စာ​မေး​ပွဲကျ​ရှုံး​ခဲ့​သ​ဖြင့် မှော်​ဘီ​နည်း​ပညာ​တက္ကသိုလ်​မှ ဒုတိယ​နှစ်​ကျောင်းသား​တစ်​ဦး မိမိ​ကိုယ်​ကိုယ် သေ​ကြောင်း​ကြံစည်​မှု နိုဝင်ဘာ ၁​၇ ရက် ညနေ​က​ဖြစ်ပွား​ခဲ့​ကြောင်း သိရှိ​ရ​သည်။

အဆို​ပါ​ကျောင်းသား​မှာ မှော်​ဘီ​နည်း​ပညာ​တက္ကသိုလ် လျှပ်စစ်​စွမ်းအား​အင်​ဂျင်​နီ​ယာ​သင်​တန်း​မှ ဒုတိယ​နှစ် (2T) ကျောင်းသား မောင်​တင့်​လွင်​ဖြစ်​ပြီး နိုဝင်ဘာ ၁​၇ ရက် ညနေ ၅ နာရီ​ခန့်​က အင်း​စိန်​မြို့​သစ် (က/ခ) ရပ်​ကွက်၊ ခ/၅ လမ်း​ရှိ ၎င်း​၏ နေအိမ် အိမ်​ရှေ့ ထုပ်​တန်း​တွင် ဆွဲ​ကြိုး​ချ​သေ​ဆုံး သွား​ခဲ့​ခြင်း​ဖြစ်​ကြောင်း ၎င်း​၏ မိသား​စု​ဝင်​များ​က ပြော​သည်။

‘‘သူ့​အမေ​က ဈေးသွား​နေ တဲ့​အချိန်​မှာ အန်​တီ​နဲ့ သူ​နဲ့ အိမ်​မှာ​အတူတူ​ရှိ​တယ်။ ညနေ ၄ နာရီ​ခွဲ လောက်​က မီး​ပြတ်​သွား​တော့ အန်​တီ​က အိမ်​ကို ခဏ​ပြန်သွား​တာ။ သူ​တစ်​ယောက်​တည်း​ရှိ​နေ တဲ့​အချိန်​မှာ အဲ​ဒီ​လို​ဖြစ်​သွား​တာ။ ဖြစ်​သွား​တာ​က ခဏ​လေး​ပဲ။ အန် တီ​သာ အကြောင်း​တစ်​ခု⁠ခု​နဲ့ ပြန် လာ​ဖြစ်​ရင်တောင် အဲ​ဒီ​လို​ဖြစ်​မှာ မဟုတ်​ဘူး’’ဟု အဆို​ပါ​ကျောင်း သား သေ​ကြောင်း​မ​ကြံစည်​မီ ၎င်း နှင့်​အတူတူ​ရှိ​နေ​ခဲ့​သည့် အဒေါ် ဝမ်း​ကွဲ​ဖြစ်​သူ​က ပြော​ပြ​သည်။

အသက် (၂​၀) အရွယ် အဆို ပါ ကျောင်းသား​သည် နေအိမ်​တွင်​မိ​ခင်​နှင့် နှစ်​ယောက်​တည်း​နေထိုင်​ကာ ငယ်​စဉ်​ကတည်းက တစ်​နှစ်​တစ်​တန်း မှန်⁠မှန်​အောင်မြင်​ခဲ့​ပြီး ယခု​နှစ်​မှ စာ​မေး​ပွဲကျ​ရ​ခြင်း ဖြစ်​ကြောင်း ၎င်း​၏ အဒေါ်​ဝမ်း​ကွဲ ဖြစ်​သူ​က ဆက်လက်​ပြော​ပြ​သည်။

၎င်း​သေ​ဆုံး​မှု​နှင့် ပတ်သက် ၍ အင်း​စိန်​မြို့မ​ရဲ​စခန်း​က သေ​မှု သေ​ခင်း အမှတ်​စဉ် ၈​၃/၂​၀​၁​၄ ဖြင့် အမှု​ဖွင့်​စစ်ဆေး​ဆောင်ရွက် လျက်​ရှိ​ကြောင်း ယင်း​ရဲ​စခန်း​မှ ရဲ​အုပ်​သိန်း​နိုင်​က ပြော​သည်။

‘‘သေ​ဆုံး​သူ​ကို တွေ့​တွေ့ ချင်း ပြင်​ပ​ဒဏ်ရာ​စစ်​တယ်။ နောက် အင်း​စိန်​ဆေး​ရုံ​ပို့​ပြီး​တော့ မှု​ခင်း​ဆရာဝန်​ကြီး​က ဓမ္မတာ​အတိုင်း ဟုတ်၊ မဟုတ်​ရင်​ခွဲ​စစ်ဆေး​တယ်။ မှု​ခင်း​ဆရာဝန်​ကြီး​ရဲ့ ဆေးစာ​နဲ့ အစီရင်ခံ​စာ​ပေး​ပြီး​ရင် သင်္ဂြိုဟ်​လို့ ရ​ပါ​ပြီ။ ကြား​တာ​ကတော့ စာ​မေး ပွဲကျ​လို့ သေ​ကြောင်း​ကြံ​တယ် ကြား​တယ်’’ဟု ရဲ​အုပ်​သိန်း​နိုင်​က ပြော​သည်။

အဆို​ပါ ကျောင်းသား​၏ ဈာ ပ​န​အခမ်းအနား​ကို လှိုင်​သာယာ မြို့​နယ် ထိန်​ပင်​သုသာန်​တွင် နိုဝင်ဘာ ၁​၉ ရက် မွန်း​လွဲ ၃ နာရီ​၌ ပြုလုပ်​မည်​ဖြစ်​ပြီး ၎င်း​၏ နေအိမ်​မှ ကား​များ မွန်း​လွဲ ၂ နာရီ​တွင် ထွက်​ခွာ​မည်​ဖြစ်​ကြောင်း ၎င်း​၏ မိသား​စု​ဝင်​များ​က ပြော​သည်။

သိပ္ပံ​နှင့် နည်း​ပညာ​ဝန်ကြီး ဌာန လက်အောက်​ရှိ နည်း​ပညာ တက္ကသိုလ်၊ ကော​လိပ်​များ​၏ ၂​၀​၁​၃-၁​၄ ပညာသင်​နှစ်​မေးခွန်း များ​ကို အရည်အသွေး​မြှင့်​၍ မေး ထား​သော​ကြောင့် နိုဝင်ဘာ ၁​၆ ရက်​က ထွက်​ရှိ​ခဲ့​သည့် အောင်​စာ ရင်း​တွင် အောင်​ချက်​များ​နည်းပါး ခဲ့​ပြီး ကျောင်းသား​များ မ​နစ်နာ​စေ ရန် B.E ဝင်​ခွင့်​စာ​မေး​ပွဲ​များ နှစ်စဉ်​ပြုလုပ်​ပေး​သွား မည်​ဖြစ်​ကြောင်း စက်​မှု​နှင့် သက်​မွေး​ပညာ​ဦးစီး​ဌာန​မှ သိ​ရ​သည်။

Credit to 7Day Daily