က​နေ​ဒါ​နိုင်ငံ​ကို​အမြန်​သွား​ပြီး အဲ့​ဒီ​မှာ​နေ​ပြီး​အလုပ်​လုပ်​ချင်​ပါ​သလား။ သင်​က​သာ ကျွမ်းကျင်​လုပ်သား​ဆို​ရင် သင့်​အတွက် သတင်းကောင်း​တစ်​ခု​ရှိ​ပါ​တယ်။ ၂​၀​၁​၅​ခု​နှစ် ဇန်နဝါရီ​လ​၁​ရက်​နေ့​မှာ က​နေ​ဒါ​နိုင်ငံ​ရဲ့​လူ​ဝင်​မှု​ကြီးကြပ်​ရေး​နှင့် နိုင်ငံသား​ဆိုင်​ရာ​ဝန်ကြီး Chris Alexander မှ Express Entry ဆို​တဲ့​စနစ်​တစ်​ခု​ကို စတင်​လိုက်​ပါ​တယ်။ အဆို​ပါ​စနစ်​သစ်​ဟာ​ဆို​ရင် က​နေ​ဒါ​နိုင်ငံ​မှာ​အောင်မြင်​မှု​ရ​ချင်​တဲ့ အရည်အချင်း​ရှိ​သူ​တွေ​ကို တိုင်း​ပြည်​ထဲ အရင်​က​ထပ်​ပို​မြန်⁠မြန်​ဝင်​လာ​နိုင်​အောင် စီစဉ်​ထား​တာ​ဖြစ်​ပါ​တယ်။ က​နေ​ဒါ​နိုင်ငံ​ဟာ ၂​၀​၁​၅​ခု​နှစ်​အတွင်း​မှာ အမြဲ​တမ်း​နေထိုင်​ခွင့် ၂​၆​၀⁠၀​၀​ဝ​မှ​၂​၈​၅​၀⁠၀​၀ အတွင်း​ချ​ပေး​မှာ​ဖြစ်​ပါ​တယ်။

ပိုမို​သိရှိ​လို​ပါ​က
Credit to Ko Nyi Nyi (Taunggyi)