မင်း​မျက်လုံး​တွေ​ကို ကိုယ်​ရင်​မ​ဆိုင်​ရဲ​ဘူး​ကလေး​ရယ်။ 〜〜〜〜〜〜〜〜
ကမ္ဘာ​တစ်​လွှား​က အင်​တာ​နက်​လောက​မှာ စိတ်​ထိခိုက်​ကြေကွဲ​ခဲ့​ရ​တဲ့ ပုံ​ကလေး​ပါ။ ဒီ​ပုံ​ကို​ကြည့်​ပြီး ငို​သူ​တွေ ငို​ကြ​တ​ယ​္။

ဆီး​ရီး​ယား ဒုက္ခ​သည်​စခန်း​တစ်​ခု​က လေး​နှစ်​သမီး​လေး Hudea ကို တူရကီ သတင်းစာဆရာ Osman Sağırl က တယ်​လီ​ဖို​တို တပ်​ထား​တဲ့ ကင်​မ​ရာ​နဲ့ ဓာတ်​ပုံ​ရိုက်​ဖို့ ချိန်​လိုက်​တော့ ကလေး​မ​လေး​က ကြောက်​စရာ သေ​နတ်​ကြီး ထင်မှတ်​ပြီး လက်​မြှောက်​လိုက်​ရှာ​တယ်။ စစ်​ပွဲ​ကြား​က ဒီ​ကလေး​ငယ်​ဟာ ထွက်ပြေး​ရင်၊ လက်မ​မြှောက်​ရင် သူ့​ခန္ဓာ​ကိုယ် သေး⁠သေး​ကလေး ကျည်​ဗ​ရ​ပွ ဖြစ်​သွား​နိုင်​တယ်​ဆို​တဲ့ ခါး​သည်း​တဲ့ သင်​ခန်း​စာ​ကို. အရွယ်​နဲ့​မ​မျှ သိ​နေ​ရှာ​တယ်။

သေ​နတ်​ပြောင်း​ကြီး​လို့ သူ​ထင်​လိုက်​တဲ့ တယ်​လီ​ဖို​တို ပြောင်း​ဝ​ကို ကြည့်​ရင်း တင်း⁠တင်း​စေ့​ထား​တဲ့ နှုတ်ခမ်း​လေး​တွေ​ဟာ အသံ​မဲ့ စကား​အခွန်း​ပေါင်း​များ​စွာ ကမ္ဘာ​ကြီး​ကို ပြော​သွား​ခဲ့​တယ်။

တူရကီ နယ်စပ်​နား​က Atmeh ဒုက္ခ​သည်​စခန်း​မှာ ၂​၀​၁​၄ ဒီဇင်ဘာ​က ရိုက်​ယူခဲ့​တဲ့ ဓာတ်​ပုံ ဖြစ်​ပါ​တယ်။ ဖ​တ​ဆိုး ကလေး​မ​လေး​ဟာ ဒုက္ခ​သည်​စခန်း​မှာ သူ့​အမေနဲ့ မောင်​နှမ​တွေ​နဲ့ နေ​ပြီး သူ့​ဖ​ခင်​က ၂​၀​၁​၂ Hama လူသတ်​ပွဲ​မှာ အသတ်​ခံ​ခဲ့​ရ​ပါ​တယ်။

Credit: Mya Kyay Mon