လက်​ပံ​တောင်း​တောင် ကြေးနီ​စီမံ​ကိန်း​မှ တရုတ်​နိုင်ငံ သား​နှစ်​ဦး​နှင့် မြန်မာ​ဝမ်​ပေါင် ကုမ္ပဏီ ယာဉ်​မောင်း​တစ်​ဦး​ကို ဖမ်းဆီး​ချုပ်​နှောင်​မှု​တွင် ပါဝင် သည်​ဟု စွပ်စွဲ​ချက်​ဖြင့် အမှု​ရင် ဆိုင်​နေ​ရ​သော ဗ.က.သ ကျောင်း သူ မ​ဖြူ​နှင်း​ထွေး​အား အောက် တို​ဘာ ၁​၅ ရက်​က ယင်း​မာ​ပင် ခ​ရိုင်​တရားရုံး​၌ ပဉ္စမ​မြောက် ရုံး ထုတ်​စစ်ဆေး​ချိန် စွဲချက်​မ​တင် မီ​တရားလို​က အမှု​ရုပ်သိမ်း​၍ တရား​ရှင် လွှတ်လိုက်​ကြောင်း သတင်းရ​ရှိ​သည်။

‘‘အဓိက တရားလို​ဦး​လှ​စိန် က ရုံးတော်​က စွဲချက်​မ​တင်​မီ​အမှု ကို ကျေ​အေး​ရုပ်သိမ်း​ပေး​တယ်။ မြို့​နယ်​ရဲ​တပ်ဖွဲ့​မှူး​က​လည်း ဒီ​အ မှု​နဲ့​ပတ်သက်​ပြီး ကန့်ကွက်​ရန်​မ​ရှိ ပါ​လို့ တင်ပြ​တယ်။ ဥပဒေ​တာဝန် ရှိ​သူ​တွေ​က​လည်း အမှု​ကျေ​အေး ရုပ်သိမ်း​ပေး​မှု​ကို ထောက်ခံ​ပေး လိုက်​တယ်။ စွဲချက်​မ​တင်​မီ တရား ရှင်​လွှတ်လိုက်​တဲ့​အတွက် ဒီ​နေ့ နေ့လယ် ၂ နာရီ​ခွဲခန့်​မှာ လွှတ်​ပေးလိုက်​တာ​ပါ’’ဟု မ​ဖြူ​နှင်း​ထွေး​၏ အမှု​အား စောင့်​ကြည့်​လေ့​လာ​သူ ယင်း​မာ​ပင်​မြို့​ဒေသ​ခံ ရှေ့နေ ဦး​နန္ဒဇော်​က ပြော​ကြား​ခဲ့​သည်။

အဆို​ပါ​အမှု​တွင် တရားလို ဖြစ်​သူ မြန်မာ​ဝမ်​ပေါင်​ကုမ္ပဏီ လက်​ပံ​တောင်း​တောင် ကြေးနီ​စီမံ ကိန်း တာဝန်​ခံ ဦး​လှ​စိန်​က တရုတ်-မြန်မာ​နှစ်​နိုင်ငံ​ချစ်​ကြည် ရေး​ကို ရှေး​ရှု​၍​လည်းကောင်း၊ မ​ဖြူ​နှင်း​ထွေး​သည် အသက်​ငယ် ရွယ်​သော မိန်း​ကလေး​တစ်​ဦး​ဖြစ် ပြီး တက္ကသိုလ်​ကျောင်း​သူ​တစ်​ဦး အဖြစ် ထောက်ထား​၍​လည်း ကောင်း၊ တရုတ်​နိုင်ငံသား နှစ်​ဦး အား ဖမ်းဆီး​စဉ်​က​ပါဝင်​ခဲ့​သော ဒေသ​ခံ​ကျေးရွာ​သား ငါး​ဦး​အား အမှု​ရုပ်သိမ်း​ခဲ့​သ​ဖြင့် ယခု​အမှု​ကို ပါ ရုပ်သိမ်း​ပေး​ခြင်း​ဖြစ်​ကြောင်း တိုင်း​ဒေသ​ကြီး​အစိုးရ​က ဒေသ​ခံ ကျေးရွာ​သား​များ​၏ အကျိုးစီးပွား ရေး​မ​ယုတ်လျော့​စေ​ရန် ညှိနှိုင်း​ဖြေ​လျော့​မှု​များ ဆောင်ရွက်​ခဲ့​ခြင်း ကြောင့် မ​ဖြူ​နှင်း​ထွေး​အား အမှု​မှ ရုပ်သိမ်း​ကျေ​အေး​ပေး​ရန် ယင်း မာ​ပင်​ခ​ရိုင်​တရား​ရုံးတော်​သို့ တင် ပြ​ခဲ့​ခြင်း​ဖြစ်​ကြောင်း သိရှိ​ရ​သည်။

Credit to 7Day Daily