မျက်နှာ အဆီ​ပြန်​တတ်​သူ​တွေ နဲ့ ပေါင်း​စပ်​အသားအရေ (ခေါ်) နဖူး​အလယ် နှာခေါင်း၊ မေးစေ့ တွေ​မှာ အဆီ​ပြန်​တတ်​သူ​တွေ​ဟာ အမည်း​စက်​တွေ ထွက်​လေ့​ရှိ​ပါ တယ်။ အမည်း​စက်​လို့ ဆို​ပေ​မယ့် တကယ်​တမ်း​မှာ​တော့ ဝက်ခြံ​ဖြစ် ပြီး ၎င်း​ကို​ညှစ်​လိုက်​တဲ့​အခါ​အထဲ က အဖြူ​ရောင်​အဆန်​လေး​တွေ ထွက်​လာ​တာ​မျိုး​ပါ။ ထို​အမည်း စက်​တွေ​ကို နှာခေါင်း​ထိပ်​တစ် ဝိုက်​မှာ အများ​ဆုံး​တွေ့​ရ​ပြီး နှာ ခေါင်း​ဘေး​ကပ်​လျက်​ရှိ​သော ပါး ပေါ်​မှာ​လဲ​တွေ့​ရတတ်​ပါ​တယ်။ အောက်​နှုတ်ခမ်း​နဲ့ နီး​ကပ်​နေ​သော မေး​စေ့ပေါ်​မှာ​တော့​ကြာ​စူး​ကဲ့သို့ အဖု​ချွန်း⁠ချွန်း​လေး​တွေ ခပ်​ကျဲ​ကျဲ ထွက်​ပြီး​၎င်း​ကို​ကုတ်ခြစ်​ကြည့်​တဲ့ အခါ​မှာ​လဲ အဖြူ​ရောင်​အဆန် ထွက်​ရှိ​လာ​ပါ​တယ်။

ပျမ်းမျှ​အား​ဖြင့် အမျိုးသား​တွေ ထက်​အမျိုးသမီး​တွေ​မှာ​ပို​၍​အဖြစ် များ​ပြီး ဆယ်ကျော်​သက်​အရွယ်​က စ​လို့ ခု​လို​မျိုး​ထွက်​လာ​ကြ​တာ​ပါ။ သာမန်​ဝက်ခြံ​ဖု​တွေ​ဟာ အချိန်​တန် လို့ သူ့​အလိုလို မှည့်​သွား​တဲ့​အခါ အဖြူ​ရောင်​အဆန် သွေး​စ​သွေး​န​နဲ့ သားနံရည်​တွေ​ထွက်​လာ​ပေ​မယ့်၊ အမည်း​စက် တွေ​ကတော့ အဲ​ဒီ​လို မဟုတ်​ပါ​ဘူး။ ဒါ​ကြောင့် ၎င်း အမည်း​စက်​တွေ​ကို အထဲ​က​အဆန် ထွက်​လာ​ဖို့​ညှစ်​ပေး​ရ​မှာ​ပါ။ တချို့ သူ​တွေ​က ညှစ်​လိုက်​ရင်​ပွား​တတ် တယ်​ဆို​ကာ မ​ညှစ်​ရဲ​ဘဲ​ထား​ကြ ပါ​တယ်။ တကယ်​တမ်း​မှာ​တော့ အမည်း​စက်​တွေ​က​မ​ပွား​တတ်​ပါ ဘူး။ သို့သော်​အမြစ်​ပြတ်​တယ်​လို့ မ​ရှိ​ဘဲ အဆန်​တွေ​ထွက်​သွား​ပြီး နောက်​ရက်​အနည်းငယ်​အတွင်း​မှာ ပင်​နေရာ​ဟောင်း​မှာ​သူ့​အလိုလို​ပြန် ပေါ်လာ​လေ့​ရှိ​ပါ​တယ်။

