အောက်တိုဘာ ၂​၇ ရက်​က ငွေ​ကြး ဈေး​ကွက်​အတွင်း နိုင်ငံ​ခြား​ငွေ​လဲ​နှုန်း ကန်​တစ်ဒေါ်​လာ​လျှင် ဝယ်​ဈေး ကျပ် ၁,၀⁠၀​၀၊ ရောင်း​ဈေး ၁,၀⁠၀​၃ ကျပ်​အထိ မြင့်​တက် လာ​ခဲ့​သည်​ဟု နိုင်ငံ​ခြား​ငွေ​ကြေး ရောင်းဝယ်​သူ​များ​က ပြော​သည်။
နိုင်ငံ​တကာ​တွင် ကန်ဒေါ်​လာ ဝယ်​လို​အား မြင့်​တက်​မှု​နှင့် ရွှေ​ဈေး​ကျ​ဆင်း​မှု​ကြောင့် နိုင်ငံ​ခြား​ငွေ​လဲ​နှုန်း​သည် ယခင် တစ်​ပတ်​ထက် ၁​၀ ကျပ်​ခန့် ခုန်​တက်​ခဲ့​ခြင်း ဖြစ်​သည်။ တရားဝင် ဘဏ်​ငွေ​လဲ​ကောင်​တာ​များ​တွင် အောက်တိုဘာ ၂​၇ ရက်​က ဝယ်​ဈေး ၉⁠၉​၆-၉⁠၉​၇ ကျပ်၊ ရောင်း​ဈေး ၁,၀⁠၀​၄-၁,၀⁠၀​၅ ကျပ်​ဝန်းကျင် ဖြစ်ပေါ်​ခဲ့​ရာ ပြီး​ခဲ့​သည့်​သောကြာနေ့​က​ထက် လေး​ကျပ်​ခန့် မြင့်​တက်​ခဲ့​သည်။

ပြီး​ခဲ့​သည့်​တစ်​ပတ်​မှ​စတင်​ကာ ကန် ဒေါ်လာ​ငွေ​လဲ​နှုန်း တ​ရိပ်ရိပ်​စတင်​မြင့်​တက်​ခဲ့​ပြီး အောက်တိုဘာ ၂​၂ ရက် မွန်း​လွဲ​ပိုင်း​က ပြင်​ပ​ဈေး​ကွက်​အတွင်း ကန် တစ်ဒေါ်​လာ လျှင် ဝယ်​ဈေး ၉⁠၉​၅ ကျပ်၊ ရောင်း​ဈေး ၉⁠၉​၇ ကျပ်​ခန့် ဖြစ်ပေါ်​ခဲ့​သော ငွေ​လဲ​နှုန်း သည် အောက်တိုဘာ ၂​၇ ရက် မွန်း​လွဲ​ပိုင်း တွင် ဝယ်​ဈေး ကျပ် ၁,၀⁠၀​၀၊ ရောင်း​ဈေး ၁,၀⁠၀​၃ ကျပ်​အထိ ခုန်​တက်​လာ​ခဲ့​ခြင်း ဖြစ်​သည်။

ကန်ဒေါ်​လာ​သည် အခြား​ကမ္ဘာ့​အဓိက ငွေ​ကြေး​များ​နှင့် နှိုင်းယှဉ်​ပါ​က တန်ဖိုး​မြင့် တက်​လျက်​ရှိ​ပြီး နိုင်ငံ တကာ​ရွှေ​ဈေး​မှာ အောက်တိုဘာ ၂​၂ ရက်​တွင် တစ်​အောင်​စ လျှင် ကန်ဒေါ်​လာ ၁,၂​၄​၈ ရှိ​ရာ​မှ အောက် တို​ဘာ ၂​၇ ရက် မွန်း​လွဲ​ပိုင်း​တွင် ကန်ဒေါ် လာ ၁​၂​၃​၀ အထိ ပြန်လည်​ကျ​ဆင်း​ခဲ့​သည်။

“ဒေါ်​လာ​အဝယ်​များ​ပြီး ရွှေ​ဈေး​ကျ​လာ လို့​ပါ။ ရွှေ​ဈေး​က သောကြာနေ့​ဈေး​ထက် ကျပ် ၅,၀⁠၀​၀ လောက်ကျ လာ​တယ်။ ပို့​ကုန် Earning ဈေး​က​လည်း ၁,၀⁠၀​၆ ကျပ်​လောက် ဖြစ်​နေ​ပြီး အဆွဲ​များ​တယ်။ ဒီ​ရက်​ပိုင်း ဆက် တက်​ဦး​မယ်​ထင်​တယ်”ဟု ဗိုလ်​အောင်ကျော် လမ်း​အခြေ​စိုက် နိုင်ငံ​ခြား​ငွေ​ကြေး ရောင်းဝယ်​သူ တစ်​ဦး​က ပြော​သည်။

မြန်မာ​နိုင်ငံ​တွင် ဖြစ်ပေါ်​ခဲ့​ဖူး​သော အမြင့်​ဆုံး​ငွေ​လဲ​နှုန်း​မှာ ၂​၀⁠၀​၇ ခု​နှစ် ဇူလိုင် ၁ ရက်​တွင် ဖြစ်ပေါ်​ခဲ့​ပြီး ကန် တစ်ဒေါ်​လာ လျှင် ၁,၃​၆​၅ ကျပ် ဈေးနှုန်း​အထိ မြင့်​တက်​ခဲ့​သည်။

Credit to Mizzima