ဒီ​နာ(ပူ​စီ​နံ)ကို ဟိုး​နှစ်​ပေါင်း​များ​စွာ​ကတည်းက ဆေးဖော်​စပ်​ရာ​တွင်​လည်းကောင်း၊ ဟင်း​ချက်​ရာ​တွင်​လည်းကောင်း၊ လန်း​ဆန်း​စေ သည့် ဖျော်​ရည်​ပြုလုပ်​ရာ​တွင် လည်းကောင်း သုံးစွဲ​ခဲ့​ကြ​ပြီး အာ​ရှ​မှ ဥ​ရော​ပ​တစ်​လွှား​ထိ တွင်ကျယ်​စွာ အသုံးပြု​ကြ​ပါ တယ်။

ပူ​ဒီ​နာ​ရွက်​မှာ ဗီတာမင်​အေ၊ ဘီ ၆၊ စီ၊ အီး၊ ကေ စ​တဲ့ ဗီ​တာ မင်​တွေ​အပြင် ထုံး​ဓာတ်၊ သံ ဓာတ်၊ ပို​တက်​ဆီ​ယမ်၊ မဂ္ဂ​နီ​ဆီ ယမ်​နဲ့ မဂ္ဂ​နိစ်​စ​တဲ့ သတ္တု​ဓာတ် တွေ​လည်း ကြွယ်​ဝ​တာ​ကြောင့် ဆေး​ဖက်​ဝင်​တဲ့ ပူ​ဒီ​နာ​နဲ့​ပတ် သက်​ပြီး မ​သိ​မ​ဖြစ်​တဲ့ ကောင်း ကျိုး​တွေ​ကို မျှဝေ​ပေးလိုက်​ပါ တယ်။

ပူ​ဒီ​နာ​ရဲ့ အရေး​အပါ​ဆုံး ကောင်းကျိုး​တွေ​ထဲ​က တစ်​ခု​က တော့ အစာ​ခြေ​အဂ ၤါ​အဖွဲ့​အစည်း ကို ထောက်​ကူ​ပေး​ပြီး ကောင်း​စွာ အစာ​ကြေညက်​စေ​ပါ​တယ်။ နောက်​ပြီး ကလေး၊ လူကြီး​မ​ရွေး ဖြစ်ပွား​တတ်​တဲ့ ဗိုက်​နာ​ပြီး မ​အီ မသာ​ဖြစ်​တာ​တွေ​ကို​လည်း သက် သာ​ပျောက်ကင်း​စေ​ပါ​တယ်။

နောက်​ပြီး ရင်ကျပ်​တာ​နဲ့ အသက်ရှူ​လမ်းကြောင်း​ဆိုင်​ရာ ရောဂါ​တွေ​ကို​လည်း ပူ​ဒီ​နာ​ရနံ့​နဲ့ ပျောက်ကင်း​စေ​ပြီး နှာခေါင်း​ပိတ် ရင် ပူ​ဒီ​နာ​လေး၊ ငါး​ရွက်​ကို ရေနွေး ဆူ⁠ဆူ​ထဲ​ထည့်​ပြီး အငွေ့​ရှူ​ပေး​ရင် သက်သာ​စေ​ပါ​တယ်။ သွေး​ပေါင် ကျ​တတ်​တဲ့ သူ​တွေ​အတွက် ပူ​ဒီ နာ​က သဘာ၀​ဆေးဝါး​ဖြစ်​ပြီး ပုံ​မှန်​သွေး​ပေါင်​ရှိ​နေ​အောင် ထိန်း ပေး​နိုင်​ပါ​တယ်။ ဝက်ခြံ​တို့၊ အင်း​စက်​ပိုးမွှား​ကိုက်​ခံ​ရ​တာ​တို့၊ အရေ​ပြား​ယားယံ​တာ​တို့ ဖြစ်​ရင်​လည်း ပူ​ဒီ​နာ​ရွက်​ကို ကြိတ်​ခြေ​ပြီး ပွတ်​ပေး​နိုင်​ပါ​တယ်။ ဒါ​မှ​မဟုတ် ပူ​ဒီ​နာ​ရွက်​ကို အရည်​ညှစ်​ပြီး အရေ​ပြား​သန့်စင်​ပေး​နိုင်​ပါ​သေး​တယ်။

ခံတွင်း​အနံ့ အသက်​ပျောက် ဖို့​အတွက်​လည်း ပူ​ဒီ​နာ​က အ ကောင်း​ဆုံး သဘာ၀​ဆေး​ဖြစ်​တာ ကြောင့် ပူ​ဒီ​နာ​ရွက်​ကို သွား​တိုက် ဆေး၊ ခံတွင်း​သန့်စင်​ဆေး​ရည်၊ ခံတွင်း​အနံ့​မွှေး​စ​ပ​ရေး​ထုတ်​ရာ မှာ သုံး​တဲ့​အပြင် ပူ​ဒီ​နာ​ရွက် ခြောက်​ကို အမှုန့်​လုပ်​ပြီး သွား​ဖြူ ဆေး​အဖြစ်​လည်း သုံး​နိုင်​ပါ​သေး တယ်။

ပူ​ဒီ​နာ​ရွက်​က ကြွက်သား နာကျင်​တာ၊ ဗိုက်​အောင့်​တာ၊ ခေါင်း​ကိုက်​တာ​တွေ​ကို​လည်း သက်သာ​စေ​တဲ့​အပြင် မူးမော်​ပြီး ပျို့အန်​ချင်​ပါ​က​လည်း အရွက် ကို ကြိတ်​ခြေ​ရှူ​ရှိုက်​ပေး​ရင် သက် သာ​ပျောက်ကင်း​ပါ​တယ်။ အရေး ကြီး​ဆုံး​အချက်​က ပူ​ဒီ​နာ​မှာ​ပါ​တဲ့ မင်သော်​က ကင်​ဆာ​ရောဂါ​အ မျိုး⁠မျိုး​ကို ကာ​ကွယ်​နိုင်​တာ​ပဲ ဖြစ် ပါ​တယ်။ စိတ်​ဖိစီး​မှု​များ​ရင်​လည်း ရေနွေး​ကြမ်း​ထဲ​ကို ပူ​ဒီ​နာ​ရွက်​အ နည်း​ငယ်​ထည့်​ပြီး သောက်​ပေး ရင် စိတ်​ကြည်လင်​လန်း​ဆန်း​ပြီး မှတ်ဉာဏ်​ကို​လည်း တိုးတက်​စေ ပါ​တယ်။

Credit to 7Day Daily