်ချင်း​တွေ​က လူ​နာ​လာ​မေး​ရင်း​နေ​ကောင်း​စေ​ဖို့ နည်း​လမ်း
ကောင်း​တွေ လာ​ပြီး ဆွေးနွေး​ပေး​ကြ​တယ်။

တ​နေ​ကုန်​ပဲ ဆို​ပါ​တော့။ သူ​တို့​တွေ​ကို ကျွေး​ဖို့ မွေး​ဖို့ ဝက်သား​ကို
ဖော်​ရ​တော့​တယ်။နောက်ဆုံး​တော့ အမျိုးသမီး​ကြီး ဘယ်​လို​မှ မ​သက်သာ​နိုင်​ဘဲ​ကွယ်​လွန်သွား​ရှာ​တယ်။ နာ​ရေး​မှာ လူ​အတော်​များ​များ အသုဘရှု လာ​ကြ​တယ်။

လာ​သ​မျှ​လူ​တွေ​ကို ဧည့်ခံ​ဖို့ လယ်သမား​ကြီး ခ​မျာ လောက်​ငှ​အောင်
အမဲသား​ဟင်း​ကို စီစဉ်​ရ​တော့​တယ်။ကို​ကြွက်​ကတော့ ဖြစ်​သ​မျှ အားလုံး​ကို အက်ကွဲ​နေ​တဲ့ အုတ်​နံရံ​ကြား​က​နေ​စိတ်​သောကကြီး​စွာ​နဲ့​ပဲ ကြည့်​နေ​မိ​တော့​တယ်။

နောင်​တစ်​ချိန် လူ​တစ်​ဦး​တစ်​ယောက်​က ပြဿနာ​နဲ့ ရင်ဆိုင်​နေ​ရ​တဲ့​အခါ
ငါ​နဲ့​မ​ဆိုင်​ပါ​ဘူး​ငါ့​အလုပ်​မဟုတ်​ဘူး​လို့ တွေး​လိုက်​မိ​ရင် … သတိရ​ပါ။

ကျနော်​တို့​ထဲ​က
တစ်​ယောက်⁠ယောက်​ဟာ ခြိမ်းခြောက် ခံ​နေ​ရ​ပြီ ဆို​ရင် အဲ​ဒီ အန္တရာယ်​ဟာ
ကျနော်​တို့​အားလုံး​အပေါ် ကျ​ရောက်လာ​တာ​ပဲ။

တခြား​သူ​တွေ အပေါ်​မှာ​မျက်စိ​ဒေါက်​ထောက်​ပြီး​ဂရု​တ​စိုက် ရှိ​သင့်​သ​လို တစ်​ယောက်​ကို တစ်​ယောက်​လည်း​အားပေး​ပြီး အစွမ်း​ကုန်​ကူညီ​တတ်​ဖို့ လို​ပါ​တယ်။ ကျနော်​တို့​အားလုံး​ဟာ ဘဝ​လို့ ခေါ်​တဲ့ ခရီး​စဉ်​ထဲ​က
တစ်​ဖောင်​တည်း​စီး ခရီး​သွားဖော်​ချင်း အတူတူ​ပါ။

Credit to Thein Su Moe
K.K(က​နောင်)