ပါ​ဝါ​အိတ်​ဇော​တပ်​ဆင်​ထား​သည့်​ကား​များ​ကို အရှိန်​မြှင့် ဖမ်းဆီး​နေ​၍ ပြိုင်​ကား​ဝါသနာ​ရှင်​များ စုစည်း​ထား​သည့် MMSA အဖွဲ့​က ၎င်း​၏​အဖွဲ့​ဝင်​ကား​များ​ကို ည​ဘက်​အပြင်​မ​ထွက်​ရန် ညွှန်​ကြား​ထား​ကြောင်း သ​တင်း ရ​ရှိ​သည်။

ယခု​လက်​ရှိ​ဖမ်းဆီး​နေ​သည့် ကား​များ​တွင် ပြိုင်​ကား​ပါဝင်​မှု နည်းပါး​ပြီး ပြင်​ပ​ကား​များ​က ပါ​ဝါ​အိတ်​ဇော​များ တပ်​ဆင်​မောင်း​နှင်​ခြင်း​ဖြစ်​ကြောင်း MMSA တာဝန်ရှိ​သူ ကို​မျိုး​ဟန်​က​ပြော​သည်။

စတင်​ဖမ်းဆီး​သည့် ဒီဇင်ဘာ​၆ ရက်​မှာ​ပင် ပြိုင်​ကား​သုံး​စီး​နှင့် ပါ​ဝါ​အိတ်​ဇော တပ်​ဆင် မောင်း​နှင်​နေ​သည့် အခြား​ကား ၁​၄ စီး​ကို ဖမ်းဆီး​ခဲ့​ကြောင်း ရန်ကုန်တိုင်း​ဒေသ​ကြီး ရဲ​တပ်ဖွဲ့​က သ​တင်း​ထုတ်​ပြန်​သည်။

ကား​များ​၌ တပ်​ဆင်​ထား​သည့် ပါ​ဝါ​အိတ်​ဇော​အသံ​မှာ အများ​ပြည်​သူ​ကို စိတ်​အနှောင့်​အယှက်​ဖြစ်​စေ​ပြီး တရား​ဥပဒေ စိုး​မိုး​ရေး​ကို ထိခိုက်​လာ​နိုင်​သော​ကြောင့် စီမံ​ချက်​ချ​ကာ အရေးယူ​ဆောင်ရွက်​ခြင်း​ဖြစ်​ကြောင်း ရဲ တပ်ဖွဲ့​က​ပြော​သည်။

နောက်​ပိုင်း​တွင် ပါ​ဝါ​အိတ်​ဇော​တပ်​ဆင်​ပေး​သည့် ကား​ဆား​ဗစ်​ဆိုင်​များ​ကို​ပါ စစ်ဆေး​ဖမ်းဆီး​မှု​များ​ပြုလုပ်​ရန် စီစဉ်​နေ​သည်​ဟု ကြားသိ​ထား​ကြောင်း ပြိုင်​ကား မောင်း​နှင်​သူ လူ​ငယ်​တစ်​ဦး​က​ဆို သည်။

၂​၀​၁​၄ နှစ်​စ​တွင်​လည်း အရှိန်​ပြင်း မောင်း​နှင်​သည့် ပြိုင်​ကား​များ​ကို ယာဉ်​ထိန်း​ရဲ၊ မြို့​နယ် ရဲ​တပ်ဖွဲ့​တို့​က စီမံ​ချက်​ချ အရေးယူ​မှု​များ​ပြုလုပ်​ခဲ့​ပြီး ပြိုင်​ကား​မောင်း​နှင်​သူ​အချို့​က​လည်း ယာဉ်​ထိန်း​တပ်ဖွဲ့​နှင့်​ပူးပေါင်း​၍ လုပ်ဆောင်​ခဲ့​ဖူး​သည်။

MMSA အဖွဲ့​မှာ ရန်ကုန်မြို့ မှ​ပြိုင်​ကား​ကလပ်​များ​ကို စုစည်း တည်ထောင်​ထား​သည့် အဖွဲ့ အစည်း​တစ်​ခု​ဖြစ်​ပြီး ပြိုင်​ကား​ကို လမ်း​မပေါ်​တွင် မောင်း​နှင်​ခြင်း​ထက် ပြိုင်​ကား​ကွင်း​များ​၌ ပြိုင်​ပွဲ​များ​ပြုလုပ်​၍ အား​ကစား​တစ်​ခု​အဖြစ် ပေါ်ထွက်​လာ​စေ​ရန် စုစည်း​ထား​သည့် အသင်း​တစ်​သင်း​ဖြစ်​သည်။

Credit to 7Day Daily