အလှ​ကုန်​ဈေး​ကွက်​ထဲ​မှာ နှာ ခေါင်း​ကပ် (ကပ်​ခွာ)ပစ္စည်း​လေး တွေ၊ အမည်း​စက်​အတွက်​သီးခြား ဖန်တီး​ထား​တဲ့ scrub (ခေါ်)ဂျီး (ကြေး)တွန်း​သန့်စင်​ပစ္စည်း​လေး​တွေ ရ​နိုင်​သ​လို၊ အလှ​ပြင်​ဆိုင်​တွေ​မှာ လဲ မျက်​နှာပေါ်​က​အမည်း​စက် တွေ​ကို​ဆေး​သုံး​၍ ဖယ်ရှား​ပေး​နေ ပါ​တယ်။ အလှ​ပြင်​ဆိုင်​သို့ တ​ကူး တ​က သွား​နေ​စရာ​မ​လို​ဘဲ မိမိ​အိမ် မှာ​ပင်​ရိုး​ရှင်း​လွယ်ကူ​တဲ့​နည်း​လမ်း လေး​တွေ​သုံး​ပြီး ဘေး​ဥ​ပါဒ်​မ​ဖြစ် စေ​ဘဲ​အမည်း​စက်​တွေ​ကို​ဖယ်ရှား လို့​ရ​ပါ​တယ်။ သို့သော်​သန့်ရှင်း​မှု နဲ့​အတူ ဇွဲ​ရှိ​ဖို့​တော့ လို​ပါ​တယ်။ ဦးစွာ​ည​အိပ်ရာ​ဝင်​ခါ​နီး မျက် နှာ​သစ်​ပြီး​နောက် အမည်း​စက် တွေ​ကို လက်​သန့်သန့်​ဖြင့်​ညှစ် ထုတ်​ပါ။(ဝက်ခြံ​ညှစ်​ကိရိယာ​ကို သုံး​နိုင်သော်​လည်း နောင်​တစ် ကြိမ်​ပြန်​သုံး​ဖို့​အတွက် ထို​ကိရိယာ ကို သန့်ရှင်း​စင်ကြယ်​နေ​ပါ​စေ။)

ပြီး​ရင် Foaming Cleanser ပါ​တဲ့ Oil Free (ခေါ်)အဆီ​ပြန်​သူ​တွေ အတွက် သီး​သန့်​ထုတ်​လုပ်​ထား သော မျက်နှာသစ်​ဆပ်ပြာ​ဖြင့်​စင် ကြယ်​အောင်​ထပ်မံ​၍ မျက်နှာ သစ်​ပြီး​နောက် မိမိ​အဆင်​ပြေ​ရာ အောက်​ပါ​နည်း တစ်​ခု⁠ခု​ကို​သုံး​ပါ။

(၁) ခရမ်း​ချဉ်​သီး​ကို အလယ် က ထက်ခြမ်း​ခြမ်း၊ အစေ့​ထုတ်​၍ ထို​ခရမ်း​ချဉ်​သီး​အသား​နှင့်​နှာခေါင်း ထိပ်​ကို​ပွတ်​ပေး​ပါ။ မိ​နစ် ၂​ဝ ခန့် အကြာ​မှာ ရေ​အေး​ဖြင့်​မျက်နှာသစ် ပေး​ပါ။ (ရေခဲ​ရည်​မဟုတ်​ပါ။)

(၂) နှာခေါင်း​ထိပ်​ပိုင်း၊ မေး​စိ နှင့်​နှာတံ​ဘေး​မှ​ပါး​နှစ်​ဖက်ပေါ်​သို့ ရှားစောင်း​လက်​ပပ်​ဂျယ်​လီ (အနှစ် သား)ဖြင့်​လိမ်း​ပွတ်​ပေး​ပါ။ ၁​၅ မိ​နစ်​ခန့်​အကြာ မျက်နှာ​ကို ရေ​အေး ဖြင့် သန့်စင်​ပေး​ပါ။ (ရေခဲ​ရည် မဟုတ်​ပါ။)

(၃) နှင်းဆီ​ရည်​ဖြင့် မျက်နှာ သစ်​ပေး​နိုင်​ပါ​တယ်။ Rose Water (ခေါ်)နှင်းဆီ​ရည်​ကို အလှ​ကုန် ပစ္စည်း​ဆိုင်​တွေ​မှာ ဝယ်​ယူ​ရ​ရှိ​နိုင် ပါ​တယ်။

(၄) ဆားရည်​မ​ပျစ်​မ​ကျဲဖျော် ၍ အမည်း​စက်​များ​တွေပေါ်​ကို သာ​လိမ်း​ပွတ်​ပေး​ပါ။ ၁​၅​မိ​နစ်​ခန့် အကြာ​မျက်နှာ​ကို ရေ​အေး​ဖြင့်​သန့် စင်​ပေး​ပါ။ ဒီ​နည်း​က​အရေ​ပြားပေါ် က ဆဲလ်​အသေ​တွေ​ကို ထိ​ရောက် စွာ​ဖယ်ရှား​ပေး​နိုင်​ပါ​တယ်။(ရေခဲ ရည်​မ​သုံး​ရ)

