စင်္ကာ​ပူ မာ​ရီ​နာ​ပင်​လယ်အော် သောင်​စခန်း (Marina bay Sands) စား​သောက်​တန်း က ကြက်​ဆီ​ထမင်းဆိုင် မှာ ပိုးဟပ်​ကလေး (၅) ကောင်​တွေ့​တာ စင်္ကာ​ပူ အမျိုးသား သ​ဘာ​ဝ ပတ်ဝန်းကျင် ထိန်းသိမ်း​ရေး အဖွဲ့​အစည်း (National Environment Agency – NEA) က ပုဂ္ဂိုလ်​တွေ ပျား​တုပ်​နေ​ကြ​တယ်။ ဆိုင်ရှင်​လည်း ဒဏ်​ရိုက်​ခံ​ရ၊ စား​သောက်​တန်း​ကို​လည်း ခဏ​ပိတ်​ပြီး ရောဂါ​ပိုးမွှား​နှိမ်​နင်း​ရေး စစ်​ပွဲ​ကြီး ကို တပ်​ထောင်​ကာ ဗိုလ်​ထု နဲ့ လူစု​ပြီး လုပ်​ကြ​သပေါ့​လေ။

စင်္ကာ​ပူ ရုပ်​သံ Channel News Asia က​လည်း ကင်​မ​ရာ​ကြီး​တွေ တကား​ကား နဲ့ ပိုးဟပ်​ကလေး တ​ကောင် တ​လေ ရိုက်​ပြ​လို့ ရ​လို​ရ​ငြား မီး​တွေ ထိုး​ရှာ​လို့။

တကယ်​တမ်း​ပြော​ရ​ရင်​တော့ ဒါ​က အမေ​ဇုံ​တော​ထဲ​က လိပ်ပြာတောင်​ပံ ခတ်​သံကလေး​သာ ဖြစ်​ပါ​တယ်။ နောက်ဆက်တွဲ ကျ​မယ့် မုန်တိုင်း​ကို မျှော်​ရင်​တော့ ဒါ​ဟာ ရွှေ​ဗမာ တွေ​အတွက် သတင်းကောင်း​ပဲ​လို့ ရုံး​က စလုံး​မိတ်ဆွေ တွေ ရဲ့ မှတ်ချက်​တွေ​ကြား အပြီး​မှာ သိမှတ်​ထား​လိုက်​ရ​ပါ​တယ်။ ပိုးဟပ် …

ဒီ​မှာ ပိုးကောင် မွှား​ကောင်​တွေ နှိမ်​နင်း​တာ၊ ပန်းခြံ မြက်ခင်း​ပြင်​တွေ​ကို စောင့်ရှောက်​တာ၊ အပန်း​ဖြေ နေရာ​တွေ ကို ဖန်တီး​ပြုပြင်​တာ စ​တဲ့ အလုပ်​တွေ​ကို သက်ဆိုင်​ရာ မြို့​ကောင်​စီ အဖွဲ့ တွေ​က​နေ ပြည်​သူ့​ငွေ နဲ့ စီမံ ခန့်​ခွဲ​ပြီး လုပ်ကိုင်​ခွင့်​တွေ ချထား​ပေး​တာ ဖြစ်​ပါ​တယ်။ ပိုးမွှား​ထိန်း​ချုပ်​နှိမ်​နင်း​ရေး​ဘက် မှာ ဗမာ တွေ များ​ပြီး မြေ​ယာ​ပြု ပြင်​တဲ့ အပိုင်း​မှာ ကုလား များ ပါ​တယ်။

