ဗုဒ္ဓ​ရုပ်​ပွားတော်​ကို နား​ကြပ်​တပ်​ထား​သော ပုံ​ဖြင့် ကြော် ငြာ​ခြင်း​ကြောင့် ဖမ်းဆီး​ခံ​ရ​သည့် VGastro Bar ဆိုင်​မှ တာဝန်ရှိ​သူ သုံး​ဦး​အား ဒီဇင်ဘာ ၁​၁ ရက်​တွင် စတင်​ရုံး​ထုတ်​စစ်ဆေး​ခဲ့​ပြီး အာမ ခံ​မ​ပေး​ကြောင်း ဗ​ဟန်း​မြို့​နယ် တရားသူကြီး​က ပြော​သည်။

ဘား​ဆိုင်​ကို ဗုဒ္ဓ​ရုပ်​ပွားတော်​ပုံ​ဖြင့် ကြော်ငြာ​သည့် VGa-stro Bar ဆိုင်​မှ ဆိုင်​ပိုင်​ရှင် ဦး​ထွန်း​သူ​ရိန်၊ မန်နေဂျာ​ထွဋ်​ကို⁠ကို​လွင်​နှင့် အထွေ​ထွေ​မန်နေဂျာ န​ယူး​ဇီ​လန်​နိုင်ငံသား ဖီး​လစ်​တို့​ကို ဒီဇင်ဘာ ၁​၁ ရက် မွန်း​လွဲ ၁ နာရီ​က ဘာသာ​သာသနာ​ညှိုးနွမ်း​စေ​မှု ပုဒ်မ ၂​၉​၅၊ ၂​၉​၅ (က) ဖြင့် တရားစွဲဆို​ခဲ့​ခြင်း ဖြစ်​သည်။

၎င်း​တို့​အား ရုံး​ထုတ်​စစ်ဆေး​မှု​ကို စောင့်​ကြည့်​ရန် အမျိုး​ဘာသာ သာသနာ​စောင့်ရှောက်​ရေး​မှ ရဟန်း​သံ​ဃာတော်​အပါး ၃​၀ ကျော်​နှင့် လူ​ပုဂ္ဂိုလ်​များ စုစုပေါင်း ၅​၀ ခန့်​က ဗ​ဟန်း​မြို့​နယ် တရားရုံး​သို့ လာ​ရောက်​၍ စောင့်​ကြည့်​ခဲ့​ကြ​သည်။

တရားစွဲဆို​ခံ​ရ​သည့် သုံး​ဦး ကို ဗ​ဟန်း​မြို့​နယ် တရားသူကြီး က ဒီဇင်ဘာ ၁​၈ ရက်​တွင် ထပ်မံ ရုံး​ချိန်း​လိုက်​သည်။ မြို့​နယ်​တရား သူကြီး​က ၎င်း​တို့​ကို အာမခံ​ရ​ရှိ မည်​မဟုတ်​ဟု ပြောဆို​လိုက်​ပြီး ရှေ့နေ​ငှားရမ်း​ခွင့်​ရှိ​သည်​ဟု တ ရား​ခွင်​တွင် ပြော​ကြား​ခဲ့​သည်။ ဒီဇင်ဘာ ၁​၈ ရက် ရုံး​ချိန်း​၌ တရားလို​သက်သေ​များ​ကို စတင်​စစ်ဆေး​မည်​ဖြစ်​ကြောင်း မြို့​နယ်​တရားသူကြီး​က ပြော​သည်။

‘‘ဘုရား​ပုံ​ကို အရက်​ဘား ဆိုင်​မှာကြော်​ငြာ​လိုက်​တာ​က ဘာသာ​သာသနာ​တင်စော်​ကား​တာ မဟုတ်​ဘူး။ ဗုဒ္ဓ​ဘာသာ​ဖြစ်​တဲ့ နိုင်ငံ​ပါစော်​ကား​တာ​ပဲ။ သူ​တို့​ကို ပုဒ်မ ၂​၉​၅ (က)နဲ့ တရားစွဲဆို​တာ မ​လုံလောက်​သေး​ပါ​ဘူး။ အဲ​ဒါ ကြောင့် တရားရုံး​က ဘာ​တွေ​ဆက်​လုပ်​မ​လဲဆို​တာ စောင့်​ကြည့်​ဖို့ လာ​တာ​ပါ’’ ဟု မျိုး​ချစ်​မြန်မာ ရ​ဟန်းတော်​များ​သမဂ္ဂ​မှ ဆရာ တော် ဦး​သု​စိတ္တ​က မိန့်​သည်။