(၅) ပဝါ​သန့်သန့်​ကို ရေနွေး ဖြူ​စိမ်​ကာ​အရည်​ညှစ်​၍​ထို​အမည်း စက်​တွေပေါ် ခေတ္တ​အုပ်​ထား​ပေး ပါ။ ဒီ​နည်း​က​ချွေး​ပေါက်​ပွင့်​ကျယ် လာ​ပြီး​တော့ အမည်း​စက်​တွေ​ကို အလွယ်​တ​ကူ​ညှစ်​ထုတ်​လို့​ရ​ပါ တယ်။ (အရမ်း​ပူ​သော​ရေနွေး​ကို မ​ဆိုလို​ပါ။)

(၆) သံပ​ရာ​ရည်​နဲ့ သစ်ကြံပိုး ခေါက်​မှုန့်​တို့​ကို ဆတူ​ရော​ပြီး​ည အိပ်ရာ​ဝင်​ခါ​နီး အမည်း​စက်​တွေ ပေါ်​လိမ်း​ပါ။ တစ်​ည​လုံး​လိမ်း အိပ်​ပြီး​နောက် နံနက်​အိပ်ရာ​ထ မျက်နှာသစ်​ပေး​နိုင်​ပါ​တယ်။

မှတ်ချက် (က) အထက်ဖော်​ပြ​ပါ​မည် သည့် နည်း​ကို​ပဲ​သုံး​သုံး၊ လက်​ကို စင်ကြယ်​စွာ ဆေးကြော​ပြီး​မှ​သာ မျက်နှာ​ကို​ကိုင်တွယ်​ရ​မှာ​ပါ။

(ခ) အမည်း​စက်​တွေ​ကို ကြမ်း​ကြမ်း တမ်း​တမ်း ကုတ်ဖဲ့​ခြစ်​ထုတ်​ခြင်း မ​ပြု​ရ၊ မျက်နှာ​အသားအရေ ဒဏ် ရာ​ဖြစ်​သွား​နိုင်​လို့​ပါ။

(ဂ) အမည်း စက်​တွေ​ညှစ်​ပြီး​နောက် မိတ်​ကပ်၊ ကရင်​ပပ်ဖ်​တွေ ချက်ချင်း မ​လိမ်း သင့်​ပါ​ဘူး။ အလှ​ပြင်​ပစ္စည်း​တွေ​မှာ ပါ​တဲ့ အဆီ​ဓာတ်​တွေ ဝက်ခြံ ပေါက်​ထဲ​ကို​စိမ့်​ဝင်​ရောက်​သွား​ပြီး ပြည်တည်​ဝက်ခြံ​ဖြစ်​သွား​နိုင်​သ​လို၊ နောက်ထပ်​အဆန်​ပြည့်​အမည်း​စက် တွေ​လဲ ချက်ချင်း​ဆို​သ​လို ပြန် ပေါ်လာ​နိုင်​ပါ​တယ်။

(ဃ) တစ်​နေ့ တာ​လုံး လိမ်းကျံ​ထား​တဲ့ မိတ်​ကပ် နဲ့ အလှ​အပ​တွေ​ကို ကုန်စင်​အောင် ဆေးကြော​သန့်စင်​ဖို့​ကတော့ သင့်​ရဲ့ သမိုင်း​ပေး​တာဝန်​ပဲ ဖြစ်​ပါ​တယ်။

(င) ဆိုး​ဆိုးရွား​ရွား​အမည်း စက် ထွက်​သူ​တွေ​အနေ​နဲ့ အလှ​ပြင်​ဆိုင် တွေ​မှာ ်​ခ​မက​ဘ ကြေး​ချွတ်​ခြင်း​ကို တစ်​လ​တစ်​ကြိမ် မှန်⁠မှန်​လုပ်​ပေး​ဖို့ လို​ပါပ်ြီ။ အလှ​အပ မြတ်နိုး​သူ​တိုင်း လှ သ​ထက်​လှ​နိုင်​ကြ​ပါ​စေ​ရှင်။

Credit to ပေါက်​ပေါက်