အစိုးရ အာဏာ နဲ့ ချ​ပေး​တဲ့ အလုပ်​တွေ ဖြစ်​တဲ့ အားလျော်စွာ ဗမာ​ပြည်​က လို​မျိူ း ဝါဒ​ဖြန် လူ​အင်အား​လို​နေ​ရင် ကုမ္ပဏီ ပိုင်​ရှင်​တွေ​က သူ့​အလုပ်​သမား​တွေ သုံး​ပြီး တ​တပ်​တ​အား ပါဝင်​ကူညီ​လေ့​ရှိ​ပါ​တယ်။ စလုံး​မှာ​လည်း ရှိ​ပါ​တယ်။ စင်​ကာ​ပူ​ရောက် စွမ်းအား​ရှင်​လေး​တွေ ပေါ့နော့်..။

မနှစ်​ကတော့ အတိုက်​အခံ အလုပ်​သမား ပါ​တီ (WP) က မြို့​ကောင်​စီ တွေ ရဲ့ ဘဏ္ဍာ​ငွေ ခွဲဝေ​သုံးစွဲ​မှု​ကို မေးခွန်း​တွေ ထုတ်​ပြီး အသား​ပေး ပြောဆို​လာ​တာ​နဲ့ အစိုးရ​က နည်း​နည်း ကျပ်​လိုက်​တာ ပိုးမွှား​ထိန်း​ချုပ်​ရေး​ဘက်​မှာ အလုပ်​လုပ်​နေ​တဲ့ ကျနော်​တို့ ရွှေ တော်တော်​များ​များ အလယ်​အလတ်​တန်း ကျွမ်းကျင် နိုင်ငံ​ခြား​သား အလုပ်​လုပ်​ခွင့် (S pass) သက်​တမ်း​တိုး​မ​ရ​ဘဲ အခက်​အခဲ ဖြစ်​ကြ​ပါ​တယ် ။ ဟော ခု လှည့်​ကွက်​ကလေး​က တ​ပတ်လည်​လာ​ပါ​ပြီ။

မာ​ရီ​နာ သောင်​ကမ်း အပန်း​ဖြေ​စခန်း​ရာ​လို နေရာ​မျိုး​မှာ​တောင်​မှ ပိုးဟပ်​တွေ့​ရသ​လား ဆို​ပြီး အခု ဆွေးနွေး​ပွဲ ဖို​ရမ်​တွေ​မှာ မေးခွန်းထုတ်​နေ​ကြ​တယ် ဆို​ပဲ။ ဖိ​ဖိစီး​စီး ပြန်​လုပ်​ဖို့ NEA က​နေ ဖိ​အား​တွေ ပေး​နေ​ပြီ​တဲ့။ အနည်း​ဆုံး ရာဂ​ဏန်း​လောက်​တော့ ရွှေ​တွေ အလုပ်အကိုင် ရ​ကြ ဦး​တော့​မှာ​ပေါ့။

နောက်​များ​မ​ကြာ​ခင် ရွေး​ကောက်​ပွဲ စနစ် နဲ့ သွား​တော့​မယ် ဆို​တဲ့ ရန်ကုန် စည်ပင်​သာယာ​ရေး မြူ​နီ​စီ​ပယ် ဝင်​ချင်​တဲ့ ဝန်ကြီး ဝန်လေး​တွေ စင်္ကာ​ပူ​ကို​လာ​ပြီး လေ့​လာ​အတု​ယူ​စေ​ချင်​လှ​တယ်။

ကန်​ထ​ရိုက်၊ တင်​ဒါ အစ​ရှိ​တဲ့ ပြည်​သူ့​ငွေ စီမံ ခန့်​ခွဲ​မှု မှာ အစိုးရ အလိုက် နဲ့ ပြည်​သူ့ အကြိုက် ကြား​ချ​ပြီး ငွေ အလေအလွင့် မ​ရှိ​ရအောင် ဘယ်​လို​စီမံ အုပ်ချုပ်​ကြ​တယ်​ဆို​တာ​လေး​များ မြင်​ဖူး​ရအောင်။ ဧ​ဟိ​ပ​ဿိ​ကော လက်တွေ့​စမ်းသပ် လှည့်​ပါ လို့ ဖိတ်ခေါ်​ပါ​တယ်။

Credit ဖိုး​စီ (ရုံး​တော)
Credit to Moemaka