ရုံး​ထုတ်​စစ်ဆေး​ချိန်​တွင် ရဲ တပ်ဖွဲ့​အင်အား ၃​၀ ခန့်​စောင့်ကြပ်​သည်​ကို တွေ့​မြင်​ခဲ့​ရ​သည်။

ဒီဇင်ဘာ ၁​၀ ရက်​ညနေ​တွင်​ဘုရား​ပုံ​ဖြင့် ကြော်ငြာ​သော အဆို ပါ​ဆိုင်​ကို ဗ​ဟန်း​မြို့​နယ် ရဲ​တပ်ဖွဲ့ က ယာယီ​ပိတ်​ထား​လိုက်​ပြီး မြန် မာ​နိုင်ငံသား​နှစ်​ဦး​ဖြစ်​သော ဆိုင် ပိုင်​ရှင်၊ မန်နေဂျာ​နှင့် ဘုရား​ပုံ​ကို လူ​မှု​ကွန်ရက်​၌​တင်​ပြီး ကြော်ငြာ ခဲ့​သည့် ဆိုင်​အထွေ​ထွေ​မန်နေဂျာ န​ယူး​ဇီ​လန်​နိုင်ငံသား​တို့ သုံး​ဦး​ကို ဖမ်းဆီး​၍ သာ​သ​နာတော်​ညှိုးနွမ်း စေ​မှု ပုဒ်မ ၂​၉​၅၊ ၂​၉​၅ (က)ဖြင့် အရေးယူ​ခဲ့​ခြင်း ဖြစ်​သည်။

ဗုဒ္ဓ​ရုပ်​ပွားတော်​ကို မလျော်​ကန်​စွာ လူ​မှု​ကွန်ရက် စာ​မျက်နှာ​၌ ဖော်​ပြ​ခဲ့​ခြင်း​မှာ ဒေသန္တရ​အမိန့်​ဖောက်​ဖျက်​ကျူးလွန်​ခဲ့​ခြင်း​ဖြစ်​သ​ဖြင့် သာသနာ​ညှိုးနွမ်း စေ​မှု ပုဒ်မ​အပြင် ပြစ်​မှု​ဆိုင်​ရာ ဥပဒေ​ပုဒ်မ ၁​၈​၈ ဖြင့်​လည်း အမှု​ဖွင့်​အရေးယူ​ဆောင်ရွက်​လျက်​ရှိ​ပြီး အဆို​ပါ​ဆိုင်​ကို ချိပ်​ပိတ်​သိမ်းဆည်း​သွား​ရန် စီစဉ်​ဆောင်ရွက်​သွား​မည်​ဖြစ်​ကြောင်း ရန်ကုန်တိုင်း​ရဲ​တပ်ဖွဲ့​၏ ဖေ့စ်​ဘွတ်ခ်​စာ​တွင် ဖော်​ပြ​ထား​သည်။ ဒီဇင်ဘာ ၁​၁ ရက်​က ရုံး​ထုတ်​စစ်ဆေး​ရာ ပုဒ်မ ၂​၉​၅၊ ၂​၉​၅ (က)စ​သည့် ပုဒ်မ​နှစ်​ခု​ဖြင့် အမှု​ဖွင့် အရေးယူ ဆောင်ရွက် ထား​သည်​ဟု ဗ​ဟန်း​မြို့​နယ် တ ရား​သူကြီး​က ပြော​ကြား​သည်။ အ ဆို​ပါ​အမှု​ကို ဗ​ဟန်း​မြို့​နယ်​သာ​သ နာ​ရေး​စီး​ဦး​အရာရှိ၊ လူ​ဝင်​မှု​ကြီး ကြပ်​ရေး​ဦးစီး​ဌာန​မြို့​နယ်​ဦးစီး​မှူး ဦး​ရဲ​စိုး​မြင့်​က တရားလို​ပြုလုပ်​၍ အမှု​ဖွင့်​ထား​ခြင်း​ဖြစ်​သည်။

Credit to 7Day Daily